0
95
(Zawgyi)
ပြောရတော့တာ
စကားမစပ်
👇👇👇👇👇
အောင်ဆန်း(ဓာတု)
(Unicode)
မိုးယံ ဂျင်းကြီး မမိကြဖို့
အိမ်က အမေက မသိလို့ ထိုးလာတယ် ။ ၁ ထောင်တန် ထီ ၁၀ ရွက် ၁၁၀၀၀ တဲ့ ။ ထီလက်မှတ် မကြည့်သေးခင် အော် အင်း တစောင် ၁၀၀ အမြတ်တင် ပေးရမှာပဲလေ ဆိုပြီး နေလိုက်တယ် ။ ပြီးမှ ထီလက်မှတ်ပုံစံ မြင်ဖူးချင်တာနဲ့ ထီဂဏန်း ကြည့်ချင်တာနဲ့ တောင်းကြည့်တော့ ။
ဟိုက် 🙄🙄 သိန်း ၂ သောင်းငါးထောင် ဆိုပါလားးး ဟ ။ ကိုယ်သိထားတာ သိန်း ၁သောင်းငါးထောင်ထီ ပါဆိုပြီး စာတွေ သေချာလိုက်ဖက် ထီလက်မှတ်တွေ ထုတ်စစ်မှ အော် သိလိုက်ပြီ ။ အဖြေ က
မသိနားမလည်တဲ့ လူတချို့ (ကိုယ့်အမေ အပါအဝင်) ကို ဂျင်း အတောက်လိုက် ထည့် တဲ့ ဖြစ်စဉ်
၁၀၀၀ တန် လက်မှတ် ၉ရွက် ထည့် ၊
၅၀၀ တန် လက်မှတ် ၁ ရွက် ညှပ်ပြီး
၁၀၀၀တန် ထီ အမြင့်ဆုံးဆု သိန်း ၁ သောင်းခွဲ
၅၀၀တန် ထီ အမြင့်ဆုံးဆု သိန်း ၁ သောင်း
စုစုပေါင်း သိန်း ၂ သောင်းခွဲ နဲ့ မက်လုံးပေးရောင်း ။
(လူတယောက်က ၂ မျိုးပေါင်း တခါထဲ တွဲပြီး ပေါက်နိုင်တယ်ပေါ့ အားးးဂျီးးးးးနဲ့😝😝😝😜 ဗုဒ္ဓစကား ဌားပြောရရင် ဗြမ္မာပြည်က ပစ်ချလိုက်တဲ့ အားတချောင်း နဲ့ လူပြည် က ထောင်ထားတဲ့ အပ်တချောင်း အပ်ထိပ် ဖျားခြင်း ထိဖို့က လွယ်ချင် လွယ်ဦးမယ် ၂ မျိုးပေါင်း သိန်း၂သောင်းခွဲ တပြိုင်တည်း ပေါက်ဖို့ လေးသင်္ချေ နဲ့ ကမ္ဘာတသိန်း ဘဝဆက်တိုင်း လူပြန်ဖြစ် ထီထိုးနေ ရင်တောင် မဖြစ်နိုင် 😂😂😂😂)
၁၀ စောင်ဈေး ၁၁၀၀၀ ပေးရတဲ့ ဈေးမှာ
၁၀၀၀ တန်လက်မှတ် ၉ စောင်အတွက်
၁၁၀၀ ပေး ထိုးလိုက်ရတာ မပြောလိုပေမယ့်
၅၀၀ တန် လက်မှတ် ၁ စောင် ပါတာကို
၁၁၀၀ ကျပ် ပေးထိုးလိုက်ရ တာတော့
ပြောရတော့တာ
၅၀၀ တန်ကို ၁၁၀၀ ရောင်း အမြတ် ၆၀၀ ယူလိုက်တာ
တရွက် ၆၀၀ မြတ် ထီလက်မှတ်ပေါင်း သန်းပေါင်းများစွာ
အားးးလားးလားးး မိုက်ရိုင်းချက်ပဲ 😡😡😡😡😡
ထီ ကံစမ်းတက်သော မိတ်ဆွေတို့
၅၀၀ တန် ထီလက်မှတ် သီးသန့် ပါတာ
၁၀၀၀ တန် ထီလက်မှတ် သီးသန့်ဖြစ်တာပဲ
ထိုးကြပါလို့ နှိုးဆော်ရင်း
စကားမစပ်
👇👇👇👇👇
ဘာပြောင်းမယ် ညာပြောင်းမယ်
ပြောင်းလဲချိန်တန် စဉ်းစားချိန်တန်
ပြောင်းစားချိန်တန် ပေါင်းစားချိန် တန်နေကြသော
သက်ဆိုင်ရာ လူကြီးမင်းများ 😝😝😝
ပြည်သူတွေ အပေါ် တကယ် စေတနာ ထားတာ
သက်သေပြချင်ရင် ထီလောကရဲ့ မသမာမှုတွေကို
အရင် ထိထိ ရောက်ရောက် အရေးယူပါ 🙏🙏🙏
ကောင်းချင် စေတနာထားချင် ပြောင်းလဲ ချင်ရင် လွယ်လွယ်လေးပါ
စာအုပ်ဈေးကွက်ကို ဥပမာယူ ဝယ်ဖတ်သူ လက်ထဲ စာအုပ်ထဲမှာ ရေးထားတဲ့ တန်ဖိုး အတိုင်း ရောက်ရှိ ဖတ်ကြရတာပဲ👍👍👍
ထွက်ပေါက် တခု အလို့ငှာ
မျော်လင့်ချက် တခု အလို့ငှာ
သာမန်လူတန်းစားနဲ့ ဆင်းရဲသားပြည်သူတွေ
ထီလက်မှတ် ဘယ်ဈေးဖြစ်ဖြစ် ထီကံစမ်းနေ ကြတာပါ
ထီလုပ်ငန်းရှင်တွေ နဲ့ ပေါင်းစား ရိုက်စား တနင့်တပိုး စားနေတာတွေ ပြင်ပြီး
ထီလက်မှတ်ဈေး တခုတည်း အရင် ပြောင်းလဲချိန် တန် ပေး ကြပါဦးလို့ တိုက်တွန်းရင်း
အောင်ဆန်း(ဓာတု)