ေဝဖန္မႈေတြ မ်ားေနတဲ့ ဝတ္စံု နဲ႔ ဖိနပ္ ကိစၥ ေျဖရွင္းလိုက္တဲ့ လကၤာဒီပ ျပဇာတ္ဒီဇိုင္နာ Shilar

0
558

(Zawgyi)

ေဝဖန္မႈေတြ မ်ားေနတဲ့ ဝတ္စံု နဲ႔ ဖိနပ္ ကိစၥ ေျဖရွင္းလိုက္တဲ့ လကၤာဒီပ ျပဇာတ္ဒီဇိုင္နာ Shilar

လတ္တေလာ Social Media ေတြေပၚ ေရပန္းစားေန တာကေတာ့ မၾကာေသးမီက မႏၱေလးၿမိဳ႔မွာ ျပဇာတ္အျဖစ္ ကျပ ေဖ်ာ္ေျဖသြားတဲ့ လကၤာဒီပခ်စ္သူ ျပဇာတ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ ျဖစ္ပါတယ္ ။ အဓိကကေတာ့ ျပဇာတ္မွာ ဝတ္ျပေဖ်ာ္ေျဖသြားတဲ့ ဖက္ရွင္နဲ႔ ပတ္သက္ျပီး ေတာ္ေတာ္ေလးကို ေဝဖန္ ခံေနရတာ ျဖစ္ျပီး အေဝဖန္ ခံရဆံုးကေတာ့ ဝတ္စံုေတြကို ဖန္တီးတဲ့ ဒီဇိုင္နာပဲ ျဖစ္ပါတယ္။ ယင္းအဝတ္အစားေတြကို ဖန္တီးတဲ့ ဒီဇိုင္နာကေတာ့ Shilar ျဖစ္ျပီး ဒီကိစၥနဲ႔ ပတ္သက္ျပီး ျပန္လည္ေျဖရွင္းထားတာ ျဖစ္ပါတယ္။

 

ဒီဇိုင္နာ Shilar ကေတာ့ လကၤာဒီပခ်စ္သူ ျပဇာတ္နဲ႔ ပတ္သက္ျပီး “ လကၤာဒီပ ခ်စ္သူျပဇာတ္မွာ ကြ်န္ေတာ္ ဖန္တီးေပးထားတဲ့ ဝတ္စံုနဲ႔ ပတ္သက္ျပီး ေဝဖန္ေနၾကတဲ့ သူေတြကို သိေအာင္ ကြ်န္ေတာ္ကေတာ့ ဒီဇိုင္နာ Shilar ပါ ”

တိုင္ရြန္ဖိနပ္နဲ႔ ပတ္သက္ျပီး ေဝဖန္ခံေနရတာနဲ႔ ပတ္သက္ျပီး “ ကြ်န္ေတာ္ဒီဝတ္စံုေတြကို တာဝန္ယူလိုက္ကတည္းက ဖိနပ္ပိုင္းကို တာဝန္ မယူထားပါဘူး။ ဘာလို႔ တာဝန္မယူလဲ ဆိုေတာ့ ကြ်န္ေတာ္ ၅ ရက္ ဆိုတဲ့ အတိုင္းအတာမွာ အက်ီၤေတြကို ျပီးေအာင္ လုပ္ရေတာ့မယ္ေလ ။ အဲ့ေတာ့ ဖိနပ္နဲ႔ ပတ္သက္ျပီးေတာ့လည္း သူတိ႔ုကို ဖိနပ္ မလုပ္ေပးႏိုင္ရင္ သူတို႔ ေျခဗလာနဲ႔ ကရေတာ့မယ္ ။

 

ဒါေၾကာင့္ အနီးစပ္ဆံုး တူညီတဲ့ဟာ နဲ႔ စီစဥ္ရေတာ့မယ္ ။ ျပီးေတာ့ အစြတ္ ဖိနပ္ေလးေတြ ကိုပဲ ဝယ္လိုက္တယ္ ။ ျပီးေတာ့ ေရႊေရာင္ေဆး မႈတ္တယ္ ။ ဒါက အပြင့္လင္းဆံုး ေျပာျပတာ ။ အဲ့ဒါနဲ႔ ညီေလးတိုင္ရြန္က ဘာျဖစ္လဲ ဆိုေတာ့ သူနဲ႔ ဖိနပ္က ဆိုဒ္ေသးေနေတာ့ သူက စီးရတာ အဆင္မေျပဘူး လို႔ ေျပာပါတယ္။ အဲ့ဒီမွာသူက ဒီဖိနပ္ေလးစီးမယ္ လို႔ ေျပာလာတယ္ ။

အဲ့ဒါနဲ႔ ကြ်န္ေတာ္လည္း အဆင္ေျပရင္ေတာ့ စီးလို႔ရမယ္ ထင္တယ္ေပါ့ ။ တျခားသူေတြကို ေမးလိုက္ပါဦး အဆင္ေျပရင္ စီးလို႔ ေျပာျပီး သူက အဲ့ဖိနပ္ေလးကို ေဆးမႈတ္ျပီးေတာ့ စီးလိုက္တယ္ ။ အဲ့မွာကေန ျပသာနာက စတာပါပဲ ။

လိုက္ေလ်ာ ညီေထြစြာ ရွိတဲ့ ဖိနပ္နဲ႔ လိုက္ေလ်ာညီေထြမႈ မရွိတဲ့ အရာ ကြာသြားတာေပါ့ ။ အဲ့ဒါသည္ ကြ်န္ေတာ္ ဆင္ေပးတာ မဟုတ္ပါဘူး။ ညီေလးတိုင္ရြန္က ဒါေလး စီးခ်င္ပါတယ္ ဆိုျပီး စီးရတဲ့ အတြက္ ျပသာနာျဖစ္ပါတယ္။ က်န္တဲ့လူေတြကေတာ့ ကြ်န္ေတာ္ စီစဥ္ေပးတဲ့ အတိုင္း ဖိနပ္ ဝတ္ထားေတာ့ ဘာျပသာနာမွ မျဖစ္ခဲ့ပါဘူး ။ ဒီတခ်က္ကေတာ့ အားနည္းခ်က္ေတာ့ ရွိသြားပါတယ္ ”

ဝတ္စံုတစံု အတြက္ ကုန္က်စရိတ္ ဘယ္ေလာက္ သံုးထားလဲ ဆိုတဲ့ အေပၚ “ ဒါကေတာ့ မေျပာခ်င္ပါဘူး ။ ကတၱီပါ တကိုက္ ဘယ္ေလာက္လဲ ဆိုတာ လူတိုင္းသိတယ္ ။ အဓိကကေတာ့ ကတၱီပါရဲ့ ေစ်းကိုၾကည့္ျပီး သတ္မွတ္တာ မဟုတ္ပါဘူး ။ ခ်ဳပ္လုပ္တဲ့ ဒီဇိုင္နာရဲ့ လက္ရာေျပာင္ေျမာက္ရင္ေတာ့ ၁ ေထာင္တန္လည္း ၁ သိန္းတန္ ျဖစ္သြားမွာပါ ။

ဒါေၾကာင့္ ေစ်းႏႈန္းကေတာ့ သတ္မွတ္ထားလို႔မရပါဘူး ။ အဲ့လို ေစ်းႏႈန္း သတ္မွတ္ထားတဲ့ သူေတြက သူတို႔ ပမာဏက အဲ့ေလာက္ပဲ ရွိတယ္လို႔ ကြ်န္ေတာ္ကေတာ့ ထင္ပါတယ္ ။ ကြ်န္ေတာ္ ဘယ္ေလာက္တန္ပဲ သံုးေန သံုးေန ဒီလိုေအာင္ျမင္တဲ့ ျပဇာတ္ၾကီး တခုကို ဖန္တီးႏိုင္တယ္ ဆိုကတည္းက ကိုယ့္အရည္ခ်င္း ရွိလို႔သာလွ်င္ ပရိုဂ်ဳဆာ လက္ခံတာ၊ ဒါရိုက္တာ လက္ခံတာ၊ မင္းသားမင္းသမီးေတြ လက္ခံတာ၊ လူတိုင္းကေတာ့ လက္ခံမွာ မဟုတ္ပါဘူး။ စက္ခ်ဳပ္တာကေတာ့ လူတိုင္း ခ်ဳပ္ႏိုင္ပါတယ္။ အိုင္ဒီယာကေတာ့ လူတိုင္း မထြက္ႏိုင္ပါဘူး။ ကြ်န္ေတာ္တို႔သည္ ၅ ရက္ အတြင္း ဒီလိုဝတ္စံုေတြကို ဒီလိုမ်ိဳး ပုံစံေတြကို ဖန္တီးတယ္။

ကြ်န္ေတာ္တို႔ကေတာ့ စိတ္ကူးယဥ္ ဝတ္စံုလိုမ်ိဳး ခ်ဳပ္ရတဲ့အခါ ဖန္တီးရတာ လြယ္တယ္လို႔ ေျပာေနတဲ့သူေတြ သူတို႔ကိုယ္တိုင္ကို ဖန္တီးေစခ်င္ ပါတယ္။ ကြ်န္ေတာ္သည္ လမ္းေဘး စက္ခ်ဳပ္ေနတဲ့ သူလည္း မဟုတ္ပါဘူး ။ ကြ်န္ေတာ္နာမည္နဲ႔ ကြ်န္ေတာ္ရွိျပီး ႏိုင္ငံေပါင္း ၈၀ ေက်ာ္မွာလည္း ဆုေတြ ရထားတာ လူေတာ္ေတာ္မ်ားမ်ား အသိပါ ။

ကြ်န္ေတာ္ ဒီဇိုင္နာ တေယာက္အျဖစ္ ရပ္တည္တာ ၁၄ ႏွစ္ေလာက္ ရွိေနပါျပီ။ ျမန္မာလူမ်ိဳးေတြရဲ့ အက်င့္က ေျပာစရာ မရွိရင္ ဆီယို အေပါက္ ရွာျပီး ေျပာတတ္တာ သဘာဝပဲ ။ ကြ်န္ေတာ္ကလည္း ဒီထဲပါဝင္ ပတ္သက္မိေတာ့ အေျပာခံရမွာ ပဲေလ ။ ကြ်န္ေတာ့္ကို ေဝဖန္တဲ့ သူေတြေရာ မေဝဖန္တဲ့သူေတြေရာ ေက်းဇူးတင္ပါတယ္ ။ ဒါကလည္း ေအာင္ျမင္ျခင္းလား၊ ခ်ီးက်ဴးျခင္းလား၊ ကဲ့ရဲ႕ျခင္းလား ေတာ့ မသိပါဘူး ။ အဓိကကေတာ့ ကြ်န္ေတာ့္ကို စိတ္ဝင္စားလို႔ ေျပာတယ္လို႔ပဲ ထင္ပါတယ္ဗ်ာ ” ဟု ေျပာၾကားသြား ခဲ့ပါတယ္ ။

CRD

(Unicode)

ဝေဖန်မှုတွေ များနေတဲ့ ဝတ်စုံ နဲ့ ဖိနပ် ကိစ္စ ဖြေရှင်းလိုက်တဲ့ လင်္ကာဒီပ ပြဇာတ်ဒီဇိုင်နာ Shilar

လတ်တလော Social Media တွေပေါ် ရေပန်းစားနေ တာကတော့ မကြာသေးမီက မန္တလေးမြို့မှာ ပြဇာတ်အဖြစ် ကပြ ဖျော်ဖြေသွားတဲ့ လင်္ကာဒီပချစ်သူ ပြဇာတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဖြစ်ပါတယ် ။ အဓိကကတော့ ပြဇာတ်မှာ ဝတ်ပြဖျော်ဖြေသွားတဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တော်တော်လေးကို ဝေဖန် ခံနေရတာ ဖြစ်ပြီး အဝေဖန် ခံရဆုံးကတော့ ဝတ်စုံတွေကို ဖန်တီးတဲ့ ဒီဇိုင်နာပဲ ဖြစ်ပါတယ်။ ယင်းအဝတ်အစားတွေကို ဖန်တီးတဲ့ ဒီဇိုင်နာကတော့ Shilar ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

ဒီဇိုင်နာ Shilar ကတော့ လင်္ကာဒီပချစ်သူ ပြဇာတ်နဲ့ ပတ်သက်ပြီး “ လင်္ကာဒီပ ချစ်သူပြဇာတ်မှာ ကျွန်တော် ဖန်တီးပေးထားတဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့ သူတွေကို သိအောင် ကျွန်တော်ကတော့ ဒီဇိုင်နာ Shilar ပါ ”

တိုင်ရွန်ဖိနပ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး “ ကျွန်တော်ဒီဝတ်စုံတွေကို တာဝန်ယူလိုက်ကတည်းက ဖိနပ်ပိုင်းကို တာဝန် မယူထားပါဘူး။ ဘာလို့ တာဝန်မယူလဲ ဆိုတော့ ကျွန်တော် ၅ ရက် ဆိုတဲ့ အတိုင်းအတာမှာ အကျီၤတွေကို ပြီးအောင် လုပ်ရတော့မယ်လေ ။ အဲ့တော့ ဖိနပ်နဲ့ ပတ်သက်ပြီးတော့လည်း သူတိ့ုကို ဖိနပ် မလုပ်ပေးနိုင်ရင် သူတို့ ခြေဗလာနဲ့ ကရတော့မယ် ။

ဒါကြောင့် အနီးစပ်ဆုံး တူညီတဲ့ဟာ နဲ့ စီစဉ်ရတော့မယ် ။ ပြီးတော့ အစွတ် ဖိနပ်လေးတွေ ကိုပဲ ဝယ်လိုက်တယ် ။ ပြီးတော့ ရွှေရောင်ဆေး မှုတ်တယ် ။ ဒါက အပွင့်လင်းဆုံး ပြောပြတာ ။ အဲ့ဒါနဲ့ ညီလေးတိုင်ရွန်က ဘာဖြစ်လဲ ဆိုတော့ သူနဲ့ ဖိနပ်က ဆိုဒ်သေးနေတော့ သူက စီးရတာ အဆင်မပြေဘူး လို့ ပြောပါတယ်။ အဲ့ဒီမှာသူက ဒီဖိနပ်လေးစီးမယ် လို့ ပြောလာတယ် ။

အဲ့ဒါနဲ့ ကျွန်တော်လည်း အဆင်ပြေရင်တော့ စီးလို့ရမယ် ထင်တယ်ပေါ့ ။ တခြားသူတွေကို မေးလိုက်ပါဦး အဆင်ပြေရင် စီးလို့ ပြောပြီး သူက အဲ့ဖိနပ်လေးကို ဆေးမှုတ်ပြီးတော့ စီးလိုက်တယ် ။ အဲ့မှာကနေ ပြသာနာက စတာပါပဲ ။

လိုက်လျော ညီထွေစွာ ရှိတဲ့ ဖိနပ်နဲ့ လိုက်လျောညီထွေမှု မရှိတဲ့ အရာ ကွာသွားတာပေါ့ ။ အဲ့ဒါသည် ကျွန်တော် ဆင်ပေးတာ မဟုတ်ပါဘူး။ ညီလေးတိုင်ရွန်က ဒါလေး စီးချင်ပါတယ် ဆိုပြီး စီးရတဲ့ အတွက် ပြသာနာဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ ကျွန်တော် စီစဉ်ပေးတဲ့ အတိုင်း ဖိနပ် ဝတ်ထားတော့ ဘာပြသာနာမှ မဖြစ်ခဲ့ပါဘူး ။ ဒီတချက်ကတော့ အားနည်းချက်တော့ ရှိသွားပါတယ် ”

ဝတ်စုံတစုံ အတွက် ကုန်ကျစရိတ် ဘယ်လောက် သုံးထားလဲ ဆိုတဲ့ အပေါ် “ ဒါကတော့ မပြောချင်ပါဘူး ။ ကတ္တီပါ တကိုက် ဘယ်လောက်လဲ ဆိုတာ လူတိုင်းသိတယ် ။ အဓိကကတော့ ကတ္တီပါရဲ့ ဈေးကိုကြည့်ပြီး သတ်မှတ်တာ မဟုတ်ပါဘူး ။ ချုပ်လုပ်တဲ့ ဒီဇိုင်နာရဲ့ လက်ရာပြောင်မြောက်ရင်တော့ ၁ ထောင်တန်လည်း ၁ သိန်းတန် ဖြစ်သွားမှာပါ ။

ဒါကြောင့် ဈေးနှုန်းကတော့ သတ်မှတ်ထားလို့မရပါဘူး ။ အဲ့လို ဈေးနှုန်း သတ်မှတ်ထားတဲ့ သူတွေက သူတို့ ပမာဏက အဲ့လောက်ပဲ ရှိတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ။ ကျွန်တော် ဘယ်လောက်တန်ပဲ သုံးနေ သုံးနေ ဒီလိုအောင်မြင်တဲ့ ပြဇာတ်ကြီး တခုကို ဖန်တီးနိုင်တယ် ဆိုကတည်းက ကိုယ့်အရည်ချင်း ရှိလို့သာလျှင် ပရိုဂျုဆာ လက်ခံတာ၊ ဒါရိုက်တာ လက်ခံတာ၊ မင်းသားမင်းသမီးတွေ လက်ခံတာ၊ လူတိုင်းကတော့ လက်ခံမှာ မဟုတ်ပါဘူး။ စက်ချုပ်တာကတော့ လူတိုင်း ချုပ်နိုင်ပါတယ်။ အိုင်ဒီယာကတော့ လူတိုင်း မထွက်နိုင်ပါဘူး။ ကျွန်တော်တို့သည် ၅ ရက် အတွင်း ဒီလိုဝတ်စုံတွေကို ဒီလိုမျိုး ပုံစံတွေကို ဖန်တီးတယ်။

ကျွန်တော်တို့ကတော့ စိတ်ကူးယဉ် ဝတ်စုံလိုမျိုး ချုပ်ရတဲ့အခါ ဖန်တီးရတာ လွယ်တယ်လို့ ပြောနေတဲ့သူတွေ သူတို့ကိုယ်တိုင်ကို ဖန်တီးစေချင် ပါတယ်။ ကျွန်တော်သည် လမ်းဘေး စက်ချုပ်နေတဲ့ သူလည်း မဟုတ်ပါဘူး ။ ကျွန်တော်နာမည်နဲ့ ကျွန်တော်ရှိပြီး နိုင်ငံပေါင်း ၈၀ ကျော်မှာလည်း ဆုတွေ ရထားတာ လူတော်တော်များများ အသိပါ ။

ကျွန်တော် ဒီဇိုင်နာ တယောက်အဖြစ် ရပ်တည်တာ ၁၄ နှစ်လောက် ရှိနေပါပြီ။ မြန်မာလူမျိုးတွေရဲ့ အကျင့်က ပြောစရာ မရှိရင် ဆီယို အပေါက် ရှာပြီး ပြောတတ်တာ သဘာဝပဲ ။ ကျွန်တော်ကလည်း ဒီထဲပါဝင် ပတ်သက်မိတော့ အပြောခံရမှာ ပဲလေ ။ ကျွန်တော့်ကို ဝေဖန်တဲ့ သူတွေရော မဝေဖန်တဲ့သူတွေရော ကျေးဇူးတင်ပါတယ် ။ ဒါကလည်း အောင်မြင်ခြင်းလား၊ ချီးကျူးခြင်းလား၊ ကဲ့ရဲ့ခြင်းလား တော့ မသိပါဘူး ။ အဓိကကတော့ ကျွန်တော့်ကို စိတ်ဝင်စားလို့ ပြောတယ်လို့ပဲ ထင်ပါတယ်ဗျာ ” ဟု ပြောကြားသွား ခဲ့ပါတယ် ။

CRD