
0
7446

( For Zawgyi )





Video ကြည့်ရန်

Source : Yadanar My

( For Unicode )

တေးရေးဝေကြီး ရေးသားထားပြီး ကြည့်ရှုတဲ့ပရိတ်သတ်တွေကိုပါ မျက်ရည်ဝဲစေခဲ့တဲ့ ရတနာမိုင်ရဲ့ သီချင်းသစ်လေး(ရုပ်သံ)

တေးရေးဝေကြီး ရေးသားထားပြီး ကြည့်ရှုတဲ့ပရိတ်သတ်တွေကိုပါ မျက်ရည်ဝဲစေခဲ့တဲ့ ရတနာမိုင်ရဲ့ သီချင်းသစ်လေး(ရုပ်သံ)

ချစ်ပရိတ်သတ်ကြီးရေ… ခံစားချက် အပြည့်နဲ့ တေးသီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး ရတနာမိုင်ကို ပရိတ်သတ်ကြီး သိကြမှာပါနော်… ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်အောင် သီဆိုနိုင်တဲ့အတွက် သူမရဲ့ တေးသီချင်းလေးတွေဟာ ပရိတ်သတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး ပေါ်ပြူလာ ဖြစ်နေခဲ့ရတာပါနော်…

သူမရဲ့ မိခင်ဖြစ်သူမိုင် ဟာလည်း တစ်ချိန်တခါက နာမည်အရမ်းကြီးခဲ့လေတော့ မိခင်ဖြစ်သူရဲ့ခြေရာကို ထပ်တူကျအောင် နင်းနိုင်တဲ့ သမီး အလိမ္မာလေးလို့ပဲ ပြောရမယ်… သူမထွက်ရှိထားတာ ကြာပြီဆိုပေမယ့် အခုချိန်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ အလွမ်းသင့်ပန်းချီတို့ Good Night ချစ်သူတို့ သူသိစေ စတဲ့ သီချင်လေးဟာလည်း ပရိတ်သတ်တွေ ပါးစပ်ဖျားမှာစွဲပြီး ဘယ်တော့မှ ဟောင်းမသွားခဲ့ပါဘူးနော်…

အခု တစ်ခါမှာလည်း နောက်ထပ် ခံစားလို့အရမ်းကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ကို ပရိတ်သတ်ကြီးကို မျှဝေပေးခဲ့ပါတယ်နော်… Music Video လေးပါ တပါတည်း ထွက်ရှိလာခဲ့တဲ့ သီချင်းလေး ဖြစ်ပြီးတော့ “လိုရာသုံး” လို့ အမည်ပေးထားတဲ့ သီချင်းလေးပါနော်… ထူးခြားတာက ဒီMVထဲမှာ ဒီသီချင်းရဲ့တေးရေးဆရာ ဝေကြီးကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ယုန်လေးကတော့ ဒါရိုက်တာအဖြစ်ရိုက်ကူး ပုံဖော်ပေးထားပါတယ်နော်။ ကဲ… အရှည်ကြီးတွေ မပြောတော့ဘဲ အရမ်းကောင်းတဲ့ သီချင်းလေးမို့လို့ ပရိတ်သတ်ကြီးပဲကိုယ်တိုင် ကြည့်ရှု နားဆင်လိုက်ကြပါအုန်းနော်…..

Video ကြည့်ရန်

Source : Yadanar My