ေကာင္မေလးနဲ႔ လက္မွတ္ထိုးလိုက္ၿပီ ဆိုလိုက္တဲ့ အၾကည္ေတာ္…

0
293

( For Zawgyi )

ေကာင္မေလးနဲ႔ လက္မွတ္ထိုးလိုက္ၿပီ ဆိုလိုက္တဲ့ အၾကည္ေတာ္…

ပရိသတ္ေတြခ်စ္တဲ့ စာေရးဆရာ အၾကည္ေတာ္ဟာဆုိရင္ FA ဂိုဏ္းခ်ဳပ္ၾကီး အျဖစ္နဲ႔ ေပ်ာ္ျမဴးေနခဲ့ရာက မၾကာေသးမီကပဲ ခ်စ္သူရသြားတဲ့သတင္းကို အားလံုးလည္း ၾကားလိုက္ၾကမွာပါ… အၾကည္ေတာ္ရဲ႕ ခ်စ္သူေကာင္မေလးနဲ႔ စံုတဲြဓာတ္ပံုက ပရိသတ္ေတြ ၾကားထဲမွာ ေတာ္ေတာ္ကုိ ပ်ံ႕နွံ႕လိုက္ေသးတယ္ေလ…

ဒါေပမယ့္ အဲဒါရဲ႕ Plot twist ကေတာ့ အဲဒီ ဓာတ္ပံုထဲက ေကာင္မေလးက အၾကည္ေတာ္ရဲ႕ တကယ့္ခ်စ္သူ အစစ္မဟုတ္ပဲ အၾကည္ေတာ္ရဲ႕ တကယ့္ ခ်စ္သူအစစ္ကေတာ့ အဲဒီ ဓာတ္ပံုေၾကာင့္ သူနဲ႔ လမ္းခြဲ သြားခဲ့ပါတယ္တဲ့… အၾကည္ေတာ္ခမ်ာ သနားစရာပါ…

ေနာက္ပုိင္းမွာ အၾကည္ေတာ္က Interview တစ္ခုမွာ လမ္းခြဲရျခင္း အေၾကာင္းကေတာ့ ေကာင္မေလးက သူ႔ကုိ “ရွင္ အဲ့လိုမေနနဲ႔”ဆိုျပီး ထိန္းေက်ာင္း ခ်ဳပ္ခ်ယ္လာတာေၾကာင့္ တစ္သက္လံုး ဒီလိုပဲေနလာတဲ့သူက ေနရခက္လို႔ အဆင္ မေျပေတာ့ေၾကာင္းလည္း ေျဖၾကား ထားပါေသးတယ္ ။ အဲ.. မေန႔ကေတာ့ အၾကည္ေတာ္က သူ႔ Facebook မွာ ေကာင္မေလးနဲ႔ တရားရံုးမွာ လက္မွတ္ထုိးလိုက္ျပီ ဆိုတဲ့အေၾကာင္း တင္ထားခဲ့ပါတယ္…

အဲဒီေကာင္မေလးက ျပတ္သြားတယ္ဆိုတဲ့ အရင္ေကာင္မေလးလား ဒါမွမဟုတ္ ေနာက္ထပ္ အသစ္ ေကာင္မေလးလား ဆိုျပီးေတာ့ ပရိသတ္ေတြမွာ သုိ႔ေလာ သို႔ေလာ ျဖစ္ေနခဲ့ရေပမယ့္ စာအဆံုးသတ္မွာေတာ့ လူၾကီး မိဘေတြ စံုရာေရွ႕မွာ လက္မွတ္ ထိုးလိုက္ရတာဟာ ေကာင္မေလးကုိ ေနာက္ထပ္မေနာက္ယွက္ေတာ့ပါဘူးဆိုတဲ့ ကတိ ခံဝန္ခ်က္ ထုိးလိုက္ရတာျဖစ္ေၾကာင္း ေရးသားထားပါတယ္… စာေရးဆရာကေတာ့ ေနာက္ျပီ. . .

အၾကည္ေတာ္က အဲဒီအေၾကာင္းကုိ သူ႔ရဲ႕ Facebook မွာ “ ”ပရိသတ္မ်ား ခင္ဗ်ား ဒီေန႔မွာပဲ က်ေနာ္ ေကာင္မေလးနဲ႔ တရားရံုးမွာ လက္မွတ္ထိုးလိုက္ပါၿပီ အက်ယ္အက်ယ္ မျဖစ္ခ်င္တဲ့အတြက္ ႏွစ္ဖက္မိဘ စံုညီနီနဲ႔ ရပ္ကြက္ရံုးမွာပဲ အက်ဥ္းခ်ံဳး လက္မွတ္ထိုးျဖစ္ပါတယ္ ပကာသနမပါတဲ့ ဒီပြဲေလးဟာ အခ်ိန္ ဘယ္ေလာက္မွ မၾကာပဲ ၿပီးသြားခဲ့ပါၿပီ လက္မွတ္ထိုးေတာ့ ေကာင္မေလးကေတာင္ ႐ွက္ေနပါေသးတယ္ စိတ္ပူေပးၾကတဲ့ ပရိသတ္မ်ားကိုလဲ ဒီကပဲ အႏူးအၫြတ္ ေတာင္းပန္ပါတယ္ တရားရံုးမွာ လက္မွတ္ထိုးတဲ့အဆင့္ ေနာက္ အဆင့္ေတြ က်ရင္ေတာ့ ဖိတ္ၾကားပါ့မယ္ အခုေတာ့ ရပ္ကြက္လူႀကီးဦးစီး အက်ဥ္း ခ်ံဳးရံုးျပီး ႐ိုေသေလးစားရေသာ ႏွစ္ဖက္မိဘေ႐ွ႕ လက္မွတ္ထိုးလိုက္ ပါၿပီ ရပ္ကြက္လူႀကီးကပဲ ဆုေပးခဲ့ပါတယ္”ကဲ ႏွစ္ဖက္ မိဘေ႐ွ႕ လက္မွတ္လဲ ထိုးၿပီးၿပီ “”ေစာၾကည္ျဖဴ””ခင္ဗ်”

“ေနာက္တစ္ခါ ေကာင္မေလးကို ထပ္ေႏွာင့္ယွက္ရင္ ရဲေခၚၿပီး ဖမ္းခိုင္းရလိမ့္မယ္ နားလည္လား” ”နားလည္ပါတယ္ ခင္ဗ်” ”ေရာ့ ဒီမွာ မေႏွာင့္ယွက္ေတာ့ဘူးဆိုတဲ့ ခံဝန္ကတိ” ”ဟုတ္ဟုတ္”လက္မွတ္ ထိုးၿပီးေၾကာင္း အသိေပးလိုက္ ရပါတယ္ခင္ဗ်ား ေလးစားစြာျဖင့္ ေစာၾကည္ျဖဴ” လို႔ ေရးသားထားပါတယ္. . . ပရိသတ္ၾကီးေရာ ေကာင္မေလးနဲ႔ ျပတ္တာေတာင္ အသည္းမကြဲဘဲ ေျပာင္ေနနုိင္တဲ့ စာေရးဆရာကုိ မေလးစားၾကဘူးလားးး. . . . .

credit-ေျပာခ်င္လြန္းလို႔

( For Unicode )

ကောင်မလေးနဲ့လက်မှတ်ထိုးလိုက်ပြီဆိုလိုက်တဲ့ အကြည်တော်…

ပရိသတ်တွေချစ်တဲ့ စာရေးဆရာအကြည်တော်ဟာဆိုရင် FA ဂိုဏ်းချုပ်ကြီး အဖြစ်နဲ့ ပျော်မြူးနေခဲ့ရာက မကြာသေးမီကပဲ ချစ်သူရသွားတဲ့သတင်းကို အားလုံးလည်း ကြားလိုက်ကြမှာပါ… အကြည်တော်ရဲ့ ချစ်သူကောင်မလေးနဲ့ စုံတွဲဓာတ်ပုံက ပရိသတ်တွေ ကြားထဲမှာ တော်တော်ကို ပျံ့နှံ့လိုက်သေးတယ်လေ… ဒါပေမယ့် အဲဒါရဲ့ Plot twist ကတော့ အဲဒီ ဓာတ်ပုံထဲက ကောင်မလေးက အကြည်တော်ရဲ့ တကယ့်ချစ်သူ အစစ်မဟုတ်ပဲ အကြည်တော်ရဲ့ တကယ့် ချစ်သူအစစ်ကတော့ အဲဒီဓာတ်ပုံကြောင့် သူနဲ့ လမ်းခွဲ သွားခဲ့ပါတယ်တဲ့… အကြည်တော်ခမျာ သနားစရာပါ…

နောက်ပိုင်းမှာ အကြည်တော်က Interview တစ်ခုမှာ လမ်းခွဲရခြင်း အကြောင်းကတော့ ကောင်မလေးက သူ့ကို “ရှင် အဲ့လိုမနေနဲ့”ဆိုပြီး ထိန်းကျောင်း ချုပ်ချယ်လာတာကြောင့် တစ်သက်လုံး ဒီလိုပဲနေလာတဲ့သူက နေရခက်လို့ အဆင် မပြေတော့ကြောင်းလည်း ဖြေကြား ထားပါသေးတယ် ။ အဲ.. မနေ့ကတော့ အကြည်တော်က သူ့ Facebook မှာ ကောင်မလေးနဲ့ တရားရုံးမှာ လက်မှတ်ထိုးလိုက်ပြီ ဆိုတဲ့အကြောင်း တင်ထားခဲ့ပါတယ်…

အဲဒီကောင်မလေးက ပြတ်သွားတယ်ဆိုတဲ့ အရင်ကောင်မလေးလား ဒါမှမဟုတ် နောက်ထပ် အသစ် ကောင်မလေးလား ဆိုပြီးတော့ ပရိသတ်တွေမှာ သို့လော သို့လော ဖြစ်နေခဲ့ရပေမယ့် စာအဆုံးသတ်မှာတော့ လူကြီး မိဘတွေ စုံရာရှေ့မှာ လက်မှတ် ထိုးလိုက်ရတာဟာ ကောင်မလေးကို နောက်ထပ်မနောက်ယှက်တော့ပါဘူးဆိုတဲ့ ကတိ ခံဝန်ချက် ထိုးလိုက်ရတာဖြစ်ကြောင်း ရေးသားထားပါတယ်… စာရေးဆရာကတော့ နောက်ပြီ. . .

အကြည်တော်က အဲဒီအကြောင်းကို သူ့ရဲ့ Facebook မှာ “ ”ပရိသတ်များ ခင်ဗျား ဒီနေ့မှာပဲ ကျနော် ကောင်မလေးနဲ့ တရားရုံးမှာ လက်မှတ်ထိုးလိုက်ပါပြီ အကျယ်အကျယ် မဖြစ်ချင်တဲ့အတွက် နှစ်ဖက်မိဘ စုံညီနီနဲ့ ရပ်ကွက်ရုံးမှာပဲ အကျဉ်းချုံး လက်မှတ်ထိုးဖြစ်ပါတယ် ပကာသနမပါတဲ့ ဒီပွဲလေးဟာ အချိန် ဘယ်လောက်မှ မကြာပဲ ပြီးသွားခဲ့ပါပြီ လက်မှတ်ထိုးတော့ ကောင်မလေးကတောင် ရှက်နေပါသေးတယ် စိတ်ပူပေးကြတဲ့ ပရိသတ်များကိုလဲ ဒီကပဲ အနူးအညွတ် တောင်းပန်ပါတယ် တရားရုံးမှာ လက်မှတ်ထိုးတဲ့အဆင့် နောက် အဆင့်တွေ ကျရင်တော့ ဖိတ်ကြားပါ့မယ် အခုတော့ ရပ်ကွက်လူကြီးဦးစီး အကျဉ်း ချုံးရုံးပြီး ရိုသေလေးစားရသော နှစ်ဖက်မိဘရှေ့ လက်မှတ်ထိုးလိုက် ပါပြီ ရပ်ကွက်လူကြီးကပဲ ဆုပေးခဲ့ပါတယ်”ကဲ နှစ်ဖက် မိဘရှေ့ လက်မှတ်လဲ ထိုးပြီးပြီ “”စောကြည်ဖြူ””ခင်ဗျ”

“နောက်တစ်ခါ ကောင်မလေးကို ထပ်နှောင့်ယှက်ရင် ရဲခေါ်ပြီး ဖမ်းခိုင်းရလိမ့်မယ် နားလည်လား” ”နားလည်ပါတယ် ခင်ဗျ” ”ရော့ ဒီမှာ မနှောင့်ယှက်တော့ဘူးဆိုတဲ့ ခံဝန်ကတိ” ”ဟုတ်ဟုတ်”လက်မှတ် ထိုးပြီးကြောင်း အသိပေးလိုက် ရပါတယ်ခင်ဗျား လေးစားစွာဖြင့် စောကြည်ဖြူ” လို့ ရေးသားထားပါတယ်. . . ပရိသတ်ကြီးရော ကောင်မလေးနဲ့ ပြတ်တာတောင် အသည်းမကွဲဘဲ ပြောင်နေနိုင်တဲ့ စာရေးဆရာကို မလေးစားကြဘူးလားးး. . . . .

credit-ပြောချင်လွန်းလို့