ႏွပ္ခ်ီးစားျခင္းက အသားျဖဴေစႏိုင္ေၾကာင္း ေတြ႕ရွိ

0
2078

(Zawgyi)

ႏွပ္ခ်ီးစားျခင္းက အသားျဖဴေစႏိုင္ေၾကာင္း ေတြ႕ရွိ

လူေတြဟာ ငယ္ငယ္ ကတည္းက ႏွပ္ေခ်း နိႈက္တဲ့ အက်င့္ ရွိခဲ့ၾက ပါတယ္ ။ ကေလး ဘဝမွာ ႏွပ္ေခ်းနႈိက္ျပီး အဲဒါေလးကုိ လံုးလံုး ေနရတာ ကုိက စည္းစိမ္ တမ်ိဳး ပါပဲ။ ဒါေပမယ့္ လူၾကီးေတြက ႏွပ္ေခ်းနိႈက္တဲ့ အက်င့္ကို ရံႈ႕ခ်ျပီး ပဲ့ျပင္ေပးျခင္းနဲ႔ ႏွပ္ေခ်း နႈိက္ရတဲ့ စည္းစိမ္ကုိ ကေလးေတြ လက္ထဲကေန လုယူ သြားပါ ေတာ့တယ္ ။

တကယ္ေတာ့ လူၾကီးေတြ အေနနဲ႔လည္း ပုိးမႊားေတြကုိ ပါးစပ္ထဲ မဝင္ေအာင္ ကာကြယ္ေပးတဲ့ အေနနဲ႔ ႏွပ္ေခ်းနိႈက္တဲ့ အက်င့္ကုိ ေဖ်ာက္ေပးတာပါ။ ဒါေပမယ့္ ပိုးမႊား မွန္သမွ်ဟာ မေကာင္းတဲ့ ပုိးမႊားေတြခ်ည္း မဟုတ္တာကုိ သတိခ်ပ္ရ ပါမယ္ ။

ကေနဒါမွာ ရွိတဲ့ Saskatchewan University က ဇီဝသုေတသန ပညာရွင္ ေဒါက္တာ တစ္ဦးရဲ႕ မၾကာေသးမီက သုေတသနျပဳခ်က္ေတြ အရေတာ့ ႏွပ္ေခ်း နုႈိက္ျခင္းဟာ လံုးဝ မေကာင္းတာေတာ့ မဟုတ္ ပါဘူးတဲ့ ။ စည္းနဲ႔ ကမ္းနဲ႔ နိႈက္မယ္ ဆိုရင္ က်န္းမာေရးနဲ႔ေတာင္ ညီညြတ္ ေသးတယ္လုိ႔ သိရပါတယ္ ။

ႏွပ္ေခ်းစားျခင္းဟာ က်န္းမာေရး အတြက္ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူး မ်ားစြာ ရေစျပီး ခုခံအားကုိ ျမွင့္တင္ ေပးႏိုင္တဲ့ အျပင္ ေရာဂါပိုးမႊားေတြကုိ ကာကြယ္ ႏိုင္စြမ္းကုိပါ ျမွင့္တင္ေပးတယ္ လို႔ သိရပါတယ္ ။

ဒါေပမယ့္ တခ်ိဳ႕ေသာ ပညာရွင္ေတြကေတာ့ လူေတြက အိပ္ေနစဥ္ အတြင္းမွာကုိ ႏွာေခါင္းထဲက အက်ိအခၽြဲေတြကုိ မ်ိဳခ်မိ ေနတာေၾကာင့္ ႏွပ္ေခ်းကုိ တကူးတက စားဖို႔ မလိုပါဘူး လို႔ ျငင္းဆန္ေန ၾကသူေတြလည္း ရွိေန ပါတယ္ ။

ဒါ့အျပင္ ႏွပ္ေခ်းဟာ အသားအရည္ထဲက မေကာင္းတဲ့ ဓာတ္ေတြကုိ တုိက္ထုတ္ေပးျပီး ပိုးမႊားေတြ မဝင္ေအာင္ ကာကြယ္ေပးရံု သာမက မယ္လနင္ ဓာတ္ေတြ ကုိလည္း ေလွ်ာ့ခ်ေပးတာမို႔ ႏွပ္ေခ်းကုိသူ႔အတုိင္းအတာနဲ႔ သူ ပံုမွန္ စားရင္ အသားေတာင္ ျဖဴေစႏိုင္တယ္ ဆိုတဲ့ စမ္းသပ္ခ်က္ေတြ လည္း ထြက္ရွိလို႔ လာပါတယ္ ။

ဒါေၾကာင့္ ေနာက္မၾကာ ေတာ့တဲ့ ကာလေတြမွာ နွပ္ေခ်းကုိ လူေတြ စားလို႔ ရတဲ့ အရသာမ်ိဳး ျဖစ္ေအာင္ ရသာ ထည့္သြင္းေပးဖို႔ ေဖာ္ျမဴလာ ေဖာ္စပ္မႈေတြလည္း ျပဳလုပ္ေနၾကၿပီ လို႔ သိရ ပါတယ္ ။

သူငယ္ခ်င္းတို႔ေရာ အသား တကယ္ ျဖဴမယ္ ဆိုရင္ ႏွပ္ေခ်း စားမွာလား။ ဒါမွမဟုတ္ အေသသာ ခံလိုက္မယ္ မစားဘူးလား။ ငယ္ငယ္ကေရာ နွပ္ေခ်းနိႈက္တဲ့ အက်င့္ ရွိဖူးလား။ ေျပာခဲ့ၾက ပါဦး။

Can’t Wait To Say

(Unicode)

နှပ်ချီးစားခြင်းက အသားဖြူစေနိုင်ကြောင်း တွေ့ရှိ

လူတွေဟာ ငယ်ငယ် ကတည်းက နှပ်ချေး နှိုက်တဲ့ အကျင့် ရှိခဲ့ကြ ပါတယ် ။ ကလေး ဘဝမှာ နှပ်ချေးနှိုက်ပြီး အဲဒါလေးကို လုံးလုံး နေရတာ ကိုက စည်းစိမ် တမျိုး ပါပဲ။ ဒါပေမယ့် လူကြီးတွေက နှပ်ချေးနှိုက်တဲ့ အကျင့်ကို ရှုံ့ချပြီး ပဲ့ပြင်ပေးခြင်းနဲ့ နှပ်ချေး နှိုက်ရတဲ့ စည်းစိမ်ကို ကလေးတွေ လက်ထဲကနေ လုယူ သွားပါ တော့တယ် ။

တကယ်တော့ လူကြီးတွေ အနေနဲ့လည်း ပိုးမွှားတွေကို ပါးစပ်ထဲ မဝင်အောင် ကာကွယ်ပေးတဲ့ အနေနဲ့ နှပ်ချေးနှိုက်တဲ့ အကျင့်ကို ဖျောက်ပေးတာပါ။ ဒါပေမယ့် ပိုးမွှား မှန်သမျှဟာ မကောင်းတဲ့ ပိုးမွှားတွေချည်း မဟုတ်တာကို သတိချပ်ရ ပါမယ် ။

ကနေဒါမှာ ရှိတဲ့ Saskatchewan University က ဇီဝသုတေသန ပညာရှင် ဒေါက်တာ တစ်ဦးရဲ့ မကြာသေးမီက သုတေသနပြုချက်တွေ အရတော့ နှပ်ချေး နုှိုက်ခြင်းဟာ လုံးဝ မကောင်းတာတော့ မဟုတ် ပါဘူးတဲ့ ။ စည်းနဲ့ ကမ်းနဲ့ နှိုက်မယ် ဆိုရင် ကျန်းမာရေးနဲ့တောင် ညီညွတ် သေးတယ်လို့ သိရပါတယ် ။

နှပ်ချေးစားခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူး များစွာ ရစေပြီး ခုခံအားကို မြှင့်တင် ပေးနိုင်တဲ့ အပြင် ရောဂါပိုးမွှားတွေကို ကာကွယ် နိုင်စွမ်းကိုပါ မြှင့်တင်ပေးတယ် လို့ သိရပါတယ် ။

ဒါပေမယ့် တချို့သော ပညာရှင်တွေကတော့ လူတွေက အိပ်နေစဉ် အတွင်းမှာကို နှာခေါင်းထဲက အကျိအချွဲတွေကို မျိုချမိ နေတာကြောင့် နှပ်ချေးကို တကူးတက စားဖို့ မလိုပါဘူး လို့ ငြင်းဆန်နေ ကြသူတွေလည်း ရှိနေ ပါတယ် ။

ဒါ့အပြင် နှပ်ချေးဟာ အသားအရည်ထဲက မကောင်းတဲ့ ဓာတ်တွေကို တိုက်ထုတ်ပေးပြီး ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးရုံ သာမက မယ်လနင် ဓာတ်တွေ ကိုလည်း လျှော့ချပေးတာမို့ နှပ်ချေးကိုသူ့အတိုင်းအတာနဲ့ သူ ပုံမှန် စားရင် အသားတောင် ဖြူစေနိုင်တယ် ဆိုတဲ့ စမ်းသပ်ချက်တွေ လည်း ထွက်ရှိလို့ လာပါတယ် ။

ဒါကြောင့် နောက်မကြာ တော့တဲ့ ကာလတွေမှာ နှပ်ချေးကို လူတွေ စားလို့ ရတဲ့ အရသာမျိုး ဖြစ်အောင် ရသာ ထည့်သွင်းပေးဖို့ ဖော်မြူလာ ဖော်စပ်မှုတွေလည်း ပြုလုပ်နေကြပြီ လို့ သိရ ပါတယ် ။

သူငယ်ချင်းတို့ရော အသား တကယ် ဖြူမယ် ဆိုရင် နှပ်ချေး စားမှာလား။ ဒါမှမဟုတ် အသေသာ ခံလိုက်မယ် မစားဘူးလား။ ငယ်ငယ်ကရော နှပ်ချေးနှိုက်တဲ့ အကျင့် ရှိဖူးလား။ ပြောခဲ့ကြ ပါဦး။

Can’t Wait To Say