
0
410

( For Zawgyi )







Rowena
Source: Ba wa’s fb

( For Unicode )

ဘ၀ ရေးပေးခဲ့တဲ့ မြင့်မြတ်အတွက် “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းဗီဒီယို(ရုပ်သံ)

The Voice Myanmar Season (1) မှာ သီဆိုယှဉ်ပြိုင်ရင်း ပရိသတ်တွေ သတိထားမိလာခဲ့တဲ့ ဘဝက အခုလက်ရှိမှာလဲ သူကိုယ်တိုင် သီချင်းတွေရေးပြီး သီဆိုနေပြီ ဖြစ်ပါတယ်။ The Voice Myanmar မှာ ဘဝသီဆိုခဲ့တဲ့ ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ် သီချင်းကို Raggae ပုံစံနဲ့ သီဆိုခဲ့တာကလဲ ပရိသတ်တွေကြားမှာ တော်တော်ကြီး ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်…

ဒီနေ့မှာ ဘဝက သူအရမ်းကြိုက်တဲ့ Idol ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မြင့်မြတ်အတွက် သူကိုယ်တိုင် သီချင်းလေး တစ်ပုဒ်ရေးပြီး သီဆိုပေးခဲ့ပါတယ်။ သီချင်းလေး နာမည်က “ဟျောင့် ဒုက္ခပါပဲကွာ” လို့ အမည်ရပါတယ်…

ဘဝက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ကျွန်တော်က ကိုမြင့်မြတ်ရဲ့ FAN အစစ် ဆိုလည်း လုံး၀ နောင်ဘဝထိဆိုလည်း မမှားဘူးဗျာ ခ်ခ် သူ သရုပ်ဆောင်တာလေးကြည့်ပြီး ကြွေပြီး သီချင်းရေးမိခဲ့တယ် ကိုမြင့်မြတ်နေရာကနေ ဝင်ပြီး နားသာ ဆင်ကြည့်ပေတော့ဗျာ” ဆိုပြီး ပြောထားပါတယ်…

ဘဝရေးဆိုတီးထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ခံစား နားဆင်ပေးကြပါဦးနော်…

ပရိသတ်တွေလဲ ဘဝ သီဆိုထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်. . .

Rowena
Source: Ba wa’s fb