ဦးေက်ာ္သူရဲ႕ ရင္သပ္ရႈ႕ေမာဖြယ္ ႀကီးက်ယ္ခမ္းနားလြန္းလွတဲ့ အိမ္ႀကီးအေၾကာင္း

0
292

( For Zawgyi )

ဦးေက်ာ္သူရဲ႕ ရင္သပ္ရႈ႕ေမာဖြယ္ ၾကီးက်ယ္ ခမ္းနားလြန္းလွတဲ့ အိမ္ႀကီးအေၾကာင္း

ဦးေက်ာ္သူဟာဆိုရင္ အကယ္ဒမီ ထူးခြ်န္ဆုေတြ အမ်ားၾကီး ရရွိထားျပီး နာေရး ကူညီမႈေတြအျပင္ ပရဟိတေတြလည္း မ်ားစြာလုပ္တာေၾကာင့္ ျမန္မာ တစ္နုိင္ငံလံုး ဗမာ တစ္မ်ိဳးသားလံုးက ေလးစားရတဲ့ အနုပညာရွင္ၾကီး တစ္ဦးျဖစ္ပါတယ္။

ဦးေက်ာ္သူဟာ မၾကာေသးမီက Interview မွာ သူ႔ရဲ႕ အနုပညာဆန္ဆန္ ဖန္တီး တည္ေဆာက္ထားျပီး အဓိပၸါယ္ေတြ ျပည့္ဝေနတဲ့ ရင္သပ္ရႈ႕ေမာဖြယ္ အိမ္ၾကီးအေၾကာင္းနဲ႔ အိမ္ကုိ အလွဆင္ထားတဲ့ ပစၥည္းေတြရဲ႕ အဓိပၸါယ္ေတြအေၾကာင္း ေျပာျပသြားပါတယ္…

ဦးေက်ာ္သူက ျခံထဲမွာ သစ္ပင္ေတြနဲ႔ ေရွးေဟာင္း ပစၥည္းေတြနဲ႔ အလွဆင္ထားတဲ့ အေၾကာင္းနဲ႔ ပုဏၰားဘကြန္း ရုပ္တုၾကီးနဲ႔ အမွတ္တရေတြ အေၾကာင္းကုိ “မနက္ မုိးလင္းလုိ႔ပဲျဖစ္ျဖစ္ ကုိယ္အလုပ္က ျပန္လာလို႔ပဲျဖစ္ျဖစ္ ဒီအိမ္ေရာက္ျပီဆိုရင္ စိတ္က ရႊင္လန္းတာေပါ့ေနာ္။

ဒီလုိ ဖန္တီးမႈေလးေတြ။ ဒါကေတာ့ ကြ်န္ေတာ့္ရဲ႕ ပုဏၰားဘကြန္းေပါ့။ ကြ်န္ေတာ့္ရဲ႕ ပံုတူ ရုပ္တုၾကီးေပါ့။ ရုပ္ရွင္ ရိုက္တုန္းက ရုပ္ရွင္ရံုေရွ႕မွာ ရုပ္တုၾကီးနဲ႔ ဘုတ္ၾကီးေထာင္ျပီး “ဆင္းရဲရင္္ နွိပ္စက္ၾကလိမ့္မယ္။ ခ်မ္းသာေအာင္ လုပ္ၾက”ဆိုတဲ့ေဆာင္ပုဒ္ေရးတာ။ အဲဒါကုိ အစုိးရက လာျဖဳတ္ခိုင္းတယ္။ ဆင္းရဲရင္ နွိပ္စက္လိမ့္မယ္ ခ်မ္းသာေအာင္လုပ္ဆိုတာ သူတို႔ကုိ အရြဲ႕တိုက္တယ္ ဆိုျပီးေတာ့ လာျဖဳတ္ခုိင္းတယ္”လို႔ ေျပာျပထားပါတယ္…

ဦးေက်ာ္သူက ခ်စ္သူ ဇနီးမယားဆီက အေျဖရခဲ့တဲ့ေန႔က အထိန္းအမွတ္ ပစၥည္းေလးကုိ အိပ္ခန္းတံခါးမွာ ခ်ိတ္ဆြဲထားတာကုိလည္း “ဒါကေတာ့ ကြ်န္ေတာ္ တကၠသုိလ္တုန္းက တကၠသုိလ္ေပါင္းစံုေလွေလွာ္ျပိဳင္ပြဲမွာ ဒုတိယဆုခဲ့တာ။ အဲဒီ ဒုတိယဆု ရတဲ့ပြဲမွာပဲ ကြ်န္ေတာ့္ဇနီး ေရႊဇိီးကြက္ရဲ႕အခ်စ္ကုိကြ်န္ေတာ္ လက္ခံရခဲ့တယ္”လို႔လည္း ၾကည္နူးဖြယ္ ေျပာျပထားပါတယ္။

ဦးေက်ာ္သူရဲ႕ အိပ္ခန္းအတြင္းမွာေတာ့ ပစၥည္းေတြကုိ သပ္သပ္ရပ္ရပ္ေလး ျပင္ဆင္ ထားရွိထားတာကုိ ေတြ႔ရျပီး ပန္းေရာင္ဝက္ရုပ္ေလးကုိလည္း ေတြ႔ရတာမို႔ ဦးေက်ာ္သူဟာ လူၾကမ္းၾကီးေပမယ့္ အသည္းနုတာကုိ သတိျပဳမိစရာပါပဲ…

ဦးေက်ာ္သူရဲ႕ ဧည့္ခန္းအတြင္းမွာေတာ့ ေငြထည္ ပစၥည္းေတြ ၊ ေရွးေခတ္က ဓားၾကီးေတြ၊ ပန္းခ်ီကားေတြနဲ႔ အလွဆင္ထားတာကုိ ေတြ႕ရျပီး အဲဒီထဲမွာ အေမစုရဲ႕ ပံုတူ ပန္းခ်ီကားၾကီးကေတာ့ အထင္ကရ အျဖစ္ဆံုးပါပဲ။ အေမစုရဲ႕ ပန္းခ်ီကားၾကီး အေၾကာင္းကုိ ဦးေက်ာ္သူက “ကြ်န္ေတာ့္တစ္သက္မွာ ဘယ္ပန္းခ်ီမွ မဝယ္ျဖစ္ဘူး။ ဒီပန္းခ်ီကားကုိ ဝယ္လိုက္ရတယ္။ ေဒၚလာ ဘယ္ေလာက္လဲမသိဘူး။ ဒါကုိ Facebook မွာေတြ႕ကတည္းက ကြ်န္ေတာ့္ကုိ ဆြဲေဆာင္ေနတယ္။

အေမ့ရဲ႕ မ်က္လံုးေတြ နႈတ္ခမ္းေတြက အရမ္းကုိ အသက္ဝင္တယ္။ အေမစုရဲ႕ မ်က္လံုးက မင္း ရုတ္ရုတ္ ရုတ္ရုတ္ မလုပ္နဲ႔ေနာ္ဆိုတဲ့ အၾကည့္မ်ိဳး မင္း သီလ မေဖာက္ျပန္နဲ႔ဆိုတဲ့ အၾကည့္မ်ိဳး။ မင္းတို႔ လာဘ္မစားနဲ႔ဆိုတဲ့ အၾကည့္မ်ိဳး။ ကြ်န္ေတာ္ မနက္မိုးလင္းရင္ အခန္းထဲက ထြက္လာတယ္။ Breakfast စားတယ္။ တစ္ခါေတြ႕တယ္။ အလုပ္သြားခါနီး တစ္ခါၾကည့္လိုက္တယ္။ ၿပီးျပီ… အဲဒီ သေဘာနဲ႔ ကြ်န္ေတာ္ဧည့္ခန္းမွာ အထင္ကရထားတယ္” လို႔ ရင္ဖြင့္ ေျပာျပထားပါတယ္…

ဦးေက်ာ္သူရဲ႕ အိမ္ၾကီးက ေဆာက္ထားတာ တစ္နွစ္ပဲ ရွိေသးတယ္လို႔ သိရျပီ။ ဂငယ္ပံုအိမ္ရဲ႕ အလည္မွာ ေရကူးကန္ၾကီး အၾကီးၾကီးလည္း ရွိပါတယ္။ ဒါ့အျပင္ ဘုရား အဆူေပါင္းမ်ားစြာ ၾကည္ညိဳ သဒၶါတရားပြားမ်ားဖြယ္ ပူေဇာ္ထားတဲ့ ဘုရားခန္းၾကီးကိုလည္း ေတြ႕ရျပီး ခမ္းနားျပီး ေနခ်င့္စဖြယ္ အိမ္ၾကီးရခို္င္ဆိုတာ မလြဲပါပဲ…

ပရိသတ္ၾကီးေရာ ဦးေက်ာ္သူကုိ ခ်စ္ၾကလား။ ဦးေက်ာ္သူရဲ႕ အိမ္ၾကီးကုိ အလည္တစ္ေခါက္ ေရာက္ဖူးခ်င္ၾကလား။ ဦးေက်ာ္သူရဲ႕ ေရွ႕ဆက္လုပ္မယ့္ အနုပညာေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး. . .

Can’t Wait To Say

( For Unicode )

ဦးကျော်သူရဲ့ရင်သပ်ရှု့မောဖွယ် ကြီးကျယ်ခမ်းနားလွန်းလှတဲ့ အိမ်ကြီးအကြောင်း

ဦးကျော်သူဟာဆိုရင် အကယ်ဒမီ ထူးချွန်ဆုတွေ အများကြီး ရရှိထားပြီး နာရေးကူညီမှုတွေအပြင် ပရဟိတတွေလည်း များစွာလုပ်တာကြောင့် မြန်မာ တစ်နိုင်ငံလုံး ဗမာ တစ်မျိုးသားလုံးက လေးစားရတဲ့ အနုပညာရှင်ကြီး တစ်ဦးဖြစ်ပါတယ်။ ဦးကျော်သူဟာ မကြာသေးမီက Interview မှာ သူ့ရဲ့ အနုပညာဆန်ဆန် ဖန်တီးတည်ဆောက်ထားပြီး အဓိပ္ပါယ်တွေ ပြည့်ဝနေတဲ့ ရင်သပ်ရှု့မောဖွယ် အိမ်ကြီးအကြောင်းနဲ့ အိမ်ကို အလှဆင်ထားတဲ့ ပစ္စည်းတွေရဲ့ အဓိပ္ပါယ်တွေအကြောင်း ပြောပြသွားပါတယ်…

ဦးကျော်သူက ခြံထဲမှာ သစ်ပင်တွေနဲ့ ရှေးဟောင်း ပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့ အကြောင်းနဲ့ ပုဏ္ဏားဘကွန်း ရုပ်တုကြီးနဲ့ အမှတ်တရတွေ အကြောင်းကို “မနက် မိုးလင်းလို့ပဲဖြစ်ဖြစ် ကိုယ်အလုပ်က ပြန်လာလို့ပဲဖြစ်ဖြစ် ဒီအိမ်ရောက်ပြီဆိုရင် စိတ်က ရွှင်လန်းတာပေါ့နော်။ ဒီလို ဖန်တီးမှုလေးတွေ။ ဒါကတော့ ကျွန်တော့်ရဲ့ ပုဏ္ဏားဘကွန်းပေါ့။ ကျွန်တော့်ရဲ့ ပုံတူ ရုပ်တုကြီးပေါ့။ ရုပ်ရှင် ရိုက်တုန်းက ရုပ်ရှင်ရုံရှေ့မှာ ရုပ်တုကြီးနဲ့ ဘုတ်ကြီးထောင်ပြီး “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်။ ချမ်းသာအောင် လုပ်ကြ”ဆိုတဲ့ဆောင်ပုဒ်ရေးတာ။ အဲဒါကို အစိုးရက လာဖြုတ်ခိုင်းတယ်။ ဆင်းရဲရင် နှိပ်စက်လိမ့်မယ် ချမ်းသာအောင်လုပ်ဆိုတာ သူတို့ကို အရွဲ့တိုက်တယ် ဆိုပြီးတော့ လာဖြုတ်ခိုင်းတယ်”လို့ ပြောပြထားပါတယ်…

ဦးကျော်သူက ချစ်သူ ဇနီးမယားဆီက အဖြေရခဲ့တဲ့နေ့က အထိန်းအမှတ် ပစ္စည်းလေးကို အိပ်ခန်းတံခါးမှာ ချိတ်ဆွဲထားတာကိုလည်း “ဒါကတော့ ကျွန်တော် တက္ကသိုလ်တုန်းက တက္ကသိုလ်ပေါင်းစုံလှေလှော်ပြိုင်ပွဲမှာ ဒုတိယဆုခဲ့တာ။ အဲဒီ ဒုတိယဆု ရတဲ့ပွဲမှာပဲ ကျွန်တော့်ဇနီး ရွှေဇီးကွက်ရဲ့အချစ်ကိုကျွန်တော် လက်ခံရခဲ့တယ်”လို့လည်း ကြည်နူးဖွယ် ပြောပြထားပါတယ်။ ဦးကျော်သူရဲ့ အိပ်ခန်းအတွင်းမှာတော့ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်လေး ပြင်ဆင် ထားရှိထားတာကို တွေ့ရပြီး ပန်းရောင်ဝက်ရုပ်လေးကိုလည်း တွေ့ရတာမို့ ဦးကျော်သူဟာ လူကြမ်းကြီးပေမယ့် အသည်းနုတာကို သတိပြုမိစရာပါပဲ…

ဦးကျော်သူရဲ့ ဧည့်ခန်းအတွင်းမှာတော့ ငွေထည် ပစ္စည်းတွေ ၊ ရှေးခေတ်က ဓားကြီးတွေ၊ ပန်းချီကားတွေနဲ့ အလှဆင်ထားတာကို တွေ့ရပြီး အဲဒီထဲမှာ အမေစုရဲ့ ပုံတူ ပန်းချီကားကြီးကတော့ အထင်ကရ အဖြစ်ဆုံးပါပဲ။ အမေစုရဲ့ ပန်းချီကားကြီး အကြောင်းကို ဦးကျော်သူက “ကျွန်တော့်တစ်သက်မှာ ဘယ်ပန်းချီမှ မဝယ်ဖြစ်ဘူး။ ဒီပန်းချီကားကို ဝယ်လိုက်ရတယ်။ ဒေါ်လာ ဘယ်လောက်လဲမသိဘူး။ ဒါကို Facebook မှာတွေ့ကတည်းက ကျွန်တော့်ကို ဆွဲဆောင်နေတယ်။ အမေ့ရဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေက အရမ်းကို အသက်ဝင်တယ်။ အမေစုရဲ့ မျက်လုံးက မင်း ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်ဆိုတဲ့ အကြည့်မျိုး မင်း သီလ မဖောက်ပြန်နဲ့ဆိုတဲ့ အကြည့်မျိုး။ မင်းတို့ လာဘ်မစားနဲ့ဆိုတဲ့ အကြည့်မျိုး။ ကျွန်တော် မနက်မိုးလင်းရင် အခန်းထဲက ထွက်လာတယ်။ Breakfast စားတယ်။ တစ်ခါတွေ့တယ်။ အလုပ်သွားခါနီး တစ်ခါကြည့်လိုက်တယ်။ ပြီးပြီ… အဲဒီ သဘောနဲ့ ကျွန်တော်ဧည့်ခန်းမှာ အထင်ကရထားတယ်”လို့ ရင်ဖွင့် ပြောပြထားပါတယ်…

ဦးကျော်သူရဲ့ အိမ်ကြီးက ဆောက်ထားတာ တစ်နှစ်ပဲ ရှိသေးတယ်လို့ သိရပြီ။ ဂငယ်ပုံအိမ်ရဲ့ အလည်မှာ ရေကူးကန်ကြီး အကြီးကြီးလည်း ရှိပါတယ်။ ဒါ့အပြင် ဘုရား အဆူပေါင်းများစွာ ကြည်ညို သဒ္ဓါတရားပွားများဖွယ် ပူဇော်ထားတဲ့ ဘုရားခန်းကြီးကိုလည်း တွေ့ရပြီး ခမ်းနားပြီး နေချင့်စဖွယ် အိမ်ကြီးရခိုင်ဆိုတာ မလွဲပါပဲ…

ပရိသတ်ကြီးရော ဦးကျော်သူကို ချစ်ကြလား။ ဦးကျော်သူရဲ့ အိမ်ကြီးကို အလည်တစ်ခေါက် ရောက်ဖူးချင်ကြလား။ ဦးကျော်သူရဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး. . .

Can’t Wait To Say