ပထမဆံုး ခ်ိန္းေတြ႕တဲ့ေန႔မွာ အမ်ိဳးသားဘက္က ကုန္က်ေငြ မၽွခံဖို႔ေျပာလို႔ လက္ဖက္ရည္နဲ႔ ေလာင္းခ်လိုက္တဲ့ အမ်ိဳးသမီး

0
1521

(For Zawgyi)

တစ္စံုတစ္ေယာက္ကို သင့္ေလ်ာ္တဲ့ အခ်ိန္မွာ ေတြ႕ႏိုင္ဖို႔က ခက္ခဲပါတယ္။ တစ္ခါမွ မျမင္ဖူးတဲ့သူ ႏွစ္ေယာက္ကို ဆံုေပးဖို႔ ဆိုရင္ သေဘာေကာင္းတဲ့ သူငယ္ခ်င္းေတြ ဒါမွမဟုတ္ မိသားစုဝင္ေတြက စီစဥ္ေပးမွ ျဖစ္မွာပါ။

သမီး ရည္းစားေတြ ခ်ိန္းေတြ႕ရင္ အမ်ိဳးသမီးေတြ ဘက္ကပဲ ကုန္က်စရိတ္ ခံတာ ထံုးစံပါ။ အဲဒီလို ထံုးစံေတြ ထြန္းကားေနတဲ့ ၾကားထဲမွာမွ အမ်ိဳးသမီး အမ်ားစုက ကုန္က်စရိတ္ေတြကို မၽွခံခ်င္ၾကပါတယ္။ တခ်ိဳ႕ အမ်ဳိးသမီးေတြဆိုရင္ ကုန္က်စရိတ္ အကုန္လံုးကိုေတာင္ အမ်ိဳးသားေတြ အစား ရွင္းခ်င္ၾကတာပါ။ (ႏွစ္ေယာက္သား အဆင္ေျပေနေသးတဲ့ အခ်ိန္ပဲေနာ္)

အသက္ 29 ႏွစ္အရြယ္ Xiao Wang က တရုတ္ႏိုင္ငံ၊ Chengdu ၿမိဳ႕မွာ အလုပ္လုပ္ပါတယ္။ ဒါေပမယ့္ မျမင္ဖူးေသးတဲ့ အမ်ိဳးသမီး တစ္ေယာက္နဲ႔ ေတြ႕ဆံုဖို႔ Hubei စီရင္စုမွာရွိတဲ့ သူ႔ရဲ႕ဇာတိၿမိဳ႕ကို ျပန္ဖို႔ ဆံုးျဖတ္လုိက္ပါတယ္။ Wang ရဲ႕ မိသားစုက လက္ထပ္ဖို႔ တိုက္တြန္းေနပါၿပီ။

ဒါေၾကာင့္ Wang က သူတစ္ခါမွ မျမင္ဖူးေသးတဲ့ Xiao Shu ဆိုတဲ့ အမ်ိဳးသမီးနဲ႔ ေတြ႕ဆံုဖို႔ သေဘာတူလိုက္ပါတယ္။ 2019 ခုႏွစ္ ဇန္နဝါရီလ 15 ရက္ေန႔မွာ Wang က အလုပ္က ခြင့္ယူၿပီး Hubei စီရင္စုကို ျပန္လာပါတယ္။ အဲဒီေနာက္မွာေတာ့ Shu နဲ႔ ပန္းျခံတစ္ျခံမွာ မနက္ခင္းပိုင္း ေတြ႕ၾကပါတယ္။

ေတြ႕ၿပီး စကားေျပာၾကတဲ့ ခဏမွာ Wang က သူတို႔ႏွစ္ေယာက္ အဆင္မေျပႏိုင္ေလာက္ဘူး လို႔ ခံစား လာရပါတယ္။ သူတို႔ႏွစ္ေယာက္ ေတြ႕လာတာ ေန႔လယ္စာ စားခ်ိန္ေတာင္ ေရာက္ေနၿပီ ဆုိေတာ့ ပန္းျခံနားက စားေသာက္ဆိုင္ တစ္ဆိုင္မွာ ေဟာ့ေပါ့စားဖို႔ Wangက Shu ကို ေလာကဝတ္ ျပဳလိုက္ပါတယ္။

မစားခင္မွာ သူတို႔ အဆင္မေျပေလာက္ဘူး ဆိုတဲ့အေၾကာင္း Wangက Shu ကို ေျပာျပလုိက္ပါေတာ့တယ္။ Shu လည္း အတူတူပါပဲ ဆိုေတာ့ Wang အံ့အားသင့္သြားပါေတာ့တယ္။ သူတို႔ စားေနရင္းတစ္ဝက္ေလာက္ ေရာက္ေတာ့ Shu ကို သူမရဲ႕ သူငယ္ခ်င္းေတြက ဖုန္းဆက္လာပါတယ္။ Shu က သူငယ္ခ်င္းေတြကို သူမနဲ႔အတူ ေန႔လယ္စာလာစားဖို႔ ေခၚလိုက္ပါတယ္။

” Shu ကၽြန္ေတာ့္ကို ဘာမွ မေမးဘဲနဲ႔ သူ႔သူငယ္ခ်င္းေတြကို လွမ္းေခၚလိုက္တယ္ေလ ” လို႔ Wang က ေျပာပါတယ္။(အနည္းဆံုးေတာ့ ရည္းစားနဲ႔ ေတြ႕ရင္ တစ္ေယာက္ကို တစ္ေယာက္ ယဥ္ယဥ္ေက်းေက်း၊ ေလးေလးစားစား ရွိသင့္ပါတယ္ေနာ္)

Wang နဲ႔ Shu က သူငယ္ခ်င္းေတြ မလာခင္ကတည္းက အစားအစာေတြကို အမ်ားႀကီး မွာထားၿပီးသားပါ။ ဒါေပမယ့္ Shu ရဲ႕သူငယ္ခ်င္းႏွစ္ေယာက္ ေရာက္လာတဲ့အခါ Shu အစားအစာေတြကို ထပ္မွာ လုိက္ပါေသးတယ္။ သူငယ္ခ်င္းေတြ ေရာက္ခါေတာ့ Shu က Wang ကို လံုးဝ ဂရုမစိုက္ေတာ့ဘဲ သူငယ္ခ်င္းေတြနဲ႔ပဲ စကားေျပာ ေနပါေတာ့တယ္။

Shu ရဲ႕ အျပဳအမူက Wang အတြက္ေတာ့ ေစာ္ကား ခံလုိက္ရသလိုပါပဲ။ ေနာက္ဆံုးေတာ့ ေငြရွင္းဖို႔အခ်ိန္ က်ေရာက္လုိ႔ လာပါၿပီ။ Shu က သူ႔သူငယ္ခ်င္းေတြကို လွမ္းေခၚလိုက္လို႔ ကုန္က်ေငြကို မၽွခံၾကရမယ္လို႔ Wang က ယူဆပါတယ္။ ဒါေပမယ့္ Shu က ေဒါသထြက္ၿပီး Wang ကို ကပ္စီးနည္းတယ္ လို႔ ေျပာလိုက္ပါတယ္။

သူတို႔ စကားမ်ားၾကပါၿပီ။ အဲဒီေနာက္မွာေတာ့ Shu က လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္ၿပီး Wang အေပၚ ေလာင္းခ်လိုက္ပါတယ္။ ကံေကာင္းသြားတာက လက္ဖက္ရည္ ေအးေနပါၿပီ။ ဆိုင္ဝန္ထမ္းက ဒီကိစၥကို ဖ်န္ေျဖေပးဖို႔ မန္ေနဂ်ာကို ျမန္ျမန္ေခၚ လိုက္ရပါေတာ့တယ္။ မန္ေနဂ်ာက ေျပလည္ေအာင္ေျပာလို႔ အၿပီးမွာေတာ့ သူတို႔ႏွစ္ဖက္ က်သင့္ေငြကို မၽွခံဖို႔ သေဘာတူ လိုက္ၾကပါတယ္။

” Shu နဲ႔ သူငယ္ခ်င္းေတြက သံုးေယာက္ စားၿပီး တစ္ဝက္ဖိုးပဲ ရွင္းရတယ္။ Wang က တစ္ေယာက္တည္းစားၿပီး တစ္ဝက္ဖိုးေတာင္ ရွင္းရတယ္။ Wang အတြက္ မမၽွတဘူး” ဆိုၿပီး အင္တာနက္ သံုးစြဲသူ အခ်ိဳ႕က မေက်နပ္ၾကပါဘူး။

Zombie(Loveအတိုအစေလးမ်ား)
Source- World of Buzz

(For Unicode)

ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ အမျိုးသားဘက်က ကုန်ကျငွေ မျှခံဖို့ပြောလို့ လက်ဖက်ရည်နဲ့ လောင်းချလိုက်တဲ့ အမျိုးသမီး

တစ်စုံတစ်ယောက်ကို သင့်လျော်တဲ့ အချိန်မှာ တွေ့နိုင်ဖို့က ခက်ခဲပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့သူ နှစ်ယောက်ကို ဆုံပေးဖို့ ဆိုရင် သဘောကောင်းတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေက စီစဉ်ပေးမှ ဖြစ်မှာပါ။

သမီး ရည်းစားတွေ ချိန်းတွေ့ရင် အမျိုးသမီးတွေ ဘက်ကပဲ ကုန်ကျစရိတ် ခံတာ ထုံးစံပါ။ အဲဒီလို ထုံးစံတွေ ထွန်းကားနေတဲ့ ကြားထဲမှာမှ အမျိုးသမီး အများစုက ကုန်ကျစရိတ်တွေကို မျှခံချင်ကြပါတယ်။ တချို့ အမျိုးသမီးတွေဆိုရင် ကုန်ကျစရိတ် အကုန်လုံးကိုတောင် အမျိုးသားတွေ အစား ရှင်းချင်ကြတာပါ။ (နှစ်ယောက်သား အဆင်ပြေနေသေးတဲ့ အချိန်ပဲနော်)

အသက် 29 နှစ်အရွယ် Xiao Wang က တရုတ်နိုင်ငံ၊ Chengdu မြို့မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် မမြင်ဖူးသေးတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံဖို့ Hubei စီရင်စုမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Wang ရဲ့ မိသားစုက လက်ထပ်ဖို့ တိုက်တွန်းနေပါပြီ။

ဒါကြောင့် Wang က သူတစ်ခါမှ မမြင်ဖူးသေးတဲ့ Xiao Shu ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပါတယ်။ 2019 ခုနှစ် ဇန်နဝါရီလ 15 ရက်နေ့မှာ Wang က အလုပ်က ခွင့်ယူပြီး Hubei စီရင်စုကို ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ Shu နဲ့ ပန်းခြံတစ်ခြံမှာ မနက်ခင်းပိုင်း တွေ့ကြပါတယ်။

တွေ့ပြီး စကားပြောကြတဲ့ ခဏမှာ Wang က သူတို့နှစ်ယောက် အဆင်မပြေနိုင်လောက်ဘူး လို့ ခံစား လာရပါတယ်။ သူတို့နှစ်ယောက် တွေ့လာတာ နေ့လယ်စာ စားချိန်တောင် ရောက်နေပြီ ဆိုတော့ ပန်းခြံနားက စားသောက်ဆိုင် တစ်ဆိုင်မှာ ဟော့ပေါ့စားဖို့ Wangက Shu ကို လောကဝတ် ပြုလိုက်ပါတယ်။

မစားခင်မှာ သူတို့ အဆင်မပြေလောက်ဘူး ဆိုတဲ့အကြောင်း Wangက Shu ကို ပြောပြလိုက်ပါတော့တယ်။ Shu လည်း အတူတူပါပဲ ဆိုတော့ Wang အံ့အားသင့်သွားပါတော့တယ်။ သူတို့ စားနေရင်းတစ်ဝက်လောက် ရောက်တော့ Shu ကို သူမရဲ့ သူငယ်ချင်းတွေက ဖုန်းဆက်လာပါတယ်။ Shu က သူငယ်ချင်းတွေကို သူမနဲ့အတူ နေ့လယ်စာလာစားဖို့ ခေါ်လိုက်ပါတယ်။

” Shu ကျွန်တော့်ကို ဘာမှ မမေးဘဲနဲ့ သူ့သူငယ်ချင်းတွေကို လှမ်းခေါ်လိုက်တယ်လေ ” လို့ Wang က ပြောပါတယ်။(အနည်းဆုံးတော့ ရည်းစားနဲ့ တွေ့ရင် တစ်ယောက်ကို တစ်ယောက် ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ရှိသင့်ပါတယ်နော်)

Wang နဲ့ Shu က သူငယ်ချင်းတွေ မလာခင်ကတည်းက အစားအစာတွေကို အများကြီး မှာထားပြီးသားပါ။ ဒါပေမယ့် Shu ရဲ့သူငယ်ချင်းနှစ်ယောက် ရောက်လာတဲ့အခါ Shu အစားအစာတွေကို ထပ်မှာ လိုက်ပါသေးတယ်။ သူငယ်ချင်းတွေ ရောက်ခါတော့ Shu က Wang ကို လုံးဝ ဂရုမစိုက်တော့ဘဲ သူငယ်ချင်းတွေနဲ့ပဲ စကားပြော နေပါတော့တယ်။

Shu ရဲ့ အပြုအမူက Wang အတွက်တော့ စော်ကား ခံလိုက်ရသလိုပါပဲ။ နောက်ဆုံးတော့ ငွေရှင်းဖို့အချိန် ကျရောက်လို့ လာပါပြီ။ Shu က သူ့သူငယ်ချင်းတွေကို လှမ်းခေါ်လိုက်လို့ ကုန်ကျငွေကို မျှခံကြရမယ်လို့ Wang က ယူဆပါတယ်။ ဒါပေမယ့် Shu က ဒေါသထွက်ပြီး Wang ကို ကပ်စီးနည်းတယ် လို့ ပြောလိုက်ပါတယ်။

သူတို့ စကားများကြပါပြီ။ အဲဒီနောက်မှာတော့ Shu က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး Wang အပေါ် လောင်းချလိုက်ပါတယ်။ ကံကောင်းသွားတာက လက်ဖက်ရည် အေးနေပါပြီ။ ဆိုင်ဝန်ထမ်းက ဒီကိစ္စကို ဖျန်ဖြေပေးဖို့ မန်နေဂျာကို မြန်မြန်ခေါ် လိုက်ရပါတော့တယ်။ မန်နေဂျာက ပြေလည်အောင်ပြောလို့ အပြီးမှာတော့ သူတို့နှစ်ဖက် ကျသင့်ငွေကို မျှခံဖို့ သဘောတူ လိုက်ကြပါတယ်။

” Shu နဲ့ သူငယ်ချင်းတွေက သုံးယောက် စားပြီး တစ်ဝက်ဖိုးပဲ ရှင်းရတယ်။ Wang က တစ်ယောက်တည်းစားပြီး တစ်ဝက်ဖိုးတောင် ရှင်းရတယ်။ Wang အတွက် မမျှတဘူး” ဆိုပြီး အင်တာနက် သုံးစွဲသူ အချို့က မကျေနပ်ကြပါဘူး။

Zombie(Loveအတိုအစလေးများ)
Source- World of Buzz