
0
152

(Zawgyi)









(Unicode)

မောင်ချောလေးရဲ့ မွေးနေ့မှာ ကြည်နူးစရာ အမှတ်တရ ပုံရိပ်လေးတွေနဲ့ တနေကုန် အနားမှာ အတူရှိနေပေးတဲ့ မိုးယုစံ

ပရိသတ်တွေကြီးရေ.. သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံ ကတော့ ဇန်နဝါရီ (၂၈) ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့မောင်ချောလေးရဲ့ မွေးနေ့လေးမှာ အတူ ကုသိုလ်လေးတွေ ပြုလုပ် ကုသိုလ်ယူခဲ့ ကြတာ တွေ့ရပါတယ်..။ ကြည်နူး ပျော်ရွှင်စရာ ကောင်းတဲ့ မောင်နှမ ဆက်ဆံရေး လေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုတို့ မောင်နှမရဲ့ ဘုရားသွား ကုသိုလ်ယူ ပုံရိပ်လေးတွေ ကတော့ မြင်သူ တကာ အားကျစရာ ပါပဲ .. ။

မောင်နှမ နှစ်ယောက် အတူ ဘုရားသွား ကုသိုလ်လေးတွေ အတူ ပြုလုပ်ခဲ့ကြ သလို နေအိမ် မှာလည်း ဘုန်းကြီး ဆွမ်းကပ် အလှဓလေး ပြုလုပ်ခဲ့ သလို လယ်တီစံ သာသနာ့ ရိပ်သာ အတွက်လည်း မွေးနေ့ အလှူ အဖြစ် အလှုငွေ (၅) သိန်းကို လှူဒါန်းခဲ့ တယ်လို့ ဆိုပါတယ် .. ။

မိုးယုရဲ့ မောင်လေးဖြစ်သူ ဆန်းလင်းထွန်း ကတော့ Lose To Win With Andy Season (2) ရဲ့ Winner ဖြစ်သလို ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဆုကြေးငွေတွေ နဲ့ မွေးနေ့ ကုသိုလ် အလှူလေးတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့လည်း သိရ ပါတယ် .. ။

ပေါင် (၁၄၀) ကျော်ကို လျှော့ချနိုင် ခဲ့တဲ့ မောင်လေးဖြစ်သူ ဆန်းလင်းထွန်းရဲ့ မယုံနိုင် လောက်အောင် ကြိုးစား အားထုတ်မှု တွေရဲ့ အောင်မြင်ခြင်း တွေကို ဂုဏ်ယူနေတဲ့ မိုးယုလေး ကတော့ မောင်လေး ဖြစ်သူ အတွက်လည်း မွေးနေ့ ဆုတောင်း စကားလေး ဆိုထား ပါသေးတယ် ..။

“ HappybirthdayMglay .. ဒီနှစ် မွေးနေ့ကတော့ အဓိပ္ပာယ် ရှိမယ်လို့ ထင်ပါတယ် သူ့ကြိုးစား မှုကြောင့် ခုလို လှပပီး ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ဘဝသစ် စနိုင်သလို ကြိုးစားမှုက ရတဲ့ ဆုကြေးငွေနဲ့ ဘုရား သွား ကောင်းမှုလုပ် အိမ်မှာ ဘုန်းကြီးဆွမ်းကပ် လယ်တီစံ သာသနာ့ ရိပ်သာတွက် အလှုငွေ ၅ သိန်း လှူဒါန်းခဲ့ ပါတယ် ခုက စပီး ဘဝ တစ်လျှောက်လုံး အောင်မြင် တိုးတတ်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းတွေ ပြည့်စုံပါစေ

မိတ်ဆွေ ကောင်းတွေနဲ့ တွေ့ပီး မိဘအပေါ် သိတတ် လိမ္မာတဲ့ သားတစ်ယောက် ဖြစ်ပါစေ ဘဝ ခရီးလမ်း တစ်လျှောက် ကောင်းမွန် မှန်ကန်ပီး အခက်ခဲ မရှိ လျှောက်လှမ်း နိုင်ပါစေ လို့ ချစ်အမက ဆုတောင်းပေး ပါတယ် (သူနဲ့ ပုံအလှ ပထမဆုံး ရိုက်ဖူးခြင်း) .. ” ဆိုပြီးတော့လည်း မွေးနေ့ ဆုတောင်း စကားလေးနဲ့ အတူ အမှတ်တရ ပုံရိပ်လေး တွေကို မျှဝေထား တာပဲ ဖြစ်ပါတယ်..။

Photo – မိုးယုစံ၊ MY DREAM CRD-Myanmarload