အလကားပဲ သီခ်င္းကို ခ်စ္ဇနီးေလး အေရွ႕မွာ ခံစားခ်က္ အျပည့္နဲ႔ သီဆိုျပေနတဲ့ ေျပတီဦးရဲ႕ ဗီဒီယိုဖိုင္ေလး

0
1062

(Zawgyi)

အလကားပဲ သီခ်င္းကို ခ်စ္ဇနီးေလး အေရွ႕မွာ ခံစားခ်က္ အျပည့္နဲ႔ သီဆိုျပေနတဲ့ ေျပတီဦးရဲ႕ ဗီဒီယိုဖိုင္ေလး

သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေျပတီဦးနဲ႔ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံကေတာ့ အမ်ားက ေလးစား အားက် ခ်စ္တဲ့ ျပည္သူခ်စ္ အႏုပညာရွင္ စုံတြဲေလး ျဖစ္ပါတယ္ ။ ထိပ္တန္း အႏုပညာရွင္ေတြ အျဖစ္ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ အူဝဲတို႔ စုံတြဲက ေပ်ာ္႐ႊင္စရာ ေကာင္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ ထားတာ လည္း ျဖစ္ပါတယ္။

ဒါ့အျပင္ သူတို႔ စုံတြဲေလး က ေန နဲ႔ လ ေ႐ႊနဲ႔ျမ လို လိုက္ဖက္ ညီတဲ့ စုံတြဲေလးပဲ ျဖစ္ပါတယ္ ။

အခုလက္ရွိ မွာေတာ့ ဦးတီနဲ႔ အူဝဲတို႔ ဇနီးေမာင္ႏွံက ” MMTM Petrol ” ရဲ႕ ကံထူးရွင္ ဆုေပးပြဲကို တက္ေရာက္ေန ၾကတာ ျဖစ္ပါတယ္ ။ လိုက္ဖက္ညီစြာ ပြဲတက္လာ ၾကတဲ့ သူတို႔ စုံတြဲေလးကေတာ့ ကံထူး သူေတြကို ကိုယ္တိုင္ တက္ေရာက္ ဆုခ်ီးျမႇင့္ေပး ခဲ့ၾကတာ ေတြ႕ရပါတယ္ ။ ဒါ့အျပင္ ဦးတီက ေဖ်ာ္ေျဖေရး အစီအစဥ္ အခ်ိန္မွာေတာ့ သီခ်င္းေတြ လိုက္ဆိုၿပီး ပရိသတ္ေတြကို Live လႊင့္ေပးခဲ့ ပါေသးတယ္။

ဦးတီကေတာ့ ” အလကားပဲ ” ဆိုတဲ့ သီခ်င္းေလးကို အူဝဲရဲ႕ အေရွ႕မွာ ခံစားခ်က္ အျပည့္နဲ႔ သီဆိုျပခဲ့တာေၾကာင့္ အူဝဲ တစ္ေယာက္ သေဘာက်ခဲ့ရ ပါတယ္။ သီခ်င္း ဆိုရတာ ဝါသနာ ပါတဲ့ ဦးတီ ကေတာ့ ပြဲတိုင္း လိုလို သီခ်င္း ဆိုၿပီး ပရိသတ္ေတြ အတြက္ Live လႊင့္ေပးေလ့ ရွိတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ ပရိသတ္ေတြ အတြက္ ေပ်ာ္႐ႊင္ၾကည္ႏူးစရာ ေကာင္းတဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံရဲ႕ live ဗီဒီယိုဖိုင္ေလးေတြကို ေအာက္မွာ တင္ဆက္ေပးလိုက္ ပါတယ္ေနာ္ ။

ရုပ္သံၾကည့္ရႈရန္

Source: Pyay Ti Oo and Eaindra Kyaw Zin, Crd – Myanmarload

(Unicode)

အလကားပဲ သီချင်းကို ချစ်ဇနီးလေး အရှေ့မှာ ခံစားချက် အပြည့်နဲ့ သီဆိုပြနေတဲ့ ပြေတီဦးရဲ့ ဗီဒီယိုဖိုင်လေး

သရုပ်ဆောင် မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ အများက လေးစား အားကျ ချစ်တဲ့ ပြည်သူချစ် အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ် ။ ထိပ်တန်း အနုပညာရှင်တွေ အဖြစ် အောင်မြင်မှုတွေ ရရှိထားတဲ့ အူဝဲတို့ စုံတွဲက ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားတာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ စုံတွဲလေး က နေ နဲ့ လ ရွှေနဲ့မြ လို လိုက်ဖက် ညီတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ် ။

အခုလက်ရှိ မှာတော့ ဦးတီနဲ့ အူဝဲတို့ ဇနီးမောင်နှံက ” MMTM Petrol ” ရဲ့ ကံထူးရှင် ဆုပေးပွဲကို တက်ရောက်နေ ကြတာ ဖြစ်ပါတယ် ။ လိုက်ဖက်ညီစွာ ပွဲတက်လာ ကြတဲ့ သူတို့ စုံတွဲလေးကတော့ ကံထူး သူတွေကို ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်ပေး ခဲ့ကြတာ တွေ့ရပါတယ် ။ ဒါ့အပြင် ဦးတီက ဖျော်ဖြေရေး အစီအစဉ် အချိန်မှာတော့ သီချင်းတွေ လိုက်ဆိုပြီး ပရိသတ်တွေကို Live လွှင့်ပေးခဲ့ ပါသေးတယ်။

ဦးတီကတော့ ” အလကားပဲ ” ဆိုတဲ့ သီချင်းလေးကို အူဝဲရဲ့ အရှေ့မှာ ခံစားချက် အပြည့်နဲ့ သီဆိုပြခဲ့တာကြောင့် အူဝဲ တစ်ယောက် သဘောကျခဲ့ရ ပါတယ်။ သီချင်း ဆိုရတာ ဝါသနာ ပါတဲ့ ဦးတီ ကတော့ ပွဲတိုင်း လိုလို သီချင်း ဆိုပြီး ပရိသတ်တွေ အတွက် Live လွှင့်ပေးလေ့ ရှိတာ ဖြစ်ပါတယ် ။ ကဲ ချစ် ပရိသတ်တွေ အတွက် ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ live ဗီဒီယိုဖိုင်လေးတွေကို အောက်မှာ တင်ဆက်ပေးလိုက် ပါတယ်နော် ။

ရုပ်သံကြည့်ရှုရန်

Source: Pyay Ti Oo and Eaindra Kyaw Zin, Crd – Myanmarload