တရားရံုးဆင့္ေခၚစာရလို႔ ရဲေရွ႕မွာတင္ ရည္းစားရဲ႕ဆိုင္ကယ္ကို တစ္စစီ ဖ်က္ဆီးပစ္တဲ့ အမ်ိဳးသား (ရုပ္သံ)

0
12121

(For Zawgyi)

ယာဥ္ကို မဆင္မျခင္ေမာင္းတဲ့ video ေတြကို အရင္က ျမင္ဖူးၾကပါတယ္။ ဒါေပမယ့္ ဒီ video ကေတာ့ အေတာ္ကို ဆိုးပါတယ္။ လမ္းေဘး တစ္ေနရာမွာ ရဲအရာရွိ တစ္ေယာက္ဆီကေန ဆင့္ေခၚစာရလို႔ ေဒါသအိုး ေပါက္ကြဲေနတဲ့ လူငယ္ တစ္ေယာက္ရဲ႕ video ဟာ ေဖေဖာ္ဝါရီလ 7 ရက္က အင္ဒိုနီးရွား social mediaေတြၾကားမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ Serpong ၿမိဳ႕မွာ မနက္ေျခာက္နာရီခြဲ ေလာက္မွာ ျဖစ္ခဲ့ပါတယ္။ Adi Saputra လို႔ေခၚတဲ့သူဟာ အျဖဴေရာင္ တီရွပ္ကို ဝတ္ထားၿပီး သူ႔ရဲ႕ရည္းစားလုိ႔ ယူဆရတဲ့ မိန္းကေလးနဲ႔ ဆိုင္ကယ္ အတူစီးလာပါတယ္။

အဲဒီအခ်ိန္မွာ ရဲအရာရွိ Oky က Adi ကို ယာဥ္စည္းကမ္းကို အႀကိမ္ေပါင္းမ်ားစြာ ေဖာက္ဖ်က္မႈနဲ႔ ဆိုင္ကယ္ ရပ္ခိုင္းပါတယ္။ 56 စကၠန္႔ၾကာတဲ့ ဒီ video ထဲမွာ Adi ဟာ ေဒါသ အႀကီးအက်ယ္ထြက္ၿပီး ဆိုင္ကယ္ကို တစ္စစီ ဖ်က္ဆီးေနတာကို ေတြ႕ရမွာပါ။

သူရဲ႕ေကာင္မေလးက ငိုၿပီး ေတာင္းပန္ေပမယ့္ Adi က ဂရုမစိုက္ပါဘူး။ Adi ဟာ ပါးစပ္ကလည္း က်ိန္ဆဲၿပီး ဆိုင္ကယ္ကို ဆက္ၿပီး ဖ်က္ဆီးေနပါတယ္။ ဒါတင္ မကေသးပါဘူး။ Adi ဟာ ေက်ာက္ခဲကို ယူၿပီး ဆိုင္ကယ္ကို အခ်က္ေပါင္းမ်ားစြာ ထုေနပါေသးတယ္။

ရဲက ေအးေအးေဆးေဆး ရပ္ၿပီး Adi ကို ၾကည့္ေနပါတယ္။ အဲဒီေနာက္မွာေတာ့ Adi အတြက္ ဆင့္ေခၚစာကို ဆက္ေရးေန လိုက္ပါတယ္။ Adi က ဆုိင္ကယ္ ဦးထုပ္မေဆာင္းမႈ၊ လမ္းေျပာင္းျပန္ေမာင္းမႈ တို႔ေၾကာင့္ ရဲက လုိက္လာတာလို႔ Detik သတင္းစာက ေဖာ္ျပပါတယ္။

ရဲက Adi ကို သက္ေသခံ အေထာက္အထားေတြ ေတာင္းတဲ့အခါ Adi မွာ ယာဥ္ေမာင္းလိုင္စင္ေရာ ဆုိင္ကယ္လိုင္စင္ပါ မရွိတဲ့အျပင္ မွတ္ပံုတင္ပါ ယူခဲ့ဖို႔ ေမ့ေနပါေသးတယ္။ သူ ဖ်က္ဆီးခဲ့တဲ့ ဆိုင္ကယ္ကိုေတာ့ ရဲက သက္ေသအျဖစ္ သိမ္းဆည္းထားပါတယ္။

Adi က ဆိုင္ကယ္လိုင္စင္ကို မီးရွို႔ပစ္တဲ့ video ကိုလည္း Okezone သတင္းဌာနက ေဖာ္ျပထားပါေသးတယ္။ အခုေတာ့ Adi ဟာ ယာဥ္စည္းကမ္း ေဖာက္ဖ်က္မႈနဲ႔ တရားစြဲခံရၿပီး ဒဏ္ေၾကးေတြလည္း အမ်ားႀကီး ေဆာင္ေနရပါၿပီ။

သူဖ်က္ဆီးတဲ့ ဆိုင္ကယ္ကလည္း သူ႔ဆိုင္ကယ္ မဟုတ္ပါဘူး။ သူ႔ေကာင္မေလးရဲ႕ဆိုင္ကယ္ပါ။ Adi ဟာ အရင္ကလည္း ယာဥ္စည္းကမ္း ေဖာက္ဖ်က္မႈနဲ႔ တရားစြဲဆို ခံရဖူးပါတယ္။ အဲဒီတုန္းကေတာ့ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ 480နဲ႔ တရားစြဲ ခံရပါတယ္။

စီရင္ခ်က္ ခ်ၿပီးရင္ေတာ့ Adi ဟာ ေထာင္ဒဏ္ေလးလ အျမင့္ဆံုး က်ခံရမွာပါ။ ေနာက္ၿပီး Adi ဟာ အရက္ေသစာနဲ႔ တရားမဝင္ နီကိုတင္းေတြ သံုးစြဲထားသလား ဆိုတာ ဆံုးျဖတ္ႏိုင္ဖို႔ အတြက္ ဆီးအစစ္ခံရ ဦးမွာပါ။

Zombie(Loveshortnotes)
Source – World of Buzz

(For Unicode)

တရားရုံးဆင့်ခေါ်စာရလို့ ရဲရှေ့မှာတင် ရည်းစားရဲ့ဆိုင်ကယ်ကို တစ်စစီ ဖျက်ဆီးပစ်တဲ့ အမျိုးသား (ရုပ်သံ)

ယာဉ်ကို မဆင်မခြင်မောင်းတဲ့ video တွေကို အရင်က မြင်ဖူးကြပါတယ်။ ဒါပေမယ့် ဒီ video ကတော့ အတော်ကို ဆိုးပါတယ်။ လမ်းဘေး တစ်နေရာမှာ ရဲအရာရှိ တစ်ယောက်ဆီကနေ ဆင့်ခေါ်စာရလို့ ဒေါသအိုး ပေါက်ကွဲနေတဲ့ လူငယ် တစ်ယောက်ရဲ့ video ဟာ ဖေဖော်ဝါရီလ 7 ရက်က အင်ဒိုနီးရှား social mediaတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ Serpong မြို့မှာ မနက်ခြောက်နာရီခွဲ လောက်မှာ ဖြစ်ခဲ့ပါတယ်။ Adi Saputra လို့ခေါ်တဲ့သူဟာ အဖြူရောင် တီရှပ်ကို ဝတ်ထားပြီး သူ့ရဲ့ရည်းစားလို့ ယူဆရတဲ့ မိန်းကလေးနဲ့ ဆိုင်ကယ် အတူစီးလာပါတယ်။

အဲဒီအချိန်မှာ ရဲအရာရှိ Oky က Adi ကို ယာဉ်စည်းကမ်းကို အကြိမ်ပေါင်းများစွာ ဖောက်ဖျက်မှုနဲ့ ဆိုင်ကယ် ရပ်ခိုင်းပါတယ်။ 56 စက္ကန့်ကြာတဲ့ ဒီ video ထဲမှာ Adi ဟာ ဒေါသ အကြီးအကျယ်ထွက်ပြီး ဆိုင်ကယ်ကို တစ်စစီ ဖျက်ဆီးနေတာကို တွေ့ရမှာပါ။

သူရဲ့ကောင်မလေးက ငိုပြီး တောင်းပန်ပေမယ့် Adi က ဂရုမစိုက်ပါဘူး။ Adi ဟာ ပါးစပ်ကလည်း ကျိန်ဆဲပြီး ဆိုင်ကယ်ကို ဆက်ပြီး ဖျက်ဆီးနေပါတယ်။ ဒါတင် မကသေးပါဘူး။ Adi ဟာ ကျောက်ခဲကို ယူပြီး ဆိုင်ကယ်ကို အချက်ပေါင်းများစွာ ထုနေပါသေးတယ်။

ရဲက အေးအေးဆေးဆေး ရပ်ပြီး Adi ကို ကြည့်နေပါတယ်။ အဲဒီနောက်မှာတော့ Adi အတွက် ဆင့်ခေါ်စာကို ဆက်ရေးနေ လိုက်ပါတယ်။ Adi က ဆိုင်ကယ် ဦးထုပ်မဆောင်းမှု၊ လမ်းပြောင်းပြန်မောင်းမှု တို့ကြောင့် ရဲက လိုက်လာတာလို့ Detik သတင်းစာက ဖော်ပြပါတယ်။

ရဲက Adi ကို သက်သေခံ အထောက်အထားတွေ တောင်းတဲ့အခါ Adi မှာ ယာဉ်မောင်းလိုင်စင်ရော ဆိုင်ကယ်လိုင်စင်ပါ မရှိတဲ့အပြင် မှတ်ပုံတင်ပါ ယူခဲ့ဖို့ မေ့နေပါသေးတယ်။ သူ ဖျက်ဆီးခဲ့တဲ့ ဆိုင်ကယ်ကိုတော့ ရဲက သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။

Adi က ဆိုင်ကယ်လိုင်စင်ကို မီးရှို့ပစ်တဲ့ video ကိုလည်း Okezone သတင်းဌာနက ဖော်ပြထားပါသေးတယ်။ အခုတော့ Adi ဟာ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ တရားစွဲခံရပြီး ဒဏ်ကြေးတွေလည်း အများကြီး ဆောင်နေရပါပြီ။

သူဖျက်ဆီးတဲ့ ဆိုင်ကယ်ကလည်း သူ့ဆိုင်ကယ် မဟုတ်ပါဘူး။ သူ့ကောင်မလေးရဲ့ဆိုင်ကယ်ပါ။ Adi ဟာ အရင်ကလည်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ တရားစွဲဆို ခံရဖူးပါတယ်။ အဲဒီတုန်းကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ 480နဲ့ တရားစွဲ ခံရပါတယ်။

စီရင်ချက် ချပြီးရင်တော့ Adi ဟာ ထောင်ဒဏ်လေးလ အမြင့်ဆုံး ကျခံရမှာပါ။ နောက်ပြီး Adi ဟာ အရက်သေစာနဲ့ တရားမဝင် နီကိုတင်းတွေ သုံးစွဲထားသလား ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အတွက် ဆီးအစစ်ခံရ ဦးမှာပါ။

Zombie(Loveshortnotes)
Source – World of Buzz