ဗိုက္ဆာေနတဲ့ ႏြားသုံးေကာင္ စတိုးဆိုင္ထဲ ၀င္စားသြားတဲ့ ထူးထူးဆန္းဆန္းျဖစ္ရပ္ (ရုပ္သံ)

0
271

(For Zawgyi)

စတိုးဆိုင္ထဲက အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ဝင္ၿပီးစားသြားတဲ့ ဗိုက္ဆာေနတဲ့ ႏြားသံုးေကာင္

Hong Kong မွာရွိတဲ့ စတိုးဆိုင္ တစ္ခုထဲကို ဗိုက္ဆာေနတဲ့ ႏြားသံုးေကာင္ ဝင္လာၿပီး စားခ်င္တာေတြ ယူစားၾကတဲ့အခါ ေစ်းဝယ္သူေတြ ဝရုန္းသုန္းကား ျဖစ္သြားၾကပါတယ္။ Mui Wo ၿမိဳ႕က စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ကိုင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Lantua ကၽြန္းရဲ႕ အေရွ႕ဘက္ကမ္းရိုးတန္းမွာ တည္ရွိပါတယ္။

ၾကာသပေတးေန႔က Mui Wo ၿမိဳ႕ရဲ႕ စတိုးဆိုင္ တစ္ဆိုင္ထဲကို ႏြားရိုင္းသံုးေကာင္ ဝင္လာၿပီး အသီးအႏံွေတြ စားေနၾကတာကို ကင္မရာနဲ႔ ရိုက္ယူႏိုင္ခဲ့ပါတယ္။ ႏြားေတြက အေအးဓာတ္လႊတ္ထားတဲ့ စင္ေတြေပၚက ပန္းသီး၊ သစ္ေတာ္သီးနဲ႔ ခ်ယ္ရီသီးေတြကို အငမ္းမရ စားခဲ့ၾကပါတယ္။

ဒီစတိုးဆိုင္က Hong Kong က အႀကီးဆံုး စူပါမားကတ္ရဲ႕ ဆိုင္ခြဲတစ္ခု ျဖစ္ပါတယ္။ ဆိုင္ဝန္ထမ္းေတြကေတာ့ ဒီအတိုင္းပဲ ၾကည့္ေနၿပီးေတာ့ ေစ်းဝယ္သူ တစ္ေယာက္က ႏြားေတြကို ငွက္ေပ်ာသီး ေကၽြးလိုက္ပါတယ္။

ႏြားေတြက ဆိုင္ထဲမွာ ခဏတာေလာက္ပဲ ေနၿပီး ျပန္ထြက္သြားပါတယ္။ ဆိုင္ဝန္ထမ္းေတြက တာဝန္ရွိသူေတြကို အေၾကာင္းၾကား လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ ႏြားေတြစားသြားတဲ့ အသီးအႏွံေတြကို ရွင္းလင္းလိုက္ပါတယ္။

တခ်ိဳ႕ကေတာ့ ဒီထူးထူးဆန္းဆန္း ျဖစ္ရပ္ကို သေဘာက်ေန ၾကပါတယ္။ တခ်ိဳ႕ေတြ႕ကေတာ့ တိရစၧာန္ေတြအတြက္ စားက်က္ေျမ နည္းပါးလာမႈနဲ႔ သက္ဆုိင္တယ္ လို႔ ထင္ျမင္ခ်က္ ေပးၾကပါတယ္။ Video ကို တင္တင္ခ်င္းပဲ Facebook သံုးသူတစ္ေယာက္က “ဒီႏွစ္က ႏြားႏွစ္ မဟုတ္ေသးပါဘူး” လို႔ စေနာက္ခဲ့ပါတယ္။

“ႏြားေလးေတြ သနားပါတယ္။ သူတို႔ အရမ္း ဗိုက္ဆာေနလို႔ လုပ္မိလုပ္ရာ လုပ္တာပါ” လို႔ တစ္ေယာက္က comment ေရးထားပါတယ္။

“ဆိုင္က ဝန္ထမ္းေတြက ႏြားေတြကို ေအးေအးေဆးေဆး စားခြင့္ျပဳထားတာကိုပဲ ဝမ္းသာပါတယ္။ ႏြားေလးေတြ သနားပါတယ္” လို႔ ေနာက္တစ္ေယာက္ကလည္း comment ေရးထားပါေသးတယ္။

Lantau ကၽြန္း၊ Sai Kung ၿမိဳ႕၊ Ma On Shan ၿမိဳ႕နဲ႔ Hong Kong ရဲ႕ အလယ္ပိုင္းေဒသ၊ အေရွ႕ေျမာက္ပိုင္း ေဒသတို႔မွာ စုစုေပါင္း ႏြားရိုင္းေကာင္ေရ 1100 အထက္နဲ႔ ကၽြဲရိုင္းေကာင္ေရ 120 အထက္ ရွိတယ္လို႔ စိုက္ပ်ိဳးေရး၊ ငါးလုပ္ငန္းနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဌာနက ေျပာပါတယ္။

Mui Wo ခရိုင္ရဲ႕ေကာင္စီဝင္ Andy Wong Man-han ကေတာ့ Mui Wo ၿမိဳ႕မွာ ႏြားရိုင္းေကာင္ေရ 30ေလာက္နဲ႔ ကၽြဲရိုင္းေကာင္ေရ 40ေလာက္ရွိတယ္ လို႔ ေျပာပါတယ္။ ၿပီးေတာ့ စတိုးဆိုင္ထဲကို ႏြားရိုင္းေတြကို ဝင္သြားတာ သူ႔အတြက္ ပထမဆံုးအႀကိမ္ ၾကားဖူးျခင္းပါ လို႔ Ming Pao သတင္းစာကို ေျပာပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက စားက်က္ေျမေတြကို ေဘာလံုးကြင္းေတြ၊ ကုန္ေလွာင္ရံုေတြ ၊အမွိုက္စြန္႔ပစ္တဲ့ ေနရာေတြအျဖစ္ ေျပာင္းလဲလိုက္ လို႔ ႏြားေတြအတြက္ ေနစရာ၊ စားစရာ မရွိေတာ့တာပါလို႔ Lantau Buffalo အသင္းရဲ႕ ဥကၠဌ Ho Lay က ေျပာပါတယ္။

Zombie(Loveshortnotes)
Source – Dailymail

(For Uniocode)

စတိုးဆိုင်ထဲက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဝင်ပြီးစားသွားတဲ့ ဗိုက်ဆာနေတဲ့ နွားသုံးကောင်

Hong Kong မှာရှိတဲ့ စတိုးဆိုင် တစ်ခုထဲကို ဗိုက်ဆာနေတဲ့ နွားသုံးကောင် ဝင်လာပြီး စားချင်တာတွေ ယူစားကြတဲ့အခါ ဈေးဝယ်သူတွေ ဝရုန်းသုန်းကား ဖြစ်သွားကြပါတယ်။ Mui Wo မြို့က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး Lantua ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။

ကြာသပတေးနေ့က Mui Wo မြို့ရဲ့ စတိုးဆိုင် တစ်ဆိုင်ထဲကို နွားရိုင်းသုံးကောင် ဝင်လာပြီး အသီးအနံှတွေ စားနေကြတာကို ကင်မရာနဲ့ ရိုက်ယူနိုင်ခဲ့ပါတယ်။ နွားတွေက အအေးဓာတ်လွှတ်ထားတဲ့ စင်တွေပေါ်က ပန်းသီး၊ သစ်တော်သီးနဲ့ ချယ်ရီသီးတွေကို အငမ်းမရ စားခဲ့ကြပါတယ်။

ဒီစတိုးဆိုင်က Hong Kong က အကြီးဆုံး စူပါမားကတ်ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းတွေကတော့ ဒီအတိုင်းပဲ ကြည့်နေပြီးတော့ ဈေးဝယ်သူ တစ်ယောက်က နွားတွေကို ငှက်ပျောသီး ကျွေးလိုက်ပါတယ်။

နွားတွေက ဆိုင်ထဲမှာ ခဏတာလောက်ပဲ နေပြီး ပြန်ထွက်သွားပါတယ်။ ဆိုင်ဝန်ထမ်းတွေက တာဝန်ရှိသူတွေကို အကြောင်းကြား လိုက်ပါတယ်။ အဲဒီနောက်မှာတော့ နွားတွေစားသွားတဲ့ အသီးအနှံတွေကို ရှင်းလင်းလိုက်ပါတယ်။

တချို့ကတော့ ဒီထူးထူးဆန်းဆန်း ဖြစ်ရပ်ကို သဘောကျနေ ကြပါတယ်။ တချို့တွေ့ကတော့ တိရစ္ဆာန်တွေအတွက် စားကျက်မြေ နည်းပါးလာမှုနဲ့ သက်ဆိုင်တယ် လို့ ထင်မြင်ချက် ပေးကြပါတယ်။ Video ကို တင်တင်ချင်းပဲ Facebook သုံးသူတစ်ယောက်က “ဒီနှစ်က နွားနှစ် မဟုတ်သေးပါဘူး” လို့ စနောက်ခဲ့ပါတယ်။

“နွားလေးတွေ သနားပါတယ်။ သူတို့ အရမ်း ဗိုက်ဆာနေလို့ လုပ်မိလုပ်ရာ လုပ်တာပါ” လို့ တစ်ယောက်က comment ရေးထားပါတယ်။

“ဆိုင်က ဝန်ထမ်းတွေက နွားတွေကို အေးအေးဆေးဆေး စားခွင့်ပြုထားတာကိုပဲ ဝမ်းသာပါတယ်။ နွားလေးတွေ သနားပါတယ်” လို့ နောက်တစ်ယောက်ကလည်း comment ရေးထားပါသေးတယ်။

Lantau ကျွန်း၊ Sai Kung မြို့၊ Ma On Shan မြို့နဲ့ Hong Kong ရဲ့ အလယ်ပိုင်းဒေသ၊ အရှေ့မြောက်ပိုင်း ဒေသတို့မှာ စုစုပေါင်း နွားရိုင်းကောင်ရေ 1100 အထက်နဲ့ ကျွဲရိုင်းကောင်ရေ 120 အထက် ရှိတယ်လို့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနက ပြောပါတယ်။

Mui Wo ခရိုင်ရဲ့ကောင်စီဝင် Andy Wong Man-han ကတော့ Mui Wo မြို့မှာ နွားရိုင်းကောင်ရေ 30လောက်နဲ့ ကျွဲရိုင်းကောင်ရေ 40လောက်ရှိတယ် လို့ ပြောပါတယ်။ ပြီးတော့ စတိုးဆိုင်ထဲကို နွားရိုင်းတွေကို ဝင်သွားတာ သူ့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်းပါ လို့ Ming Pao သတင်းစာကို ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက စားကျက်မြေတွေကို ဘောလုံးကွင်းတွေ၊ ကုန်လှောင်ရုံတွေ ၊အမှိုက်စွန့်ပစ်တဲ့ နေရာတွေအဖြစ် ပြောင်းလဲလိုက် လို့ နွားတွေအတွက် နေစရာ၊ စားစရာ မရှိတော့တာပါလို့ Lantau Buffalo အသင်းရဲ့ ဥက္ကဌ Ho Lay က ပြောပါတယ်။

Zombie(Loveshortnotes)
Source – Dailymail