
0
294

(Zawgyi)






crd

(Unicode)

ရောင်းအား ကျနေတဲ့ဆိုင်ကို တညထဲနဲ့ ရောင်းအား (၄) ဆ တက်စေခဲ့တဲ့ မိန်းမလှလေး

မိန်းမလှလေး တယောက် အသားဆိုင်မှာ ဈေးရောင်းနတဲ့ ပုံတွေ လူမှု ကွန်ရက် စာမျက်နှာ ပေါ်မှာ နာမည်ကြီးနေ ပါတယ် ။ ဘောင်းဘီ အတိုလေးနဲ့ အပေါ်ပိုင်း ရင်သားကို မလုံ့တလုံ ဖော်ပြ ထားတဲ့ မိန်းမလှလေးက အသား ရောင်းနေပြီး ဆိုင်မှာတော့ ဝယ်သူတွေနဲ့ စည်ကား နေတဲ့ ပုံလေးတွေပါ။

ထိုင်ဝမ် Taichung ညဈေးက လမ်းမ တခုပေါ်က ပုံတွေပါ။ ထိုင်ဝမ် လမ်းဘေး ဈေးသည် တဦးက ရောင်းအား ကျနေတဲ့ သူ့ရဲ့ ဆိုင်ကို ရောင်းအား ပြန်တက်အောင် ဗျူဟာခင်းတဲ့ အနေနဲ့ ချောမောတဲ့ မော်ဒယ် မိန်းမလှလေးကို ငှားခဲ့ တာပါ။ တည ဈေးရောင်းပေးဖို့ ငှားခဲ့တာပါ။ တကယ်လည်း ရောင်းအား ကောင်းခဲ့ ပါတယ်။ ပုံမှန် ရောင်းအားထက် လေးဆလောက် ပိုရောင်း ခဲ့ရ ပါတယ်။

ဆိုင်ရဲ့ ရောင်းအားတက်ဖို့ တကယ့်ကို မှန်ကန်တဲ့ ဗျူဟာကို သုံးခဲ့တာပါ။ ဆိုင်ပိုင်ရှင် အမျိုးသားက ဒီအကြောင်းနဲ့ ပတ် သက်ပြီး ထိုင်ဝမ် မီဒီယာ တစ်ခုကို ပြောရမှာ “ ဒီမိန်းကလေးကို ဈေးရောင်းစေ ခဲ့တဲ့ အခါမှာတော့ စူးစမ်းချင်တဲ့ ဈေးဝယ် သူတွေက ဆိုင်ကို လာပြီး ဈေးဝယ် ခဲ့ကြောင်း၊ ဒါကြောင့် ရောင်းအားက လေးဆလောက် တတ်သွားခဲ့ တယ်လို့ ဆိုပါ တယ်။ ဆိုင်ရောင်းအား တက်ဖို့ ငှားထားတဲ့ မော်ဒယ်မလေးရဲ့ ပုံတွေ ကတော့ အွန်လိုင်းပေါ်မှာ ပလူပျံခဲ့ ပါတယ်။

ထိုင်ဝမ် မီဒီယာတစ်ခုက ဆိုရင် အဲ့ဒီကောင်မလေးကို “ Braised Sister ” ဆိုပြီး တင်စားဖော်ပြခဲ့ပါတယ်။ ဆိုင်ရောင်းအား တက်အောင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတဲ့ ပုံစံမျိုးနဲ့ ဝတ်စား ထားတဲ့ မိန်းမလှလေးတွေကို အသုံးချတဲ့ ဖြစ်ရပ်တွေ ဟာ ပိုများ လာတာကို တွေ့ရပါတယ်။

crd