ဝသြားရင္ ေယာက်္ားပစ္သြားမယ္ ဆိုတဲ့အေပၚကို ျပန္လည္ေခ်ပလိုက္တဲ့ စမိုင္းလ္

0
178

( For Zawgyi )

ဝသြားရင္ ေယာက်္ားပစ္သြားမယ္ ဆိုတဲ့အေပၚကို ျပန္လည္ေခ်ပလိုက္တဲ့ စမိုင္းလ္

ဘဝမွာ ၾကိဳးစားခ်င္တဲ့ စိတ္ဆႏၵတစ္ခုသာရွိရင္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ သက္ေသျပခဲ့သူက သရုပ္ေဆာင္ စမိုင္းလ္ျဖစ္ပါတယ္။ ေပါင္ (၂၀၀)ကေန တျဖည္းျဖည္း ပိန္လာဖို႕ ၾကိဳးစားခ်င္ စိတ္ဆိုတာ စမိုင္းလ္အတြက္ လြယ္လြယ္ကူကူ ျဖစ္လာခဲ့တာ မဟုတ္ပါဘူး။ လူေတြရဲ႕ ဝလိုက္တာဆိုျပီး ႏႈတ္ဆက္ စကားေတြၾကားမွာ စိတ္ဓာတ္က်ခဲ့တဲ့ ေန႔ရက္ေတြကို ျဖတ္ေက်ာ္ျပီး ဒီေန႔ ဒီအခ်ိန္မွာ ျပန္ျမင္ေတြ႕ရတဲ့ စမုိင္းလ္ ျဖစ္လာတာပါ…

ဒီလိုမ်ိဳး ဝိတ္ခ်ဖို႔ ၾကိဳးပမ္းခဲ့ရတဲ့ ခရီးစဥ္ အေၾကာင္းကို SharingisCaring ဆိုတဲ့ စာအုပ္ ထုတ္ေဝျပီး ပရိသတ္ေတြဆီ ျဖန္႔ခ်ိဖို႔ စမိုင္းလ္တစ္ေယာက္ ၾကိဳးစားေနျပီ ျဖစ္ပါတယ္။ ဝခဲ့စဥ္ အခ်ိန္အခါက စိတ္ဓာတ္ က်ေစေလာက္တဲ့ထိ အေျပာခံခဲ့ရေၾကာင္း စမိုင္းလ္က ခုလို ျပန္ေျပာင္းေျပာ ျပပါတယ္…

“ဝတဲ့အခါက်ေတာ့ လူေတြက ေဘးနားကေနျပီး ဟဲ့…ဝေနတာပဲ။ ဝိတ္ခ်ဦး ။ အသားကို ဆိုရင္ လာကိုင္ၾကည့္တယ္ ။ ဟဲ့… ဝတုတ္ေနတာပဲ က်စ္ေနတာပဲ အဲ့လိုမ်ိဳးေတြ ဆိုလို႔ ရွိရင္ေလ အမရဲ႕ ခႏၶာကိုယ္ကို အမပဲ ပိုင္တာ။ အဲ့လိုမ်ိဳးေတြ ေျပာလြန္းအားၾကီးေတာ့ လူက ဆိုက္ကိုျဖစ္ျပီး ေၾကာင္ေတာင္ေတာင္ေတြ ျဖစ္သြားတာ။ အခု ပိန္ေအာင္ ၾကိဳးစားျပီး ပိန္သြားျပန္ေတာ့လည္း ဟဲ့…နင္က သိပ္လည္းမပိန္ေသးပါဘူး ။ ဝိတ္ခ်ဦးဆိုတာ လာေသးတာ ။ ခုခ်ိန္ထိလည္း အေျပာခံေနရတုန္းပဲ။”ဆိုျပီးေျပာသြားပါတယ္ ။ ဝတာနဲ႔ပတ္သက္ျပီး အေျပာခံရတာေၾကာင့္ ငုိခဲ့ရေၾကာင္းလည္း စမိုင္းလ္က ခုလို ဆိုပါတယ္…

“ အဲ့တုန္းက shopping ထြက္ေနတဲ့ အခ်ိန္မွာ အဲ့လို ေျပာတာဆိုေတာ့ အရမ္းကို အံ့အားသင့္ျပီး ေၾကာင္သြားတာ ။ ခ်က္ခ်င္း သူ႔ကို ျပန္ မေျဖလိုက္မိဘူး ။ စကၠန္႔ပိုင္းအတြင္း အမ ေၾကာင္သြားတဲ့အခ်ိန္မွာ အမေယာက်္ားက ဘာေတြ လာေျပာေနတာလဲ ဆိုျပီး သူက ကိုယ့္ကို ခ်က္ခ်င္းအားေပးတာ ။ ဒါေပမဲ့ေျပာသြားတဲ့ သူကဘာျဖစ္လို႔ ေျပာသြားတာလဲ။ ေနာက္လို႔ ေျပာခ်င္တာလားဆိုတာ သူ႔စိတ္ထဲက မပါဘဲ ေျပာတာ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမဲ့ သူ႔စိတ္ထဲက ေျပာလိုက္တဲ့ အရာတစ္ခုက shopping center လို ေနရာမ်ိဳးၾကီးမွာ ေျပာလိုက္တဲ့ အခါက်ေတာ့ အမ အရမ္း ခံစားလိုက္ရတယ္။ ကားထဲမွာ ငိုခဲ့ရတာေပါ့။” လို႔ ဆိုပါတယ္…

ဝေနေပမဲ့ တည္ျမဲတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားေၾကာင္း စမိုင္းလ္က ခုလို သံုးသပ္ျပပါတယ္။“ပိန္ျပီး လွေနသူေတြဆီက ျခံခုန္ျပီး စႏႈိက္ေက်ာ္တာေတြလည္း အမ်ားၾကီးရွိတာပဲ ။ ဝမွ ေယာက်္ားပစ္မွာ မဟုတ္ဘူး ။ ပိန္ေနလည္း ေယာက်္ား ပစ္ခ်င္ ပစ္မွာပဲ ။ အဲ့ဒါၾကီးကို လာျပီး ေျပာေနစရာမလိုဘူးေပါ့ ။ ကိုယ့္အိမ္ေထာင္က တည္ျမဲတယ္ ။ ကိုယ့္အမ်ိဳးသားက ကိုယ့္ကို ခ်စ္တယ္ဆိုရင္ အိမ္ေထာင္တစ္ခုက ရပါတယ္။” ဆိုျပီး ေျပာျပသြားပါတယ္. . . .

CRD-Nanmalgyi

( For Unicode )

ဝသွားရင် ယောကျ်ားပစ်သွားမယ် ဆိုတဲ့အပေါ်ကို ပြန်လည်ချေပလိုက်တဲ့ စမိုင်းလ်

ဘဝမှာ ကြိုးစားချင်တဲ့ စိတ်ဆန္ဒတစ်ခုသာရှိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ သက်သေပြခဲ့သူက သရုပ်ဆောင် စမိုင်းလ်ဖြစ်ပါတယ်။ ပေါင် (၂၀၀)ကနေ တဖြည်းဖြည်း ပိန်လာဖို့ ကြိုးစားချင် စိတ်ဆိုတာ စမိုင်းလ်အတွက် လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ လူတွေရဲ့ ဝလိုက်တာဆိုပြီး နှုတ်ဆက် စကားတွေကြားမှာ စိတ်ဓာတ်ကျခဲ့တဲ့ နေ့ရက်တွေကို ဖြတ်ကျော်ပြီး ဒီနေ့ ဒီအချိန်မှာ ပြန်မြင်တွေ့ရတဲ့ စမိုင်းလ် ဖြစ်လာတာပါ…

ဒီလိုမျိုး ဝိတ်ချဖို့ ကြိုးပမ်းခဲ့ရတဲ့ ခရီးစဉ် အကြောင်းကို SharingisCaring ဆိုတဲ့ စာအုပ် ထုတ်ဝေပြီး ပရိသတ်တွေဆီ ဖြန့်ချိဖို့ စမိုင်းလ်တစ်ယောက် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဝခဲ့စဉ် အချိန်အခါက စိတ်ဓာတ် ကျစေလောက်တဲ့ထိ အပြောခံခဲ့ရကြောင်း စမိုင်းလ်က ခုလို ပြန်ပြောင်းပြော ပြပါတယ်…

“ဝတဲ့အခါကျတော့ လူတွေက ဘေးနားကနေပြီး ဟဲ့…ဝနေတာပဲ။ ဝိတ်ချဦး ။ အသားကို ဆိုရင် လာကိုင်ကြည့်တယ် ။ ဟဲ့… ဝတုတ်နေတာပဲ ကျစ်နေတာပဲ အဲ့လိုမျိုးတွေ ဆိုလို့ ရှိရင်လေ အမရဲ့ ခန္ဓာကိုယ်ကို အမပဲ ပိုင်တာ။ အဲ့လိုမျိုးတွေ ပြောလွန်းအားကြီးတော့ လူက ဆိုက်ကိုဖြစ်ပြီး ကြောင်တောင်တောင်တွေ ဖြစ်သွားတာ။ အခု ပိန်အောင် ကြိုးစားပြီး ပိန်သွားပြန်တော့လည်း ဟဲ့…နင်က သိပ်လည်းမပိန်သေးပါဘူး ။ ဝိတ်ချဦးဆိုတာ လာသေးတာ ။ ခုချိန်ထိလည်း အပြောခံနေရတုန်းပဲ။”ဆိုပြီးပြောသွားပါတယ် ။ ဝတာနဲ့ပတ်သက်ပြီး အပြောခံရတာကြောင့် ငိုခဲ့ရကြောင်းလည်း စမိုင်းလ်က ခုလို ဆိုပါတယ်…

“ အဲ့တုန်းက shopping ထွက်နေတဲ့ အချိန်မှာ အဲ့လို ပြောတာဆိုတော့ အရမ်းကို အံ့အားသင့်ပြီး ကြောင်သွားတာ ။ ချက်ချင်း သူ့ကို ပြန် မဖြေလိုက်မိဘူး ။ စက္ကန့်ပိုင်းအတွင်း အမ ကြောင်သွားတဲ့အချိန်မှာ အမယောကျ်ားက ဘာတွေ လာပြောနေတာလဲ ဆိုပြီး သူက ကိုယ့်ကို ချက်ချင်းအားပေးတာ ။ ဒါပေမဲ့ပြောသွားတဲ့ သူကဘာဖြစ်လို့ ပြောသွားတာလဲ။ နောက်လို့ ပြောချင်တာလားဆိုတာ သူ့စိတ်ထဲက မပါဘဲ ပြောတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူ့စိတ်ထဲက ပြောလိုက်တဲ့ အရာတစ်ခုက shopping center လို နေရာမျိုးကြီးမှာ ပြောလိုက်တဲ့ အခါကျတော့ အမ အရမ်း ခံစားလိုက်ရတယ်။ ကားထဲမှာ ငိုခဲ့ရတာပေါ့။” လို့ ဆိုပါတယ်…

ဝနေပေမဲ့ တည်မြဲတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြောင်း စမိုင်းလ်က ခုလို သုံးသပ်ပြပါတယ်။“ပိန်ပြီး လှနေသူတွေဆီက ခြံခုန်ပြီး စနှိုက်ကျော်တာတွေလည်း အများကြီးရှိတာပဲ ။ ဝမှ ယောကျ်ားပစ်မှာ မဟုတ်ဘူး ။ ပိန်နေလည်း ယောကျ်ား ပစ်ချင် ပစ်မှာပဲ ။ အဲ့ဒါကြီးကို လာပြီး ပြောနေစရာမလိုဘူးပေါ့ ။ ကိုယ့်အိမ်ထောင်က တည်မြဲတယ် ။ ကိုယ့်အမျိုးသားက ကိုယ့်ကို ချစ်တယ်ဆိုရင် အိမ်ထောင်တစ်ခုက ရပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်. . . .

CRD-Nanmalgyi