
0
120

( For Zawgyi )







ရုပ်သံကြည့်ရှုရန်

creidt – momolay

( For Unicode )

မိဘရင်ခွင်မဲ့နေတဲ့ သနားစရာကောင်းတဲ့ခလေး လေးတွေဆီ လှူဒါန်းခဲ့ကြတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ချစ်စရာ( ရုပ်သံ)

သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦပါ။ ဘေဘီမောင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင် အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ချစ် ပရိသတ်တွေအတွက် သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦးရဲ့ မိဘမဲ့ ကလေးတွေ ဆီသွားရောက်ခဲ့တဲ့ ပုံရိပ်ကလေးကို ဖော်ပြ ပေးလိုက်ပါတယ်နော်…

ဘေဘီမောင်က ချစ်ရတဲ့ ချစ်သူ သားဂန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်း နေတာပါ။ နယ်ပွဲတွေ မှာ သီချင်း သွားဆိုဖြစ်နေတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့က ခုတစ်ခါမှာတော့ မိဘမဲ့ ကလေးများဆီ သွားရောက် လှူဒါန်းခဲ့တဲ့ အကြောင်းကို ဘေဘီမောင်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်…

ဘေဘီမောင်က ” မိဘရင်ခွင်မဲ့နေတဲ့ သနားစရာ ကောင်းတဲ့ခလေး လေးတွေ ဘေဘီမွေးနေ့ကျရင်သွားလှူမယ် ခလေးတွေနဲ့ အတူတူ ကိတ်ခွဲမယ် ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်ပေးမယ် မွေးနေ့ နီးရင် fb အသဲတွေလည်း ဖိတ်မယ်နော် ဘေဘီနဲ့တူတူ လာသွားလှူကြမယ်နော် ☺️🙏🏻” ဆိုပြီး ပြောထားပါတယ်….

သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့မိဘမဲ့ ကလေးတွေဆီ သွားရောက်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်…

ရုပ်သံကြည့်ရှုရန်

creidt – momolay