
0
232

( For Zawgyi )







Myanmarload

( For Unicode )

လွန်ခဲ့သောနှစ်တွေက ပုံလေးတွေနဲ့ Challenge လုပ်ပြလိုက်တဲ့ စိုး ညီအစ်မ၄ယောက်

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ အနုပညာရှင် ညီအစ်မတွေကတော့ စိုးညီအစ်မလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မ လေးယောက်ပဲဖြစ်ပါတယ်… 10YearChallenge လေးကတော့ လတ်တလော အနုပညာရှင်တွေနဲ့ ပရိသတ်တွေအပြင် လူမှုကွန်ယက်မှာ ရေပန်းစားနေပြီး ပြည်သူ့အချစ်တော် စိုးညီမတွေကလည်း ပရိသတ်တွေနဲ့ အတူတူ ပါဝင် ကစားထားကြတာလည်း တွေ့ရပါတယ်…

လွန်ခဲ့တဲ့ နှစ်တွေက ပုံရိပ်လေးတွေနဲ့ လက်ရှိ ပုံရိပ်လေးတွေကို နှိုင်းယှဉ်ပြထားတဲ့ ပုံလေးတွေ မျှဝေလိုက်တာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်… မကြီးစိုးက လွန်ခဲ့တဲ့ နှစ်(၃၀)က ပုံလေးနဲ့ Challenge လေး လုပ်ပြထားပြီး ဒါဒါကတော့ လွန်ခဲ့တဲ့ နှစ်(၂၀)က ပုံလေးနဲ့ နှိုင်းယှဉ် ပြထားသလို ဒီဒီးနဲ့ စိုးပြည့်လေးတို့ကလည်း 10YearChallenge လေးတွေနဲ့ အသီးသီး Challenge လေးတွေ ပြုလုပ်ထားကြတာပဲ ဖြစ်ပါတယ်…

ညီအစ်မတွေ ဆိုတဲ့အတိုင်း သူမတို့ ညီအစ်မလေးယောက်ရဲ့ လွန်ခဲ့တဲ့ နှစ်တွေက ဓာတ်ပုံ အဟောင်းလေးတွေက တော့အမွှာတွေလို့ ထင်ရလောက်အောင်ကို ရုပ်ချင်း ဆင်လွန်းလှတာကိုလည်း ပရိသတ်ကြီးများ မြင်တွေ့ရမှာပါနော်…

ယနေ့အချိန်ထိ မပြောင်းလဲပဲ ငယ်ရွယ် နုပျိုနေကြတဲ့ မကြီးစိုးနဲ့ ဒါဒါတို့အပြင် ချစ်စရာကောင်းလွန်းတဲ့စိုးပြည့်နဲ့ ဒီဒီးတို့ရဲ့Challenge ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်… ကြည့်ရှု့အားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်. . .

Soe Kyi Phyu၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်
Myanmarload