ရုပ္္ေခ်ာတဲ့ သူေတြကို အလကားေကၽြးတဲ့ စားေသာက္ဆုိင္

0
202

(Zawgyi)

ရုပ္္ေခ်ာတဲ့ သူေတြကို အလကားေကၽြးတဲ့ စားေသာက္ဆုိင္

တရုတ္ႏိုင္ငံက စားေသာက္ဆိုင္ တဆိုင္ဟာ ရုပ္ေခ်ာသူ ေတြကို အလကား ေကၽြးလ်က္ ရွိပါတယ္။

ဒီဆိုင္ဟာ လာေရာက္ စားေသာက္ သူေတြ ထဲက ရုပ္ေခ်ာသူ အေယာက္ ၅၀ ကို ေရြးခ်ယ္ၿပီး ေန႔စဥ္ အလကား ေကၽြးေနတာ ျဖစ္ပါတယ္။ ဆိုင္လာသူ ေတြဟာ ဆိုင္ထဲက စက္တခုမွာ မ်က္ႏွာကို စကင္ဖတ္ ရပါတယ္ ။

ပလတ္စတစ္ ဆာဂ်ရီ ေဆးရုံမွာ လုပ္တဲ့ အထူး ကၽြမ္းက်င္ သူေတြက မ်က္ႏွာ ေတြကို ၾကည့္ၿပီး ရုပ္ေခ်ာသူ ဟုတ္မဟုတ္ ဆံုးျဖတ္ေပး ပါတယ္ ။ ရုပ္ေခ်ာသူ ဆိုရင္ေတာ့ ထမင္း အလကား စားရမွာ ျဖစ္ပါတယ္ ။ ဒီဆိုင္ဟာ တရုတ္ႏိုင္ငံ အလယ္ပိုင္း ဟင္နန္ျပည္နယ္ က်င္က်ိဳးၿမိဳ႕က စားေသာက္ဆိုင္ တစ္ဆိုင္ ျဖစ္ပါတယ္။

ဒါေပမဲ့ လက္ရွိ ျပဳလုပ္ေနတဲ့ ရုပ္ေခ်ာသူ အလကားစား အစီအစဥ္ဟာ ဇန္နဝါရီ ၁၀ ရက္ ကေန ေဖေဖာ္ဝါရီ ၉ ရက္ေန႔ အထိပဲ လို႔ ဆိုပါတယ္ ။ ။

မူရင္း သတင္းအရင္းအျမစ္ ခရစ္ဒစ္ပါ

(Unicode)

ရုပ်ချောတဲ့ သူတွေကို အလကားကျွေးတဲ့ စားသောက်ဆိုင်

တရုတ်နိုင်ငံက စားသောက်ဆိုင် တဆိုင်ဟာ ရုပ်ချောသူ တွေကို အလကား ကျွေးလျက် ရှိပါတယ်။

ဒီဆိုင်ဟာ လာရောက် စားသောက် သူတွေ ထဲက ရုပ်ချောသူ အယောက် ၅၀ ကို ရွေးချယ်ပြီး နေ့စဉ် အလကား ကျွေးနေတာ ဖြစ်ပါတယ်။ ဆိုင်လာသူ တွေဟာ ဆိုင်ထဲက စက်တခုမှာ မျက်နှာကို စကင်ဖတ် ရပါတယ် ။

ပလတ်စတစ် ဆာဂျရီ ဆေးရုံမှာ လုပ်တဲ့ အထူး ကျွမ်းကျင် သူတွေက မျက်နှာ တွေကို ကြည့်ပြီး ရုပ်ချောသူ ဟုတ်မဟုတ် ဆုံးဖြတ်ပေး ပါတယ် ။ ရုပ်ချောသူ ဆိုရင်တော့ ထမင်း အလကား စားရမှာ ဖြစ်ပါတယ် ။ ဒီဆိုင်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟင်နန်ပြည်နယ် ကျင်ကျိုးမြို့က စားသောက်ဆိုင် တစ်ဆိုင် ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပြုလုပ်နေတဲ့ ရုပ်ချောသူ အလကားစား အစီအစဉ်ဟာ ဇန်နဝါရီ ၁၀ ရက် ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ အထိပဲ လို့ ဆိုပါတယ် ။ ။

မူရင်း သတင်းအရင်းအမြစ် ခရစ်ဒစ်ပါ