ေပးဆပ္မႈေတြအတြက္ ထုိက္တန္တဲ့ ရလဒ္ ျပန္မရခဲ့တာေတြကို ျပန္လည္ ေျပာျပလာတဲ့ ဝိုင္းစုခုိင္သိန္း

0
2246

(Zawgyi)

ေပးဆပ္မႈေတြအတြက္ ထုိက္တန္တဲ့ ရလဒ္ ျပန္မရခဲ့တာေတြကို ျပန္လည္ ေျပာျပလာတဲ့ ဝိုင္းစုခုိင္သိန္း

ဝိုင္းစုခိုင္သိန္းက ဘယ္ေလာက္ ပင္ပန္းပင္ပန္း ေဘးနားမွာ အားေဆး ရွိတယ္လို႔ ဆိုပါတယ္။ ဝိုင္းစုနဲ႔ ေအာင္လ တို႔ရဲ႕ အခ်စ္ေရးအေၾကာင္းကို အခုလို ရင္ဖြင့္ေျပာျပထား ပါတယ္။ ဝိုင္းစုခိုင္သိန္းက ခ်စ္သူျဖစ္တဲ့ အဆိုေတာ္ ေအာင္လနဲ႔ အတူ ဂီတ ေဖ်ာ္ေျဖေရးပြဲေတြ သီဆိုေနတာ ေတြ႕ရပါတယ္။ ဘယ္ေလာက္ ပင္ပန္း ပင္ပန္း အနားမွာ ေအာင္လ ရွိရင္ အားေဆးတခြက္လိုပဲ ဆိုတာကို အခုလို ေျပာျပလာပါတယ္။

‘’Traveling season, ဘယ္ေလာက္ပဲ ပင္ပန္းပါေစ။ ကိုယ့္ေဘးမွာ အားေဆး ရွိတယ္ေလ’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ည ၇ နာရီခြဲ ေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ ပါတယ္။ အဲဒီေနာက္ ေအာင္လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ရဲ႕ ခ်စ္သူ ႏွစ္ဦးရဲ႕ ဓာတ္ပုံကိုလည္း တင္ခဲ့ ပါေသးတယ္။

ေအာင္လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ဟာ အခက္အခဲ၊ အတိုက္အခိုက္ေတြ ၾကားထဲက လက္တြဲလာ ခဲ့ၾကတဲ့ ခ်စ္သူ ႏွစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာလည္း သူတို႔ ခ်စ္သူ ႏွစ္ဦးဟာ စစ္မွန္တဲ့ ဘဝလက္တြဲေဖာ္ အျဖစ္ မိသားစု ဘဝကို တည္ေဆာက္ခ်င္တယ္လို႔ ဒီဇင္ဘာလ ၂ ရက္ေန႔ ည ၁၀နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

” အခုလက္ရွိ အခ်ိန္မွာ ဝိုင္းစု အရမ္းေပ်ာ္တယ္။ ကိုယ့္ရဲ႕ ေ႐ြးခ်ယ္မႈနဲ႔ ဆုံးျဖတ္ခ်က္ မွန္ကန္တယ္ဆိုတာ တျဖည္းျဖည္း ပိုပို သိလာရတယ္။ အဲ့ဒီ အတြက္လည္း ရင္ထဲက အစစ္အမွန္ လာတဲ့ ေမတၱာစစ္ေတြ အတြက္ ေက်းဇူးတင္ ပါတယ္ ‘ကို’ ဝိုင္းစုတို႔ ႏွစ္ေယာက္အတြက္ အေရးအႀကီးဆုံးက ေငြေၾကးဥစၥာ မဟုတ္ပါဘူး။ စစ္မွန္တဲ့ ဘဝလက္တြဲေဖၚနဲ႔ သာယာေအးခ်မ္းတဲ့ မိသားစု ဘဝကိုပဲ တည္ေဆာက္ခ်င္တာပါ။ အဲ့ဒီဘဝကို အခု ပိုင္ဆိုင္ထား ရတဲ့ အတြက္လည္း ပီတိျဖစ္တယ္” လို႔ ဆိုပါတယ္။

ဝိုင္းစုခိုင္သိန္း ဟာ သူမ ေလွ်ာက္လွမ္းခဲ့ရတဲ့ ဘဝ အေတြ႕အႀကဳံကိုလည္း အခုလို ရင္ဖြင့္ ေျပာျပထားတာ ေတြ႕ရပါတယ္။ ဒီ အေတာအတြင္းမွာလည္း မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြ လည္း ရွိခဲ့ ဖူးတယ္လို႔ သူက ဆိုပါတယ္။

” ဘဝမွာ မွန္ကန္တဲ့ လုပ္ရပ္ေတြ ရွိသလို မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ေ႐ြးခ်ယ္မႈ ေတြလည္း ရွိခဲ့ဘူးပါတယ္။ ဘယ္သူေတြ ဘယ္လိုပဲ ကိုယ္ရည္ေသြးၿပီး ေနာက္ကြယ္မွာ ေျပာေနပါေစ ဒီေန႔ဒီအခ်ိန္ထိ ဝိုင္းစုရဲ႕ ရပ္တည္မႈ ျဖစ္တည္မႈေတြ အားလုံးက ဘယ္သူ႔ အေထာက္အပံ့မွ မယူပဲ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ ခိုင္ခိုင္မာမာ ရပ္တည္ၿပီး ရခဲ့တယ္ ဆိုတာ ကိုယ့္လိပ္ျပာကိုယ္ သန္႔တယ္ ။

ေျပာရရင္ေတာ့ ဘဝ တေလ်ာက္လုံးမွာ ကိုယ္ကပဲ ေပးဆပ္ခဲ့ရတာေတြ ခ်ည္းပါပဲ ။ ေပးဆပ္ခဲ့ ရတာနဲ႔ ထိုက္တန္တဲ့ ရလဒ္ေတာ့ က်န္ခဲ့တဲ့ ခုႏွစ္ေတြမွာ ျပန္မရခဲ့တာ အမွန္ပါပဲ ” လို႔ ဆက္လက္ေရးသားခဲ့ပါတယ္။

ဝိုင္းစုဟာ မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာ စတဲ့ တစ္ကိုယ္ေတာ္ အေခြ မ်ားစြာကို ထြက္ရွိထားၿပီး ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတအပိုင္းမွာ ေအာင္ျမင္လာ ၿပီးတဲ့ေနာက္ သ႐ုပ္ေဆာင္ အလုပ္ကိုလည္း သိပ္မလုပ္ျဖစ္ေတာ့ ပါဘူး။ သူ႔ရဲ႕ ပရိသတ္ေတြလည္း ႀကိဳက္မယ္၊ သူလည္းႀကိဳက္မယ့္ ဇာတ္ကားေကာင္းေလးေတြ ေတြ႕ရင္ေတာ့ ႐ိုက္ျဖစ္ရင္ ႐ိုက္မယ္ ဆိုၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ ပါတယ္။

duwun

(Unicode)

ပေးဆပ်မှုတွေအတွက် ထိုက်တန်တဲ့ ရလဒ် ပြန်မရခဲ့တာတွေကို ပြန်လည် ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းက ဘယ်လောက် ပင်ပန်းပင်ပန်း ဘေးနားမှာ အားဆေး ရှိတယ်လို့ ဆိုပါတယ်။ ဝိုင်းစုနဲ့ အောင်လ တို့ရဲ့ အချစ်ရေးအကြောင်းကို အခုလို ရင်ဖွင့်ပြောပြထား ပါတယ်။ ဝိုင်းစုခိုင်သိန်းက ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အတူ ဂီတ ဖျော်ဖြေရေးပွဲတွေ သီဆိုနေတာ တွေ့ရပါတယ်။ ဘယ်လောက် ပင်ပန်း ပင်ပန်း အနားမှာ အောင်လ ရှိရင် အားဆေးတခွက်လိုပဲ ဆိုတာကို အခုလို ပြောပြလာပါတယ်။

‘’Traveling season, ဘယ်လောက်ပဲ ပင်ပန်းပါစေ။ ကိုယ့်ဘေးမှာ အားဆေး ရှိတယ်လေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီခွဲ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ ပါတယ်။ အဲဒီနောက် အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ရဲ့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ ပါသေးတယ်။

အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ အခက်အခဲ၊ အတိုက်အခိုက်တွေ ကြားထဲက လက်တွဲလာ ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မှန်တဲ့ ဘဝလက်တွဲဖော် အဖြစ် မိသားစု ဘဝကို တည်ဆောက်ချင်တယ်လို့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

” အခုလက်ရှိ အချိန်မှာ ဝိုင်းစု အရမ်းပျော်တယ်။ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တဖြည်းဖြည်း ပိုပို သိလာရတယ်။ အဲ့ဒီ အတွက်လည်း ရင်ထဲက အစစ်အမှန် လာတဲ့ မေတ္တာစစ်တွေ အတွက် ကျေးဇူးတင် ပါတယ် ‘ကို’ ဝိုင်းစုတို့ နှစ်ယောက်အတွက် အရေးအကြီးဆုံးက ငွေကြေးဥစ္စာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဘဝလက်တွဲဖေါ်နဲ့ သာယာအေးချမ်းတဲ့ မိသားစု ဘဝကိုပဲ တည်ဆောက်ချင်တာပါ။ အဲ့ဒီဘဝကို အခု ပိုင်ဆိုင်ထား ရတဲ့ အတွက်လည်း ပီတိဖြစ်တယ်” လို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်း ဟာ သူမ လျှောက်လှမ်းခဲ့ရတဲ့ ဘဝ အတွေ့အကြုံကိုလည်း အခုလို ရင်ဖွင့် ပြောပြထားတာ တွေ့ရပါတယ်။ ဒီ အတောအတွင်းမှာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ လည်း ရှိခဲ့ ဖူးတယ်လို့ သူက ဆိုပါတယ်။

” ဘဝမှာ မှန်ကန်တဲ့ လုပ်ရပ်တွေ ရှိသလို မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှု တွေလည်း ရှိခဲ့ဘူးပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကိုယ်ရည်သွေးပြီး နောက်ကွယ်မှာ ပြောနေပါစေ ဒီနေ့ဒီအချိန်ထိ ဝိုင်းစုရဲ့ ရပ်တည်မှု ဖြစ်တည်မှုတွေ အားလုံးက ဘယ်သူ့ အထောက်အပံ့မှ မယူပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရခဲ့တယ် ဆိုတာ ကိုယ့်လိပ်ပြာကိုယ် သန့်တယ် ။

ပြောရရင်တော့ ဘဝ တလျောက်လုံးမှာ ကိုယ်ကပဲ ပေးဆပ်ခဲ့ရတာတွေ ချည်းပါပဲ ။ ပေးဆပ်ခဲ့ ရတာနဲ့ ထိုက်တန်တဲ့ ရလဒ်တော့ ကျန်ခဲ့တဲ့ ခုနှစ်တွေမှာ ပြန်မရခဲ့တာ အမှန်ပါပဲ ” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော် အခွေ များစွာကို ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာ ပြီးတဲ့နောက် သရုပ်ဆောင် အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ ပါတယ်။

duwun