ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔မွာ ဘုရားထီးတင္ၿပီးကုသိုလ္ျပဳမယ့္ လူမင္းတို႔ ဇနီးေမာင္ႏွံ

0
132

( For Zawgyi )

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔မွာ ဘုရားထီးတင္ၿပီးကုသိုလ္ျပဳမယ့္ လူမင္းတို႔ ဇနီးေမာင္ႏွံ

လူမင္းတို႔ ဇနီးေမာင္ႏွံက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔မွာ ကိုးေတာင္ျပည့္ ေစတီေတာ္ႀကီးကို ထီးေတာ္တင္လႉ ကုသိုလ္ယူသြားမယ္လို႔ သိရပါတယ္။သ႐ုပ္ေဆာင္ အကယ္ဒမီ လူမင္း နဲ႔ ခင္စံပယ္ဦးတို႔ရဲ႕ အလႉျဖစ္တဲ့ ကိုးေတာင္ျပည့္ ကိုးနဝင္း ေစတီေတာ္ႀကီးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔မွာ ထီးေတာ္တင္လႉ ပူေဇာ္သြားမယ္လို႔ ဆိုပါတယ္…

‘’ “ေတဇ သိဒၶိ ၊ အဘယ သုခ “ကိုးေတာင္ျပည့္ ကိုးနဝင္းေစတီေတာ္ ဗိုလ္ခ်ဳပ္ေမြးေန႔ ( ၁၃.၂.၂၀၁၉) မွာ ထီးေတာ္တင္လႉ ဆက္ကပ္ပါမည္’’ ဆိုၿပီးေတာ့ ဧရာဝတီလူမင္းရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔ ေန႔လည္ (၁)နာရီ (၁၁)မိနစ္ေက်ာ္က တင္ခဲ့တာပဲ ျဖစ္ပါတယ္။ လူမင္းနဲ႔ ခင္စံပယ္ဦး တို႔ မိသားစုကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကလည္း သာဓု(၃) ႀကိမ္ေခၚဆိုခဲ့ၾကပါတယ္…

လူမင္းနဲ႔ ခင္စံပယ္ဦးတို႔ ဇနီးေမာင္ႏွံဟာ အိမ္ေထာင္သက္တမ္း (၁၃)ႏွစ္ၾကာ ရွိခဲ့ပါၿပီ။ အႏုပညာေလာကထဲမွာ အခ်ိန္ၾကာျမင့္စြာ ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ သ႐ုပ္ေဆာင္ လူမင္းဟာ ယခုဆိုရင္ သားတစ္ေယာက္ သမီးတစ္ေယာက္နဲ႔ သာယာတဲ့ အိမ္ေထာင္ေရး ကိုပိုင္ဆိုင္ထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံဟာ သမီးႀကီးျဖစ္သူ ဧရာဝတီလူမင္းကို အခက္အခဲေတြၾကားကေန ေမြးဖြားခဲ့ရတယ္လို႔ သိရပါတယ္။ သားေလးျဖစ္တဲ့ ဧဝရတ္လူမင္းကိုေတာ့ မိဘေတြရဲ႕ လိုအင္ဆႏၵကို ျဖည့္စြမ္းဖို႔ ေမြးဖြားလာတဲ့ ကေလးတစ္ေယာက္လို ႀကံဖန္ ဂုဏ္ယူမိတယ္လို႔ ဆိုပါတယ္…

”တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း မတူၾကဘူး သမီးတုန္းကလည္း သားသမီးက ခက္ခဲေတာ့ ကေလးမွ ထြန္းကားပါ့မလား ဆိုတဲ့ အခ်ိန္မွာ ႀကိဳးႀကိဳးစားစား ခက္ခက္ခဲခဲနဲ႔ နည္းပညာ အကူအညီေတြနဲ႔ေရာ ဧရာဝတီကို ရယူခဲ့ရတာ ဆိုေတာ့ေလ။ သားၾကေတာ့လည္း မေမွ်ာ္လင့္ပဲနဲ႔ သမီးေမြးၿပီးေတာ့ တစ္ႏွစ္ေလာက္မွာပဲ သားကို ကိုယ္ဝန္ စရွိသြားတာေပါ့။ သားက်ေတာ့ မေမွ်ာ္လင့္ဘဲ အခက္အခဲမရွိဘဲ မိဘေတြရဲ႕ စိုးရိမ္ ပူပန္ေၾကာင့္ၾကမႈ ဘာမွ မျဖစ္ရပဲ ကိုယ္လိုခ်င္တဲ့ သားေယာက်္ားေလးလည္းရတယ္။ တနဂၤေႏြသားေလးလည္း ျဖစ္တယ္။ အစ ရွိသျဖင့္ေပါ့ မိဘေတြရဲ႕ လိုအင္ဆႏၵေတြကို ျဖည့္စြမ္းဖို႔ ေမြးဖြားလာတဲ့ ကေလးလိုမ်ိဳးေပါ့ ဒီလိုပဲ မိဘေတြကေတာ့ ႀကံဖန္ၿပီး ဂုဏ္ယူ တာေပါ့” ဆိုၿပီးေတာ့ လူမင္းက ေျပာျပခဲ့ပါတယ္…

ထပ္ဆင့္အကယ္ဒမီ လူမင္းဟာ (၂၀၁၃)ဇြန္လက စတင္ကာ (၂၀၁၇)ခုႏွစ္အထိ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠဌအျဖစ္ ေလးႏွစ္ေက်ာ္ ထမ္းေဆာင္ခဲ့ သူတစ္ဦးလည္း ျဖစ္ပါတယ္။ လူမင္းဟာ ၂၀၀၂ခုႏွစ္မွာ ေ႐ႊမႈံႀကဲတဲ့ မိုးေကာင္ကင္ ႐ုပ္ရွင္ဇာတ္ကားမွာ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ (၂၀၀၅)ခုႏွစ္မွာေတာ့ က်န္စစ္မင္းနဲ႔ အကယ္ဒမီ ရရွိခဲ့ ၿပီး ဥကၠဌရာထူးကို ဆက္ခံၿပီး ေနာက္ပိုင္း အကယ္ဒမီဆုမ်ားနဲ႔ ေဝးကြာေနသူ သ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္…

(၂၀၁၆)ခုႏွစ္မွာေတာ့ လူမင္းက ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားႏွင့္ ၿမိဳင္ရာဇာတာေတ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ ဆုကို ရရွိခဲ့ပါေသးတယ္။ ယခု လက္ရွိမွာေတာ့ ဥကၠဌတာဝန္ကေန အနားယူခဲ့ၿပီး သူဝါသနာပါရာ အႏုပညာအလုပ္ေတြကို ျပန္လည္ လုပ္ကိုင္လ်က္ ရွိပါတယ္…

CRD-DUWUN

( For Unicode )

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ဘုရားထီးတင်ပြီးကုသိုလ်ပြုမယ့် လူမင်းတို့ ဇနီးမောင်နှံ

လူမင်းတို့ ဇနီးမောင်နှံက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ကိုးတောင်ပြည့် စေတီတော်ကြီးကို ထီးတော်တင်လှူ ကုသိုလ်ယူသွားမယ်လို့ သိရပါတယ်။သရုပ်ဆောင် အကယ်ဒမီ လူမင်း နဲ့ ခင်စံပယ်ဦးတို့ရဲ့ အလှူဖြစ်တဲ့ ကိုးတောင်ပြည့် ကိုးနဝင်း စေတီတော်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ထီးတော်တင်လှူ ပူဇော်သွားမယ်လို့ ဆိုပါတယ်…

‘’ “တေဇ သိဒ္ဓိ ၊ အဘယ သုခ “ကိုးတောင်ပြည့် ကိုးနဝင်းစေတီတော် ဗိုလ်ချုပ်မွေးနေ့ ( ၁၃.၂.၂၀၁၉) မှာ ထီးတော်တင်လှူ ဆက်ကပ်ပါမည်’’ ဆိုပြီးတော့ ဧရာဝတီလူမင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နေ့လည် (၁)နာရီ (၁၁)မိနစ်ကျော်က တင်ခဲ့တာပဲ ဖြစ်ပါတယ်။ လူမင်းနဲ့ ခင်စံပယ်ဦး တို့ မိသားစုကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သာဓု(၃) ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်…

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၃)နှစ်ကြာ ရှိခဲ့ပါပြီ။ အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ ယခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ သမီးကြီးဖြစ်သူ ဧရာဝတီလူမင်းကို အခက်အခဲတွေကြားကနေ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သားလေးဖြစ်တဲ့ ဧဝရတ်လူမင်းကိုတော့ မိဘတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းဖို့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လို ကြံဖန် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်…

”တစ်ယောက်နဲ့ တစ်ယောက်ကလည်း မတူကြဘူး သမီးတုန်းကလည်း သားသမီးက ခက်ခဲတော့ ကလေးမှ ထွန်းကားပါ့မလား ဆိုတဲ့ အချိန်မှာ ကြိုးကြိုးစားစား ခက်ခက်ခဲခဲနဲ့ နည်းပညာ အကူအညီတွေနဲ့ရော ဧရာဝတီကို ရယူခဲ့ရတာ ဆိုတော့လေ။ သားကြတော့လည်း မမျှော်လင့်ပဲနဲ့ သမီးမွေးပြီးတော့ တစ်နှစ်လောက်မှာပဲ သားကို ကိုယ်ဝန် စရှိသွားတာပေါ့။ သားကျတော့ မမျှော်လင့်ဘဲ အခက်အခဲမရှိဘဲ မိဘတွေရဲ့ စိုးရိမ် ပူပန်ကြောင့်ကြမှု ဘာမှ မဖြစ်ရပဲ ကိုယ်လိုချင်တဲ့ သားယောကျ်ားလေးလည်းရတယ်။ တနင်္ဂနွေသားလေးလည်း ဖြစ်တယ်။ အစ ရှိသဖြင့်ပေါ့ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းဖို့ မွေးဖွားလာတဲ့ ကလေးလိုမျိုးပေါ့ ဒီလိုပဲ မိဘတွေကတော့ ကြံဖန်ပြီး ဂုဏ်ယူ တာပေါ့” ဆိုပြီးတော့ လူမင်းက ပြောပြခဲ့ပါတယ်…

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ (၂၀၁၃)ဇွန်လက စတင်ကာ (၂၀၁၇)ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့ မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ (၂၀၀၅)ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီ ရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီး နောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်…

(၂၀၁၆)ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ယခု လက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက် ရှိပါတယ်…

CRD-DUWUN