ပုဂံကို ဘုရားဖူးလာတဲ့သူမ်ား အခမဲ့ တည္းခိုႏိုင္မယ့္ တည္းခိုေဆာင္

0
2389

(Zawgyi)

ပုဂံကို ဘုရားဖူးလာတဲ့သူမ်ား အခမဲ့ တည္းခိုႏိုင္မယ့္ တည္းခိုေဆာင္

ပုဂံ ေရႊစည္းခံု ဘုရားပုိင္ သာသနာ႔ နယ္ေျမ အတြင္းတြင္ ပုဂံ ဘုရားဖူး လာသူမ်ား အတြက္ အခမဲ့ တည္းခိုေဆာင္မ်ား ထားရွိ ထားၿပီး ဧည့္သည္ အေယာက္ ၃၀၀ ခန္႔ နားေန တည္းခိုႏိုင္သည္ဟု ေရႊစည္းခံု ဘုရား ေဂါပကအဖြဲ႕ထံက သိရသည္ ။

လာေရာက္ တည္းခိုခ်င္သူမ်ား အေနျဖင့္ ဘုရားဖူး သက္သက္ လာသည့္ ဧည့္သည္မ်ား ကိုသာ လက္ခံၿပီး အဖြဲ႕လိုက္ လာေရာက္ တည္းခိုသူမ်ား အေနျဖင့္ အဖြဲ႕ေခါင္းေဆာင္ (သို႔) အဖြဲ႕အတြင္းမွ တဦးဦး၏ မွတ္ပံုတင္ တခုကိုသာ ဧည့္ႀကိဳဌာနသို႔ ေပးထားရသည္ ဟု သိရသည္ ။

ထို႔ျပင္ လာေရာက္ တည္းခိုသူမ်ား အေနျဖင့္ ၃ ညအိပ္ ၄ ရက္သာ လက္ခံသည္ဟု သိရသည္ ။ တည္းခိုေဆာင္ စုစုေပါင္း ၆ ေဆာင္ ရွိျပီး တည္းခိုသူမ်ား အေနျဖင့္ အရက္ေသစာ ေသာက္စားျခင္း မျပဳရန္ႏွင့္ တည္းခိုခန္း အခေၾကးေငြ အျဖစ္ အလွဴေငြကို မိမိ သဒၵါေၾကး အျဖစ္္ မိမိ တတ္ႏိူင္သေလာက္ကိုသာ လွဴဒါန္းႏိုင္သည္ ဟု သိရသည္။

“ တခ်ိဳ႕ အဖြဲ႕လိုက္ လာတယ္ အေယာက္ ၃၀ ၊ ၄၀ ေပါ့ ၿပီးလို႕ျပန္တဲ့ အခါ တခ်ိဳ႕ ၂ ေသာင္း ၊ ၃ ေသာင္း လွဴသြားၾကတာ မ်ိဳးလည္း ရွိတယ္ တခ်ိဳ႕ ဘုရားဖူး တည္းခိုသူေတြက လွဴ မသြားတာမ်ိဳးေတြ လည္း ရွိပါတယ္ က်ေနာ္တို႕ဆီကို တည္းခိုခ်င္တယ္ ဆိုရင္ လွဴခ်င္ရင္ လွဴပါ မလွဴခ်င္ရင္လည္း ရပါတယ္ ” ဟု ဧည့္ႀကိဳ တာဝန္ခံ ဦးစိုးလွေမာင္ ထံက သိရသည္ ။

ဧည့္သည္ အမ်ားဆံုး ရက္မ်ားမွာ ဝါတြင္း အဖိတ္ ဥပုသ္ရက္မ်ား ျဖစ္ၿပီး ဝါေခါင္လတြင္ ေတာင္ျပဳန္းပြဲႏွင့္ ေတာ္သလင္းလ ပုပၸါးပြဲ တို႕တြင္ ဧည့္သည္ အမ်ားဆံုး ျဖစ္သည္ဟု သိရသည္ ။

“ ဧည့္သည္ ၂ ဦး ၃ ဦး လာရင္ေတာ့ ခုေနာက္ပိုင္း လက္မခံေတာ့ဘူး ဘာလို႕လဲ ဆိုေတာ့ ၂ ဦး ၊ ၃ ဦး ေလာက္နဲ႔ သူတို႔ကို အခန္း မေပးႏိုင္ဘူးေလ အခန္းအပို မရွိတဲ့ အခါ ေနာက္အဖြဲ႕နဲ႔ အဖြဲ႕ခ်င္းေပါင္းထား ေပးရင္ ျပသနာေတြ တတ္လာႏိုင္ လို႕ပါ ” ဟု ဦးစိုးလွေမာင္က ေျပာသည္ ။

ျမန္မာသကၠရာဇ္ ၁၃၂၀ ခုႏွစ္ခန္႔ ကတည္းက ထိုအေဆာင္ မ်ားသည္ ဇရပ္ပံုစံျဖစ္ျပီး လြန္ခဲ့သည့္ ၂၅ ႏွစ္ခန္႔က အခန္းမ်ား ဖြဲ႔၍ ေရႊစည္းခံု ဘုရား ေဂါပကအဖြဲ႕မွ တံခါးမ်ား တပ္ဆင္ထားျခင္းမ်ား ျပဳလုပ္ထားသည္ ဟု သိရသည္။

“ အခမဲ့ တည္းခိုေဆာင္ ဆိုတဲ့ ဆိုင္းပုဒ္ကိုေတာ့ မႏွစ္ေလးကမွ အေဆာင္ေတြမွ တပ္ထားခဲ့တာပါ ” ဟု ဧည့္ၾကိဳ တဦးထံက သိရသည္ ။

KhaiZarniMg

(Unicode)

ပုဂံကို ဘုရားဖူးလာတဲ့သူများ အခမဲ့ တည်းခိုနိုင်မယ့် တည်းခိုဆောင်

ပုဂံ ရွှေစည်းခုံ ဘုရားပိုင် သာသနာ့ နယ်မြေ အတွင်းတွင် ပုဂံ ဘုရားဖူး လာသူများ အတွက် အခမဲ့ တည်းခိုဆောင်များ ထားရှိ ထားပြီး ဧည့်သည် အယောက် ၃၀၀ ခန့် နားနေ တည်းခိုနိုင်သည်ဟု ရွှေစည်းခုံ ဘုရား ဂေါပကအဖွဲ့ထံက သိရသည် ။

လာရောက် တည်းခိုချင်သူများ အနေဖြင့် ဘုရားဖူး သက်သက် လာသည့် ဧည့်သည်များ ကိုသာ လက်ခံပြီး အဖွဲ့လိုက် လာရောက် တည်းခိုသူများ အနေဖြင့် အဖွဲ့ခေါင်းဆောင် (သို့) အဖွဲ့အတွင်းမှ တဦးဦး၏ မှတ်ပုံတင် တခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရသည် ဟု သိရသည် ။

ထို့ပြင် လာရောက် တည်းခိုသူများ အနေဖြင့် ၃ ညအိပ် ၄ ရက်သာ လက်ခံသည်ဟု သိရသည် ။ တည်းခိုဆောင် စုစုပေါင်း ၆ ဆောင် ရှိပြီး တည်းခိုသူများ အနေဖြင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့် တည်းခိုခန်း အခကြေးငွေ အဖြစ် အလှူငွေကို မိမိ သဒ္ဒါကြေး အဖြစ် မိမိ တတ်နိူင်သလောက်ကိုသာ လှူဒါန်းနိုင်သည် ဟု သိရသည်။

“ တချို့ အဖွဲ့လိုက် လာတယ် အယောက် ၃၀ ၊ ၄၀ ပေါ့ ပြီးလို့ပြန်တဲ့ အခါ တချို့ ၂ သောင်း ၊ ၃ သောင်း လှူသွားကြတာ မျိုးလည်း ရှိတယ် တချို့ ဘုရားဖူး တည်းခိုသူတွေက လှူ မသွားတာမျိုးတွေ လည်း ရှိပါတယ် ကျနော်တို့ဆီကို တည်းခိုချင်တယ် ဆိုရင် လှူချင်ရင် လှူပါ မလှူချင်ရင်လည်း ရပါတယ် ” ဟု ဧည့်ကြို တာဝန်ခံ ဦးစိုးလှမောင် ထံက သိရသည် ။

ဧည့်သည် အများဆုံး ရက်များမှာ ဝါတွင်း အဖိတ် ဥပုသ်ရက်များ ဖြစ်ပြီး ဝါခေါင်လတွင် တောင်ပြုန်းပွဲနှင့် တော်သလင်းလ ပုပ္ပါးပွဲ တို့တွင် ဧည့်သည် အများဆုံး ဖြစ်သည်ဟု သိရသည် ။

“ ဧည့်သည် ၂ ဦး ၃ ဦး လာရင်တော့ ခုနောက်ပိုင်း လက်မခံတော့ဘူး ဘာလို့လဲ ဆိုတော့ ၂ ဦး ၊ ၃ ဦး လောက်နဲ့ သူတို့ကို အခန်း မပေးနိုင်ဘူးလေ အခန်းအပို မရှိတဲ့ အခါ နောက်အဖွဲ့နဲ့ အဖွဲ့ချင်းပေါင်းထား ပေးရင် ပြသနာတွေ တတ်လာနိုင် လို့ပါ ” ဟု ဦးစိုးလှမောင်က ပြောသည် ။

မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်ခန့် ကတည်းက ထိုအဆောင် များသည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅ နှစ်ခန့်က အခန်းများ ဖွဲ့၍ ရွှေစည်းခုံ ဘုရား ဂေါပကအဖွဲ့မှ တံခါးများ တပ်ဆင်ထားခြင်းများ ပြုလုပ်ထားသည် ဟု သိရသည်။

“ အခမဲ့ တည်းခိုဆောင် ဆိုတဲ့ ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ ” ဟု ဧည့်ကြို တဦးထံက သိရသည် ။

KhaiZarniMg