0
242
(Zawgyi)
Myint Myat
(Unicode)
အမှတ်တရနေ့လေးမှာ ခင်ပွန်းကို တန်ဖိုးကြီးလက်ဆောင်တွေနဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုံရတီရဲ့ ဗီဒီယို
ပရိသတ်တွေရဲ့ ချစ်ခင် အားပေးခြင်းကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ နှစ်ဦးကတော့ တစ်ဦး အပေါ် တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့် ပေးပြီး အခက်အခဲ တွေကို အတူ ကျော်ဖြတ်ရင်း နှစ်ကိုယ်တူ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရေး တစ်ခုကို ပုံဖော်နေ ကြတာပါ။
ချစ်တတ်လွန်း သူကြီး ရွှေထူး ကတော့ အမြဲလိုလို ဇနီးချာလးကို ဘယ်လောက် ချစ်ကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ ရှိပါတယ်။ ရွှေမှုံလေး ကလည်း ချစ်ရတဲ့ ခင်ပွန်းကို မကြာခဏ ဆိုသလို တန်ဖိုးကြီး လက်ဆောင်တွေ ပေးလေ့ ရှိပါတယ်။ လတ်တလော မှာတော့ ရွှေမှုံလေးက သူတို့ ဇနီးမောင်နှံရဲ့ အမှတ်တရ နေ့လေးမှာ ခင်ပွန်းဖြစ်သူကို Gucci အဝတ်အစားတွေ လက်ဆောင်ပေး ခဲ့တာ တွေ့ရ ပါတယ်။
ရွှေမှုံရတီ ကတော့ သူတို့ ဇနီးမောင်နှံရဲ့ အမှတ်တရ နေ့လေးမှာ ခင်ပွန်းကို သိန်း (၄၀) ကျော် တန်ဖိုးရှိတဲ့ နာမည်ကြီး Gucci အဝတ်အစားတွေကို လက်ဆောင် ပေးခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ တင်ထားခဲ့ တာပါ။
ချစ်ပရိသတ်တွေ အတွက် ရွှေမှုံရတီရဲ့ Surprise ကြောင့် ပျော်သွားတဲ့ ရွှေထူးရဲ့ ဗီဒီယိုလေးကို ဖော်ပြ ပေးလိုက် ပါတယ်။
ရွှေမှုံရတီရဲ့ Surprise ကြောင့် ပျော်သွားတဲ့ ရွှေထူးရဲ့ ဗီဒီယို
ရွှေထူးကတော့ လတ်တလောမှာ နယ်ရှိုးပွဲ ဆိုရင်းနဲ့ တစ်ခြားသော အနုပညာ အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေတာဖြစ်ပြီး ရွှေမှုံလေးကလည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော် ။ ခရီးသွားရတာ ဝါသနာပါတဲ့ ရွှေထူးနဲ့ ရွှေမှုံလေး တို့နှစ်ဦးကတော့ မကြာခဏ ဆိုသလို ခရီးထွက်လေ့ ရှိပါတယ်။ ချစ်ပရိသတ်တွေလည်း အိမ်ထောင်ပြုပြီးမှ ပိုပိုပြီး ချစ်လာကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ဦးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော် ။
Myint Myat
Source : Shwe Mhone Yati’s Facebook