အေရွ ႔ေတာင္အာရွရဲ႕ အလွဆံုးျဖစ္တဲ့ ျမန္မာႏိုင္ငံက ဟိုက္ပါေရတံခြန္

0
502

( For Zawgyi )

အေရွ ႔ေတာင္အာရွရဲ႕ အလွဆံုးျဖစ္တဲ့ ျမန္မာႏိုင္ငံက ဟိုက္ပါေရတံခြန္

ေရာက္ဖူးခဲ့သမၽွ ေရတံခြန္ေတြထဲမွာ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္း႐ွဴးၿမိဳ႕ အေနာက္ေတာင္ဘက္ (၁၂) အကြာ ဟိုက္ပါေက်းရြာအနီးမွာ တည္ရွိတဲ့ ဟိုက္ပါေရတံခြန္က ျမန္မာႏိုင္ငံမွာ သာမက အေရွ႕ေတာင္ အာရွမွာပါ အလွဆံုးလို႔ ႏိုင္ငံျခား ခရီးသြားဧည့္သည္ေတြက သတ္မွတ္ၾကပါတယ္…

ပန္ေခ်ာင္းေပၚမွာ တည္ရွိၿပီး အထပ္ထပ္ အဆင့္ဆင့္ အသြယ္သြယ္ ျဖာက်ေနတဲ့ ေရတံခြန္ျဖစ္ၿပီး ျမင္ရတာ အလြန္ပသဒရွိတာမို႔ အေရွ ႔ေတာင္ အာရွမွာ အလွဆံုး ေရတံခြန္လို႔ေျပာၾကတာ ျဖစ္မွာပါ…

ယခင္က ၿငိမ္းခ်မ္းေရအဖြဲ႕ေတြ ထိန္းခ်ဳပ္ထားတဲ့ ေနရာျဖစ္တာမို႔ လူသူအေရာက္ေပါက္ နည္းခဲ့ေပမယ့္ ခုခ်ိန္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ား လာေရာက္လည္ပတ္ရင္း တစ္ဆင့္စကား တစ္ဆင့္နား ေျပာၾကရာက လူသိမ်ားလာၿပီ ျဖစ္ပါတယ္…

ဟိုက္ပါေရတံခြန္ ကိုေတာင္ႀကီးကေန ကားနဲ႔ သြားသြားမယ္ဆိုရင္ (၆)နာရီေက်ာ္ေလာက္ ေမာင္းရပါတယ္။ မိုင္းပြန္၊ ပင္လံု၊ လဲခ်ား၊ မိုင္းေနာင္၊ မိုင္း႐ွဴးမေရာက္မီ လမ္းခြဲေလးကေန၆ မိုင္ခန္႔ ဝင္လိုက္ရင္ေတာ့ အလြန္သာယာလွပတဲ့ ဟိုက္ပါရြာနဲ႔ ဟိုက္ပါ ေရတံခြန္ရဲ ႔ သဘာဝ အလွေတြကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမွာပါ…

ဟိုက္ပါေရတံခြန္ကို ခရီးၾကံဳလို႔ ဝင္ေရာက္လည္ပတ္ အပန္းေျဖရင္ျဖစ္ျဖစ္။ တကူးတက သြားေရာက္လည္ၾကမယ္ ဆိုရင္ျဖစ္ျဖစ္ ေရတံခြန္ရဲ႕ သဘာဝ အလွေတြကို ပ်က္စီးေစမယ္ စည္းကမ္းမဲ့ အျပဳအမူေတြ (အမႈိက္ပစ္ျခင္း၊ ဘီယာ ဘူးခြံ၊ ပလတ္စတစ္ ဘူးခြံ၊ ေဆးလိပ္ ဘူးခြံမ်ား စြန္႔ပစ္ျခင္း) ကို ေရွာင္ၾကဥ္ၾကမယ္ဆိုရင္ မၾကာမီ ခရီးသြားလုပ္ငန္း အလြန္ ဖြံ႔ၿဖိဳးလာဖြယ္ရွိတဲ့ ဟိုက္ပါ ေရတံခြန္ကို မပ်က္စီးေအာင္ တစ္ဖက္တစ္လမ္းက ကူညီ ေစာင့္ေရွာက္ရာ က်မွာပါ…

သဘာဝအတိုင္း သာယာလွပေနတဲ့ အေရွ႕ေတာင္ အာရွမွာ အလွပဆံုး ဟိုက္ပါေရတံခြန္ကို စိတ္အေမာေတြေျဖဖို႔ တစ္ခါ တစ္ေခါက္ေလာက္ သြားေရာက္ လည္ပတ္ၾကပါ စို႔လားဗ်ာ …… ။

Photo – Yar Dee Bar

Credit – Myanmar Traveller

( For Unicode )

အရှေ့တောင်အာရှရဲ့ အလှဆုံးဖြစ်တဲ့ မြန်မာနိုင်ငံက ဟိုက်ပါရေတံခွန်

ရောက်ဖူးခဲ့သမျှ ရေတံခွန်တွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ အနောက်တောင်ဘက် (၁၂) အကွာ ဟိုက်ပါကျေးရွာအနီးမှာ တည်ရှိတဲ့ ဟိုက်ပါရေတံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင် အာရှမှာပါ အလှဆုံးလို့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေက သတ်မှတ်ကြပါတယ်…

ပန်ချောင်းပေါ်မှာ တည်ရှိပြီး အထပ်ထပ် အဆင့်ဆင့် အသွယ်သွယ် ဖြာကျနေတဲ့ ရေတံခွန်ဖြစ်ပြီး မြင်ရတာ အလွန်ပသဒရှိတာမို့ အရှေ့တောင် အာရှမှာ အလှဆုံး ရေတံခွန်လို့ပြောကြတာ ဖြစ်မှာပါ…

ယခင်က ငြိမ်းချမ်းရေအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာမို့ လူသူအရောက်ပေါက် နည်းခဲ့ပေမယ့် ခုချိန်မှာတော့ လူတော်တော်များများ လာရောက်လည်ပတ်ရင်း တစ်ဆင့်စကား တစ်ဆင့်နား ပြောကြရာက လူသိများလာပြီ ဖြစ်ပါတယ်…

ဟိုက်ပါရေတံခွန် ကိုတောင်ကြီးကနေ ကားနဲ့ သွားသွားမယ်ဆိုရင် (၆)နာရီကျော်လောက် မောင်းရပါတယ်။ မိုင်းပွန်၊ ပင်လုံ၊ လဲချား၊ မိုင်းနောင်၊ မိုင်းရှူးမရောက်မီ လမ်းခွဲလေးကနေ၆ မိုင်ခန့် ဝင်လိုက်ရင်တော့ အလွန်သာယာလှပတဲ့ ဟိုက်ပါရွာနဲ့ ဟိုက်ပါ ရေတံခွန်ရဲ့ သဘာဝ အလှတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ…

ဟိုက်ပါရေတံခွန်ကို ခရီးကြုံလို့ ဝင်ရောက်လည်ပတ် အပန်းဖြေရင်ဖြစ်ဖြစ်။ တကူးတက သွားရောက်လည်ကြမယ် ဆိုရင်ဖြစ်ဖြစ် ရေတံခွန်ရဲ့ သဘာဝ အလှတွေကို ပျက်စီးစေမယ် စည်းကမ်းမဲ့ အပြုအမူတွေ (အမှိုက်ပစ်ခြင်း၊ ဘီယာ ဘူးခွံ၊ ပလတ်စတစ် ဘူးခွံ၊ ဆေးလိပ် ဘူးခွံများ စွန့်ပစ်ခြင်း) ကို ရှောင်ကြဉ်ကြမယ်ဆိုရင် မကြာမီ ခရီးသွားလုပ်ငန်း အလွန် ဖွံ့ဖြိုးလာဖွယ်ရှိတဲ့ ဟိုက်ပါ ရေတံခွန်ကို မပျက်စီးအောင် တစ်ဖက်တစ်လမ်းက ကူညီ စောင့်ရှောက်ရာ ကျမှာပါ…

သဘာဝအတိုင်း သာယာလှပနေတဲ့ အရှေ့တောင် အာရှမှာ အလှပဆုံး ဟိုက်ပါရေတံခွန်ကို စိတ်အမောတွေဖြေဖို့ တစ်ခါ တစ်ခေါက်လောက် သွားရောက် လည်ပတ်ကြပါ စို့လားဗျာ …… ။

Photo – Yar Dee Bar

Credit – Myanmar Traveller