
0
122

( For Zawgyi )





Photo – Yone Lay

( For Unicode )

ရေခဲတောင်ကိုအတူတက်မယ့် သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်ကို နောက်ပြောင်လိုက်တဲ့ ယုန်လေး

ပရိသတ်အချစ်တော် သုံးယောက်ဖြစ်တဲ့ အကယ်ဒမီမြင့်မြတ် ၊ အဆိုတော် ယုန်လေးနဲ့ JZ ဒေါင်းလွဏ်းတို့ သုံးယောက်သား သင်ဇာဝင့်ကျော်နဲ့အတူ ရေခဲတောင် တက်ကြမှာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးနဲ့ ပက်သက်ပြီး အဆိုတော် ယုန်လေးတစ်ယောက် သူ့ရဲ့ လူမှု ကွန်ယက်ကနေတဆင့် သင်ဇာ့ကို စနောက် ကျီစယ်လိုက်တာပဲ ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ပျော်နေတတ်ပြီး စနောက်တတ်တဲ့ ယုန်လေးတစ်ယောက် သင်ဇာ့ကိုလဲ နောက်ပြောင်လိုက်ပြန်တာ ဖြစ်ပါတယ်…

သီချင်းခွေတွေလည်း ထွက်ရှိထားပြီး အနုပညာအပိုင်းကို အတော်လေး အားကြိုးမာန်တက်နဲ့ ကြိုးစားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေဟာ လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ စွဲထင် ကျနေရစ်ပြီး ရုပ်ရှင် ဇာတ်ကားတွေကိုလည်း ပုံမှန်နဲ့ ကွဲထွက်နေတဲ့ အမိုက်စား ဖန်တီးမှုတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း တင်ဆက်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်…

ဒီတစ်ခေါက်မှာတော့ ယုန်လေးတစ်ယောက် သူတို့သုံးယောက်ရဲ့ ပုံရိပ်လေးတစ်ခုကို ” ဒီ သုံးယောက် နဲ့ သင်ဇာနဲ့ ရေခဲတောင်တက်ပြီ ရေခဲတောင် နဲ့ သင်ဇာ Fashion နဲ့တွေ့ပြီလေ . haa haa haaa ” ဆိုပြီး စနောက်ထားတာပဲ ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ ယုန်လေးတစ်ယောက် ခင်မင်သူတွေကို စနောက်နေပုံက ပရိသတ်တွေဆီကိုလည်း အပျော်တွေ ကူးစက်စေပါတယ်….

Photo – Yone Lay