ကိုကို႔ေမေမ ေယာကၡမေလာင္းသို႔ ေပးစာ

0
2282

(For Zawgyi)

ကိုကို႔ေမေမ ေယာကၡမေလာင္းသို႔ ေပးစာ 👉👩

အန္တီ
အန္တီနဲ႔ ယွဥ္ၿပီး အန္တီသား အခ်စ္ကို အကုန္ မယူပါဘူး…
But
အန္တီၿပီးရင္ေတာ့ က်မ က ဒုတိယအခ်စ္ဆံုး ျဖစ္ခ်င္တယ္..

အန္တီ
အန္တီ့ရဲ႕ လက္ရာထက္ ေကာင္းေအာင္ ထမင္းဟင္း မခ်က္တက္ပါဘူး..
But
အန္တီသား စားႏိုင္ေလာက္တဲ့ လက္ရာမ်ိဳးေတာ့ က်မ ခ်က္ျပဳတ္ႏိုင္ပါတယ္..

အန္တီ
အန္တီေရွ႕မွာ က်ိဳးက်ိဳးႏြံႏြံနဲ႔ ေယာကၡမ အႏွိမ္ခံပါ့မယ္ လို႔ေတာ့ က်မ ကတိ မေပးႏိုင္ပါဘူး..
But
အန္တီကို က်မ မိဘနဲ႔တန္းတူ ေလးေလးစားစား ဆက္ဆံပါ့မယ္ လို႔ေတာ့ ကတိေပး ႏိုင္ပါတယ္..

အန္တီ
အန္တီသားကို က်မထက္ ပိုခ်စ္လို႔ ဆိုဆံုးမတယ္ ဆိုတာ လက္ခံပါတယ္..
But
က်မကိုလည္း သမီးတေယာက္လို အျမင္မေတာ္တာ ရွိရင္ ဆံုးမၿပီး ခ်စ္ခင္ေပးပါ..

အန္တီ
အန္တီသားရဲ႕ လုပ္အားခကို သူ႔မိဘအိမ္ ျပန္ပို႔တဲ့အခါ က်မ မၿငိဳျငင္ပါဘူး..
But
က်မ ေခၽြးနဲစာကို မိဘအိမ္ ျပန္ပို႔တဲ့အခါလည္း အန္တီသားကို သေဘာထားႀကီး ေပးဖို႔ သင္ျပေပးလိုက္ပါ..

အန္တီ
အန္တီသားကို အန္တီ အသက္နဲ႔ ရင္းၿပီး ေမြးထားတာ သိေနတဲ့ အတြက္ က်မ မိဘလို သေဘာထားေပး ႏိုင္ပါတယ္..
But
က်မလည္း ဘဝတစ္ခုလံုးနဲ႔ ရင္းၿပီး လက္ထပ္ ထားတဲ့သူမို႔ သမီးတေယာက္လို စာနာေပးဖို႔ပဲ ေတာင္းဆိုပါတယ္..

အန္တီ
အန္တီလည္း တခါတုန္းက ေခၽြးမ ျဖစ္ခဲ့ဖူးတာပဲ ဆိုၿပီး အရမ္းသေဘာထား ႀကီးျပစရာ မလိုပါဘူး..
But
အန္တီဘက္က သားနဲ႔ေခၽြးမ ဆိုၿပီး ခြဲျခား ဆက္ဆံတာမ်ိဳးေတာ့ မလုပ္မိ ပါေစနဲ႔ေနာ္..

အန္တီ
အန္တီသားကို အိမ္ေထာင္ဦးစီး တေယာက္ရဲ႕ တာဝန္ ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္ဖို႔ သင္ျပေပးလိုက္ပါ..
က်မ မိဘကလည္း ဇနီးတေယာက္ရဲ႕ ဝတၱရားေက်ပြန္ဖို႔ က်မကို သင္ျပ ေပးလိုက္ပါတယ္.. 😊

Đâř

(For Unicode)

ကိုကို့မေမေ ယောက္ခမလောင်းသို့ ပေးစာ 👉👩

အန်တီ
အန်တီနဲ့ ယှဉ်ပြီး အန်တီသား အချစ်ကို အကုန် မယူပါဘူး…
But
အန်တီပြီးရင်တော့ ကျမ က ဒုတိယအချစ်ဆုံး ဖြစ်ချင်တယ်..

အန်တီ
အန်တီ့ရဲ့ လက်ရာထက် ကောင်းအောင် ထမင်းဟင်း မချက်တက်ပါဘူး..
But
အန်တီသား စားနိုင်လောက်တဲ့ လက်ရာမျိုးတော့ ကျမ ချက်ပြုတ်နိုင်ပါတယ်..

အန်တီ
အန်တီရှေ့မှာ ကျိုးကျိုးနွံနွံနဲ့ ယောက္ခမ အနှိမ်ခံပါ့မယ် လို့တော့ ကျမ ကတိ မပေးနိုင်ပါဘူး..
But
အန်တီကို ကျမ မိဘနဲ့တန်းတူ လေးလေးစားစား ဆက်ဆံပါ့မယ် လို့တော့ ကတိပေး နိုင်ပါတယ်..

အန်တီ
အန်တီသားကို ကျမထက် ပိုချစ်လို့ ဆိုဆုံးမတယ် ဆိုတာ လက်ခံပါတယ်..
But
ကျမကိုလည်း သမီးတယောက်လို အမြင်မတော်တာ ရှိရင် ဆုံးမပြီး ချစ်ခင်ပေးပါ..

အန်တီ
အန်တီသားရဲ့ လုပ်အားခကို သူ့မိဘအိမ် ပြန်ပို့တဲ့အခါ ကျမ မငြိုငြင်ပါဘူး..
But
ကျမ ချွေးနဲစာကို မိဘအိမ် ပြန်ပို့တဲ့အခါလည်း အန်တီသားကို သဘောထားကြီး ပေးဖို့ သင်ပြပေးလိုက်ပါ..

အန်တီ
အန်တီသားကို အန်တီ အသက်နဲ့ ရင်းပြီး မွေးထားတာ သိနေတဲ့ အတွက် ကျမ မိဘလို သဘောထားပေး နိုင်ပါတယ်..
But
ကျမလည်း ဘဝတစ်ခုလုံးနဲ့ ရင်းပြီး လက်ထပ် ထားတဲ့သူမို့ သမီးတယောက်လို စာနာပေးဖို့ပဲ တောင်းဆိုပါတယ်..

အန်တီ
အန်တီလည်း တခါတုန်းက ချွေးမ ဖြစ်ခဲ့ဖူးတာပဲ ဆိုပြီး အရမ်းသဘောထား ကြီးပြစရာ မလိုပါဘူး..
But
အန်တီဘက်က သားနဲ့ချွေးမ ဆိုပြီး ခွဲခြား ဆက်ဆံတာမျိုးတော့ မလုပ်မိ ပါစေနဲ့နော်..

အန်တီ
အန်တီသားကို အိမ်ထောင်ဦးစီး တယောက်ရဲ့ တာဝန် ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ သင်ပြပေးလိုက်ပါ..
ကျမ မိဘကလည်း ဇနီးတယောက်ရဲ့ ဝတ္တရားကျေပွန်ဖို့ ကျမကို သင်ပြ ပေးလိုက်ပါတယ်.. 😊

Đâř