ျမန္မာျပည္ကေန ႏႈတ္ဆက္ၿပီး ျပန္ေတာ့မယ့္ အေမရိကန္ေက်ာင္းဆရာမေလး

0
259

(For Zawgyi)

လြမ္းလို႔ က်န္ရစ္ ၾကေတာ႔မွာ.. သနပ္ပင္ အ. ထ. က မွ အေမရိကန္သူ ေက်ာင္းဆရာမေလး ၿမန္မာျပည္ကေန ျပန္ေတာ့မယ္တဲ႔…!

သူမ နာမည္က Abby Hester လို႔ ေခၚတယ္။ ပဲခူးတိုင္း သနပ္ပင္ၿမိဳ႕မွာ အဂၤလိပ္စာ ဖြံ့ၿဖိဳးေရး အစီစဥ္နဲ႔ အေမရိကန္ႏိုင္ငံကေန ေက်ာင္းဆရာမ အေနနဲ႔ ပညာလာေရာက္ သင္ေပးေနတဲ့ ဆရာမေလး ျဖစ္ပါတယ္။

၂ ႏွစ္ project နဲ႔ လာခဲ့တာ ျဖစ္ၿပီး လာမယ့္ ၂၀၁၉ ေမလမွာဆို သူမရဲ႕ တာဝန္ ၿပီးဆံုးၿပီ ျဖစ္လို႔ ေနရပ္႒ာေန အေမရိကန္ ႏိုင္ငံသို႔ ျပန္ေတာ့မွာ ျဖစ္ပါတယ္။

ဒီအတြက္ ဆရာမေလးကို ခ်စ္ၾကတဲ့ သူေတြ နဲ႔ သနပ္ပင္နယ္က သူေတြဟာ အရမ္း ဝမ္းနည္းလို႔ ေနၾကပါတယ္။

အေမရိကန္ ႏိုင္ငံသို႔ မျပန္ခင္ သနပ္ပင္ အထက မွာ ေက်ာင္သားဦးေရ တိုးလာတဲ့ ျပႆနာကို ေျဖရွင္းဖို႔ အေမရိကန္ အေျခစိုက္ INGO အဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့ Build a school in Burma အဖြဲ႕နဲ႔ ပူးေပါင္းၿပီး ေပ ၃၀ x ေပ ၉၀ အက်ယ္အဝန္း ရွိတဲ့ ေက်ာင္း ၁ လံုး ေဆာက္လုပ္ လႉဒါန္းသြားမယ္လို႔လည္း သိရပါတယ္။

ထိုေက်ာင္းေဆာက္ဖို႔ ခန္႔မွန္းေျခ သိန္းေပါင္း ၁၁၀၀ ေလာက္ ကုန္က်မည္ျဖစ္ၿပီး သနပ္ပင္ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ပရဟိတ အသင္းေတြက အလႉေငြ သိန္း ၅၀ လႉထားတယ္လို႔ သိရပါတယ္။

အေမရိကန္ သူေလးရဲ႕ Facebook account မွာ သၾကၤန္ကပြဲ ကထိန္ကပြဲေတြမွာ ပါဝင္ ဆင္ႏြဲေနတာ ေတြ႕ရၿပီး ျမန္မာမ်ားရဲ႕ အခ်စ္ကို တေပြ႕တပိုက္ႀကီး ရထားပါတယ္။

သနပ္ပင္ နယ္သူနယ္သားေတြနဲ႔ ျမန္မာျပည္သူ ျပည္သားေတြက Abby ကို အၿမဲ သတိရေနမွာပါ။ Abby အရာရာ အဆင္ေျပပါေစ..

Myanmar New

(For Unicode)

မြန်မာပြည်ကနေ နှုတ်ဆက်ပြီး ပြန်တော့မယ့် အမေရိကန်ကျောင်းဆရာမလေး

လွမ်းလို့ ကျန်ရစ် ကြတော့မှာ.. သနပ်ပင် အ. ထ. က မှ အမေရိကန်သူ ကျောင်းဆရာမလေး မြန်မာပြည်ကနေ ပြန်တော့မယ်တဲ့…!

သူမ နာမည်က Abby Hester လို့ ခေါ်တယ်။ ပဲခူးတိုင်း သနပ်ပင်မြို့မှာ အင်္ဂလိပ်စာ ဖွံ့ဖြိုးရေး အစီစဉ်နဲ့ အမေရိကန်နိုင်ငံကနေ ကျောင်းဆရာမ အနေနဲ့ ပညာလာရောက် သင်ပေးနေတဲ့ ဆရာမလေး ဖြသ်ပါတယ်။

၂ နှစ် project နဲ့ လာခဲ့တာ ဖြစ်ပြီး လာမယ့် ၂၀၁၉ မေလမှာဆို သူမရဲ့ တာဝန် ပြီးဆုံးပြီ ဖြစ်လို့ နေရပ်ဋ္ဌာနေ အမေရိကန် နိုင်ငံသို့ ပြန်တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် ဆရာမလေးကို ချစ်ကြတဲ့ သူတွေ နဲ့ သနပ်ပင်နယ်က သူတွေဟာ အရမ်း ဝမ်းနည်းလို့ နေကြပါတယ်။

အမေရိကန် နိုင်ငံသို့ မပြန်ခင် သနပ်ပင် အထက မှာ ကျောင်သားဦးရေ တိုးလာတဲ့ ပြဿနာကို ဖြေရှင်းဖို့ အမေရိကန် အခြေစိုက် INGO အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Build a school in Burma အဖွဲ့နဲ့ ပူးပေါင်းပြီး ပေ ၃၀ x ပေ ၉၀ အကျယ်အဝန်း ရှိတဲ့ ကျောင်း ၁ လုံး ဆောက်လုပ် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

ထိုကျောင်းဆောက်ဖို့ ခန့်မှန်းခြေ သိန်းပေါင်း ၁၁၀၀ လောက် ကုန်ကျမည်ဖြစ်ပြီး သနပ်ပင် မြို့မိမြို့ဖတွေနဲ့ ပရဟိတ အသင်းတွေက အလှူငွေ သိန်း ၅၀ လှူထားတယ်လို့ သိရပါတယ်။

အမေရိကန် သူလေးရဲ့ Facebook account မှာ သြင်္ကန်ကပွဲ ကထိန်ကပွဲတွေမှာ ပါဝင် ဆင်နွဲနေတာ တွေ့ရပြီး မြန်မာများရဲ့ အချစ်ကို တပွေ့တပိုက်ကြီး ရထားပါတယ်။

သနပ်ပင် နယ်သူနယ်သားတွေနဲ့ မြန်မာပြည်သူ ပြည်သားတွေက Abby ကို အမြဲ သတိရနေမှာပါ။ Abby အရာရာ အဆင်ပြေပါစေ..

Myanmar New