သိန္းႏွစ္ေသာင္းတန္ အိမ္နဲ႔ စပြန္ဆာေပးမယ္လို႔ အမတေယာက္ရဲ႕ ကမ္းလွမ္းျခင္း ခံခဲ႔ရတဲ႔ ထန္ပါး

0
668

(Zawgyi)

သိန္းႏွစ္ေသာင္းတန္ အိမ္နဲ႔ စပြန္ဆာေပးမယ္လို႔ အမတေယာက္ရဲ႕ ကမ္းလွမ္းျခင္း ခံခဲ႔ရတဲ႔ ထန္ပါး

အျမင္ဆန္း အသြင္ဆန္းတဲ့ ဖက္႐ွင္ပုံစံေတြ ေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ လူငယ္ေတြေရာ လူႀကီးေတြၾကားမွာပါ ေရပန္းစားလာတဲ့ ခ်င္းတုိင္းရင္းသား ေတးသံ႐ွင္ ထန္ပါးကေတာ့ မိန္းကေလးေတြ ဖက္႐ွင္ထဲမွာဆုိရင္ ေတးသံ႐ွင္ ျဖဴျဖဴေက်ာ္သိန္းရဲ႕ ဖက္႐ွင္ကုိ အရမ္းၾကဳိက္ၿပီး Lady Gaga မေပၚခင္မွာ ျဖဴျဖဴေက်ာ္သိန္းရဲ႕ ဖက္႐ွင္ကုိ လုိက္မွီတဲ့သူ မ႐ွိဘဲ ျဖဴျဖဴေက်ာ္သိန္းက ကမၻာနဲ႔ ခ်ိတ္ဆက္မႈ အားနည္းလုိ႔သာ ကမၻာေက်ာ္ မျဖစ္ခဲ့ရတာပါ လုိ႔ 8days ရဲ႕ အင္တာဗ်ဴးတစ္ခုမွ ေျဖဆုိသြားခဲ့ ပါတယ္။

ဖက္႐ွင္ကုိ ေဝဖန္တာနဲ႔ ပတ္သက္ၿပီး ထန္ပါးက “ ဘာမွ ေျပာစရာမ႐ွိဘူး ကြၽန္ေတာ္တုိ႔က ၾကဳိက္တဲ့သူအတြက္ကုိ ေ႐ွ႕ဆက္ၿပီးသြားမယ္ မႀကိဳက္တဲ့သူ ကေတာ့ ထားခဲ့မွာပါ။ ကုိယ္ခင္လႈိင္က အြန္လုိင္းမွာသတင္းဌာနေတြ ဆီမွာ ေတာင္းပန္တာ ေပါ့ေနာ္ ပုိၿပီးအဲ့တာေၾကာင့္ လူသိမ်ားတယ္ ထင္တယ္ဗ်။ ဒီလုိမ်ိဳး ဖက္႐ွင္ေတြကုိ ပြဲေတြ ဘာေတြ သြားမွပဲ ဝတ္ျဖစ္ ပါတယ္ဗ် ။

ဖက္႐ွင္နဲ႔ ပတ္သက္ၿပီး ဘယ္လုိေျပာရမလဲ ကုိယ့္စတုိင္နဲ႔ ကုိယ္ေပါ့။ ဖက္႐ွင္ ဆုိတာက အမွန္တုိင္း ေျပာရမယ္ ဆုိရင္ ကမၻာမွာ Lady Gaga မိန္းကေလး ဆုိရင္ေနာ္ Lady Gaga မေပၚခင္မွာ ျဖဴျဖဴေက်ာ္သိန္းေပါ့ ျဖဴျဖဴေက်ာ္သိန္းကုိ အားက်ဆုံးပဲ သူကအမွန္တကယ္ ဆုိရင္ ႏုိင္ငံတကာနဲ႔ ဆက္သြယ္တာ အားနည္းလုိ႔ ျဖဴျဖဴေက်ာ္သိန္း ကမၻာမေက်ာ္တာ။

Lady Gagaမေပၚခင္မွ ျဖဴျဖဴေက်ာ္သိန္းစတုိင္က ဘယ္သူမွ မမွီေသးဘူး အခုထိပဲ အဲ့တာေၾကာင့္ အတုိေတာ္ အသစ္ေတြတက္မယ္ဆုိရင္ ကြၽန္ေတာ္ထင္တယ္ ဖက္႐ွင္က အေရးႀကီးတယ္ အသံပုိင္းဆုိင္ရာလည္း အေရးႀကီးတယ္ ၂ ခု တြဲရင္ ဘယ္ေတာ့မွ မက်ႏုိင္ဘူးလုိ႔ ထင္တာပဲ။ သူဝတ္တာေတြက ဘယ္သူမွ လုိက္မမွီဘူး ။

မုိက္ကယ္ဂ်က္ဆင္ၾကည့္ အဲ့တာမွ အခုလူငယ္ေတြ သီခ်င္းဆုိတာပါ မကဘူး ဖက္႐ွင္ပုိင္းလည္း ႀကိဳးစားၾကအုန္းလုိ႔ ကုိယ့္ဟာနဲ႔ကုိယ္ ထြင္ႏုိင္ေအာင္ သူမ်ား အတုမခိုးနဲ႔ သူမ်ား အတုခုိးရင္ေတာ့ ခဏေလးနဲ႔ ႐ုိးသြားမွာ ကိုယ္အုိင္ဒီယာ ႐ွိသေလာက္ ကုိပဲ ၾကဳိးစားၾကပါလုိ႔ ေျပာခ်င္ပါတယ္ ” လုိ႔ ေျပာခဲ့ပါတယ္။

ကုိယ္ရဲ႕စတုိင္ကုိ ျမန္မာနိင္ငံမွာ လုိက္မွီတဲ့သူ႐ွိလားလုိ႔ ေမးျမန္းရာမွာ” ေျပာလုိ႔မရဘူး ကုိယ့္စတုိင္နဲ႔ကုိယ္ဆုိေတာ့ သူမ်ားလည္း ကုိယ္စတုိင္နဲ႔ ကုိယ္ ေနၾကတာေၾကာင့္ အဲ့တာေတာ့ ေျပာလုိ႔မျဖစ္ဘူးဗ်။ ယွဥ္လုိ႔မရဘူး သူတုိ႔လည္း သူစတုိင္နဲ႔သူက ကုိယ္လည္း ထ်န္ပါးစတုိင္ပဲ ေနတယ္ ဆုိေတာ့ ပုိၿပီး သင့္ေတာ္တယ္ လုိ႔ ထင္ပါတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

အႏုပညာလႈပ္႐ွားမႈေတြနဲ႔ ပတ္သက္ၿပီး ထန္ပါးက “ အခုက ရပ္႐ွင္က တကားကုိ သိန္း ၆၀ ေပးမယ္တဲ့ ဒါေပမဲ့ ကြၽန္ေတာ္ သ႐ုပ္ေဆာင္မဲ့ စာရြက္စာတမ္းေတြ အကုန္ ဖတ္ၿပီးမွပဲ လက္ခံမယ္ လုိ႔ ေျပာထားတယ္ သူတုိ႔က သိန္း ၃၀ ေလာက္ကုိ စရံ ခ်ထားမယ္တဲ့ လက္မခံဘူး ဘယ္ေနရာမွာ သ႐ုပ္ေဆာင္မွာလည္း ဘယ္ေနရာမွာ လုပ္မွာလဲေပါ့ေနာ္ အဲ့တာ ဖတ္ၿပီးမွ ေသေသခ်ာခ်ာ ေလ့လာၿပီးမွ လက္ခံမယ္ လုိ႔ ေျပာထားတယ္ ” ေျပာဆုိသြားခဲ့ပါတယ္။

ကုိယ္ရတဲ့ အႏုပညာေၾကးနဲ႔ ကုိယ့္ရဲ႕ ဖက္႐ွင္တန္ဖုိးက မွ်တလားဆုိတဲ့ ေမးခြန္းကုိ ထန္ပါးက “မွ်တတယ္ဗ် ကြၽန္ေတာ္က ဘုရားသခင္ အလုိေတာ္တုိင္းပဲ အခုေတာင္မွ စပြန္ဆာေပးတဲ့သူ မ်ားတယ္ဗ် ဘုရားသခင္ အလုိေတာ္ပဲ ဒါေပမဲ့လည္း ကုိယ့္ဟာနဲ႔ ကုိယ္ ႏုိင္သေလာက္ လုပ္တာ ပုိၿပီး အဆင္ေျပတယ္မ်ားမ်ား မကုန္ဘူး။ ေက်နပ္တာ ကေတာ့ ကြၽန္ေတာ္ဘုရားသခင္ရဲ႕ အလုိေတာ္ကုိ ေက်နပ္တယ္ ။

ကြၽန္ေတာ္ ကမၻာမွာ ဝါသနာအပါဆုံးက အေရာင္းအဝယ္နဲ႔ အဆုိေပါ့ ဘုရားသခင္က ကြၽန္ေတာ္ဝါသနာ ပါတဲ့ ႏွစ္ခုလုံးကုိ လုိက္ေအာင္ လုပ္ေပးတယ္ဆုိေတာ့ ဘဝကုိ အရမ္းေက်နပ္တယ္ ။ အဲ့တာေၾကာင့္ အသက္ ၆၀ အထိပဲ ဆုေတာင္းထားတယ္ ။ ၆၀ ေက်ာ္ ရင္လည္းေက်ာ္ မေက်ာ္ရင္လည္း ဘုရားသခင္ဆီမွာ ၆၀ အထိကုိ အသက္႐ွင္ေအာင္ လုပ္ေပးပါ လုိ႔ ဆုေတာင္းထားတယ္ဗ် ” လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖက္႐ွင္နဲ႔ပတ္သက္ၿပီး သားေတြက ဘာေျပာလဲလုိ႔ ေမးျမန္းရာ ” သားအငယ္ေကာင္ ကေတာ့ လုိက္ခ်င္္တယ္ ဒါေပမဲ့လည္း ေက်ာင္းေနတယ္ ဆုိေတာ့ေလ ေက်ာင္းပညာေရးကုိ ဦးစားေပးထားတာ။ သားသုံးေယာက္က မေဝဖန္ဘူး အားေပးတယ္ ။ အၾကံဥာဏ္ေပးတာေတာ့ ဘာမွမ႐ွိဘူး ဒါအမွန္တုိင္းေျပာမယ္ဆုိရင္ ကြၽန္ေတာ္တုိ႔ ရန္ကုန္မွာ သူေဌးေတြေပါ့ေနာ္ ။ သူေဌးေတြထဲက အမတစ္ေယာက္က ဖုန္းခဏခဏ ေခၚတယ္ ။

ရန္ကုန္မွာက သူအိမ္က သိန္းေပါင္း ၂ ေသာင္းေလာက္ ႐ွိမယ္တဲ့။ အဲ့တာကုိ ထားၿပီးေတာ့ ႐ုပ္႐ွင္ video ေၾကာ္ျငာကအစ အကုန္လုံး သူတုိ႔က စပြန္ဆာ ေပးၿပီးေတာ့ သူ႔အိမ္မွာ ထားမယ္တဲ့ ။ ေနာက္ဆုံးက်ေတာ့ သားသုံးေယာက္အေဖပါ လုိ႔ အျပတ္ေျပာ ။ ကြၽန္ေတာ္ေျပာရင္ မရလုိ႔ သားငယ္ဖုန္း ကုိင္ရင္ ကြၽန္ေတာ္တုိ႔ သားသံုးေယာက္ရဲ႕ အေဖပါ။ ဒီလုိကုိ႔ယ္ဟာနဲ႔ကုိယ္ ထုတ္ႏုိင္တယ္ ဆုိေတာ့ ဘယ္သူမွ စပြန္ဆာ မယူခ်င္လုိ႔ပါ ဆုိမွပဲ ။

သားသမီးဘယ္ႏွစ္ေယာက္ပဲ႐ွိ႐ွိ ဂ႐ုမစုိက္ဘူး ဆုိမွ။ သားေတြကေတာ့ နည္းနည္း ႏုိင္ငံျခားထြက္ရင္လည္း တစ္ေယာက္ေယာက္လုိက္မွပဲ သြားမယ္။ ဆုိးလ္သြားရင္လည္း တစ္ေယာက္ေယာက္လုိက္မွ သြားမယ္။ နည္းနည္းေတာ့ ကန္႔သတ္ခ်က္႐ွိတာေပါ့။ နည္းနည္းလြန္သြားတာ ထင္တယ္။ အဲ့တာေၾကာင့္ သားေတြကေတာ့ အေဖသတိထား သြားတဲ့ေနရာမွာလည္း တစ္ေယာက္ေယာက္ လုိက္မွပဲ အဆင္ေျပမယ္ လုိ႔ေျပာတာေတာ့႐ွိတယ္ ”လုိ႔ ေျပာခဲ့ပါတယ္။

namalgyi

(Unicode)

သိန်းနှစ်သောင်းတန် အိမ်နဲ့ စပွန်ဆာပေးမယ်လို့ အမတယောက်ရဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရတဲ့ ထန်ပါး

အမြင်ဆန်း အသွင်ဆန်းတဲ့ ဖက်ရှင်ပုံစံတွေ ကြောင့် မြန်မာနိုင်ငံရဲ့ လူငယ်တွေရော လူကြီးတွေကြားမှာပါ ရေပန်းစားလာတဲ့ ချင်းတိုင်းရင်းသား တေးသံရှင် ထန်ပါးကတော့ မိန်းကလေးတွေ ဖက်ရှင်ထဲမှာဆိုရင် တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ကို အရမ်းကြိုက်ပြီး Lady Gaga မပေါ်ခင်မှာ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ကို လိုက်မှီတဲ့သူ မရှိဘဲ ဖြူဖြူကျော်သိန်းက ကမ္ဘာနဲ့ ချိတ်ဆက်မှု အားနည်းလို့သာ ကမ္ဘာကျော် မဖြစ်ခဲ့ရတာပါ လို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှ ဖြေဆိုသွားခဲ့ ပါတယ်။

ဖက်ရှင်ကို ဝေဖန်တာနဲ့ ပတ်သက်ပြီး ထန်ပါးက “ ဘာမှ ပြောစရာမရှိဘူး ကျွန်တော်တို့က ကြိုက်တဲ့သူအတွက်ကို ရှေ့ဆက်ပြီးသွားမယ် မကြိုက်တဲ့သူ ကတော့ ထားခဲ့မှာပါ။ ကိုယ်ခင်လှိုင်က အွန်လိုင်းမှာသတင်းဌာနတွေ ဆီမှာ တောင်းပန်တာ ပေါ့နော် ပိုပြီးအဲ့တာကြောင့် လူသိများတယ် ထင်တယ်ဗျ။ ဒီလိုမျိုး ဖက်ရှင်တွေကို ပွဲတွေ ဘာတွေ သွားမှပဲ ဝတ်ဖြစ် ပါတယ်ဗျ ။

ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုပြောရမလဲ ကိုယ့်စတိုင်နဲ့ ကိုယ်ပေါ့။ ဖက်ရှင် ဆိုတာက အမှန်တိုင်း ပြောရမယ် ဆိုရင် ကမ္ဘာမှာ Lady Gaga မိန်းကလေး ဆိုရင်နော် Lady Gaga မပေါ်ခင်မှာ ဖြူဖြူကျော်သိန်းပေါ့ ဖြူဖြူကျော်သိန်းကို အားကျဆုံးပဲ သူကအမှန်တကယ် ဆိုရင် နိုင်ငံတကာနဲ့ ဆက်သွယ်တာ အားနည်းလို့ ဖြူဖြူကျော်သိန်း ကမ္ဘာမကျော်တာ။

Lady Gagaမပေါ်ခင်မှ ဖြူဖြူကျော်သိန်းစတိုင်က ဘယ်သူမှ မမှီသေးဘူး အခုထိပဲ အဲ့တာကြောင့် အတိုတော် အသစ်တွေတက်မယ်ဆိုရင် ကျွန်တော်ထင်တယ် ဖက်ရှင်က အရေးကြီးတယ် အသံပိုင်းဆိုင်ရာလည်း အရေးကြီးတယ် ၂ ခု တွဲရင် ဘယ်တော့မှ မကျနိုင်ဘူးလို့ ထင်တာပဲ။ သူဝတ်တာတွေက ဘယ်သူမှ လိုက်မမှီဘူး ။

မိုက်ကယ်ဂျက်ဆင်ကြည့် အဲ့တာမှ အခုလူငယ်တွေ သီချင်းဆိုတာပါ မကဘူး ဖက်ရှင်ပိုင်းလည်း ကြိုးစားကြအုန်းလို့ ကိုယ့်ဟာနဲ့ကိုယ် ထွင်နိုင်အောင် သူများ အတုမခိုးနဲ့ သူများ အတုခိုးရင်တော့ ခဏလေးနဲ့ ရိုးသွားမှာ ကိုယ်အိုင်ဒီယာ ရှိသလောက် ကိုပဲ ကြိုးစားကြပါလို့ ပြောချင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

ကိုယ်ရဲ့စတိုင်ကို မြန်မာနိင်ငံမှာ လိုက်မှီတဲ့သူရှိလားလို့ မေးမြန်းရာမှာ” ပြောလို့မရဘူး ကိုယ့်စတိုင်နဲ့ကိုယ်ဆိုတော့ သူများလည်း ကိုယ်စတိုင်နဲ့ ကိုယ် နေကြတာကြောင့် အဲ့တာတော့ ပြောလို့မဖြစ်ဘူးဗျ။ ယှဉ်လို့မရဘူး သူတို့လည်း သူစတိုင်နဲ့သူက ကိုယ်လည်း ထျန်ပါးစတိုင်ပဲ နေတယ် ဆိုတော့ ပိုပြီး သင့်တော်တယ် လို့ ထင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထန်ပါးက “ အခုက ရပ်ရှင်က တကားကို သိန်း ၆၀ ပေးမယ်တဲ့ ဒါပေမဲ့ ကျွန်တော် သရုပ်ဆောင်မဲ့ စာရွက်စာတမ်းတွေ အကုန် ဖတ်ပြီးမှပဲ လက်ခံမယ် လို့ ပြောထားတယ် သူတို့က သိန်း ၃၀ လောက်ကို စရံ ချထားမယ်တဲ့ လက်မခံဘူး ဘယ်နေရာမှာ သရုပ်ဆောင်မှာလည်း ဘယ်နေရာမှာ လုပ်မှာလဲပေါ့နော် အဲ့တာ ဖတ်ပြီးမှ သေသေချာချာ လေ့လာပြီးမှ လက်ခံမယ် လို့ ပြောထားတယ် ” ပြောဆိုသွားခဲ့ပါတယ်။

ကိုယ်ရတဲ့ အနုပညာကြေးနဲ့ ကိုယ့်ရဲ့ ဖက်ရှင်တန်ဖိုးက မျှတလားဆိုတဲ့ မေးခွန်းကို ထန်ပါးက “မျှတတယ်ဗျ ကျွန်တော်က ဘုရားသခင် အလိုတော်တိုင်းပဲ အခုတောင်မှ စပွန်ဆာပေးတဲ့သူ များတယ်ဗျ ဘုရားသခင် အလိုတော်ပဲ ဒါပေမဲ့လည်း ကိုယ့်ဟာနဲ့ ကိုယ် နိုင်သလောက် လုပ်တာ ပိုပြီး အဆင်ပြေတယ်များများ မကုန်ဘူး။ ကျေနပ်တာ ကတော့ ကျွန်တော်ဘုရားသခင်ရဲ့ အလိုတော်ကို ကျေနပ်တယ် ။

ကျွန်တော် ကမ္ဘာမှာ ဝါသနာအပါဆုံးက အရောင်းအဝယ်နဲ့ အဆိုပေါ့ ဘုရားသခင်က ကျွန်တော်ဝါသနာ ပါတဲ့ နှစ်ခုလုံးကို လိုက်အောင် လုပ်ပေးတယ်ဆိုတော့ ဘဝကို အရမ်းကျေနပ်တယ် ။ အဲ့တာကြောင့် အသက် ၆၀ အထိပဲ ဆုတောင်းထားတယ် ။ ၆၀ ကျော် ရင်လည်းကျော် မကျော်ရင်လည်း ဘုရားသခင်ဆီမှာ ၆၀ အထိကို အသက်ရှင်အောင် လုပ်ပေးပါ လို့ ဆုတောင်းထားတယ်ဗျ ” လို့ ပြောသွားခဲ့ပါတယ်။

ဖက်ရှင်နဲ့ပတ်သက်ပြီး သားတွေက ဘာပြောလဲလို့ မေးမြန်းရာ ” သားအငယ်ကောင် ကတော့ လိုက်ချင်တယ် ဒါပေမဲ့လည်း ကျောင်းနေတယ် ဆိုတော့လေ ကျောင်းပညာရေးကို ဦးစားပေးထားတာ။ သားသုံးယောက်က မဝေဖန်ဘူး အားပေးတယ် ။ အကြံဉာဏ်ပေးတာတော့ ဘာမှမရှိဘူး ဒါအမှန်တိုင်းပြောမယ်ဆိုရင် ကျွန်တော်တို့ ရန်ကုန်မှာ သူဌေးတွေပေါ့နော် ။ သူဌေးတွေထဲက အမတစ်ယောက်က ဖုန်းခဏခဏ ခေါ်တယ် ။

ရန်ကုန်မှာက သူအိမ်က သိန်းပေါင်း ၂ သောင်းလောက် ရှိမယ်တဲ့။ အဲ့တာကို ထားပြီးတော့ ရုပ်ရှင် video ကြော်ငြာကအစ အကုန်လုံး သူတို့က စပွန်ဆာ ပေးပြီးတော့ သူ့အိမ်မှာ ထားမယ်တဲ့ ။ နောက်ဆုံးကျတော့ သားသုံးယောက်အဖေပါ လို့ အပြတ်ပြော ။ ကျွန်တော်ပြောရင် မရလို့ သားငယ်ဖုန်း ကိုင်ရင် ကျွန်တော်တို့ သားသုံးယောက်ရဲ့ အဖေပါ။ ဒီလိုကို့ယ်ဟာနဲ့ကိုယ် ထုတ်နိုင်တယ် ဆိုတော့ ဘယ်သူမှ စပွန်ဆာ မယူချင်လို့ပါ ဆိုမှပဲ ။

သားသမီးဘယ်နှစ်ယောက်ပဲရှိရှိ ဂရုမစိုက်ဘူး ဆိုမှ။ သားတွေကတော့ နည်းနည်း နိုင်ငံခြားထွက်ရင်လည်း တစ်ယောက်ယောက်လိုက်မှပဲ သွားမယ်။ ဆိုးလ်သွားရင်လည်း တစ်ယောက်ယောက်လိုက်မှ သွားမယ်။ နည်းနည်းတော့ ကန့်သတ်ချက်ရှိတာပေါ့။ နည်းနည်းလွန်သွားတာ ထင်တယ်။ အဲ့တာကြောင့် သားတွေကတော့ အဖေသတိထား သွားတဲ့နေရာမှာလည်း တစ်ယောက်ယောက် လိုက်မှပဲ အဆင်ပြေမယ် လို့ပြောတာတော့ရှိတယ် ”လို့ ပြောခဲ့ပါတယ်။

namalgyi