
0
301

(Zawgyi)







(Unicode)

ပီနန်းမှာ ချစ်ဇနီးလေးနဲ့ လည်လည်ထွက်ပြီး အကြင်နာတွေ ပိုနေတဲ့ ခင်လှိုင်

ပရိသတ်တွေကို ဟာသလေး တွေနဲ့ရယ်မောစေပြီး ဘဝအမောတွေ ပြေအောင် တင်ဆက် ပေးတာကတော့ ဟာသ သရုပ်ဆောင် ခင်လှိုင်ပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ပျော် ရွှင်ရွှင်နဲ့ ပရိသတ်တွေကို ပါ ပျော်ရွှင်စေချင်တဲ့ စိတ်ထားလေးတွေ ရှိသူ တစ်ယောက်ပါ ။ သူရဲ့ ပျော်ပျော် နေတက်ပြီး ဖြူစင်တဲ့ စိတ်ထားတွေကြောင့် တစ်နိုင်ငံလုံး ပရိသတ်တွေ ကလည်း ချစ်နေကြပြီး အနုပညာ ညီကို မောင်နှမတွေကပါ ချစ်နေရ တာပါ ။

ခင်လှိုင်ကတော့ နယ်တွေလည်း ပတ်ပြီး ဖျော်ဖြေပေးရတဲ့ နိုင်ငံကျော် ဟာသ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ် ။ သူကတော့ မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ် သွားလုပ် နေတဲ့ ပရိသတ်တွေ အတွက်ပါ ပြည်ပ ခရီးစဉ်တွေ ထွက်ပြီး သွားရောက် ဖျော်ဖြေတက်တဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်း မှာလည်း မပါ မဖြစ် ဟာသကား တွေမှာပါဝင် ရပြီး မတူညီတဲ့ ဂန်းစတား ဇာတ်ရုပ် တွေမှာလည်း ပါဝင် သရုပ်ဆောင်နေ ရတာ ဖြစ်ပါတယ်။

ခုမှာလည်း မလေးရှားရောက် မြန်မာတွေအတွက် ဖျော်ဖြေဖို့ မလေးရှားနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ် ။ ဒီပွဲလေးမှာတော့ မြန်မာနိုင်ငံက နာမည်ကျော်တွေလည်း ပါဝင်ကြပြီး သူနဲ့ အမြဲ တွဲဖက် ဖျော်ဖြေလေ့ ရှိတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်လဲ ပါဝင်တာပါ ။ ခုမှာတော့ ခင်လှိုင်က ပွဲမစခင် ဇနီးလေးနဲ့ တူတူ ပီနန်းမှာ လည်လည်ထွက်ပြီး ပျော်နေတာ ဖြစ်ပါတယ် ။ အမြဲ ပျော်ပျော်နေ တက်တဲ့သူတို့ နှစ်ယောက်ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေ အတွက် တင်ဆက် ပေးလိုက်ပါတေယ် ။

Source:Khin Hlaing Crd – Myanmarload