Hailey ကုိ ယံုၾကည္ဖို႔ခက္ခဲတယ္လို႔ဆိုလိုက္တဲ့ Justin Bieber

0
166

( For Zawgyi )

Hailey ကုိ ယံုၾကည္ဖို႔ခက္ခဲတယ္လို႔ဆိုလိုက္တဲ့ Justin Bieber

JustinBieber ဟာ ဘဝတစ္ေလွ်ာက္လံုးမွာ သူယံုယံုၾကည္ၾကည္နဲ႔ ခ်စ္ခဲ့တဲ့ မိန္းကေလးက တစ္ေယာက္ပဲ ရွိိခဲ့ျပီး အဲဒီ တစ္ေယာက္တည္းကပဲ သူ႔ကုိ ဒဏ္ရာေတြ တနင့္တပိုး ေပးသြားခဲ့တယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဖူးပါတယ္။ Access Hollywood နဲ႔ Interview တစ္ခုမွာJustin က Selena ကသူအမွန္တကယ္ ခ်စ္ခဲ့မိတဲ့ ပထမဆံုး မိန္းကေလးျဖစ္ျပီး သူ႔ရဲ႕ အခ်စ္ဦးပါလို႔ ေျဖခဲ့ပါတယ္။ ဒါနဲ႔ေတာင္ဘာလို႔ လမ္းခြဲခဲ့လဲလို႔ Interviewer က ေမးခဲ့တဲ့ အခါမွာေတာ့Justin က“ ကြ်န္ေတာ္တို႔ နွစ္ေယာက္စလံုးက ငယ္ေသးတယ္ေလ။ ေနာက္ျပီးေတာ့ ကုိယ္ခ်စ္တဲ့ လူတစ္ေယာက္အေပၚကုိ မလုပ္သင့္တဲ့လုပ္ရပ္ေတြ မေျပာသင့္တဲ့ စကားေတြ အျပန္အလွန္ ေျပာမိ လုပ္မိခဲ့ၾကတယ္ ။ နွစ္ေယာက္စလံုး စည္းေက်ာ္ ေဘာင္ေက်ာ္တဲ့ စကားေတြ ေျပာမိခဲ့ၾကတယ္”လို႔ ဝမ္းနည္းစြာ ေျဖၾကားခဲ့ပါတယ္…

Justin က သူဆယ္နွစ္ေက်ာ္ၾကာ ခ်စ္ခဲ့တဲ့ Selenaနဲ႔ ေနာက္ဆံုးအၾကိမ္ ျပတ္စဲျပီး ဆယ္နွစ္လံုးလံုးသူ႔အနားမွာ နွစ္သိမ့္ဖို႔ အျမဲရွိေနေပးခဲ့တဲ့ Haileyနဲ႔ 2018 June မွာ ျပန္ေတြ႕တဲ့အခါ Hailey က သူ႔ အေပၚ ဘယ္ေလာက္ ေကာင္းခဲ့ဖူးတယ္ ၊ ဘယ္ေလာက္ေတာင္ ေအးခ်မ္းေစခဲ့တယ္ ဆိုတာေတြကုိ ျပန္သတိရ သြားခဲ့တယ္လုိ႔ ဆိုပါတယ္။ Hailey ရဲ႕ Justin အေပၚ နွစ္သိမ့္နုိင္စြမ္းေတြြ ခြင့္လႊတ္နုိင္စြမ္းေတြကပဲ Justin သူ႔ကုိ လက္ထပ္ခြင့္ ေတာင္းခဲ့ျခင္းရဲ႕ တစ္စိတ္တစ္ပုိင္း ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ဘဝမွာ အနိမ့္အျမင့္ အတက္ အက်ေတြမ်ားစြာ ျဖတ္သန္းခဲ့ရျပီး ေဝဖန္တုိက္ခိုက္မႈေတြ ပုတ္ခတ္မႈေတြ မ်ားစြာ ခံခဲ့ရတဲ့ Justin အတြက္ေတာ့ တစ္စံုတစ္ေယာက္ကုိ သူ႔ဘဝအတြက္ မ်က္စိမွိတ္ျပီး ယံုၾကည္ဖို႔ဆိုတာ သိပ္ကုိ ခက္ခဲသြားပါျပီ ။ Hailey ကုိေတာင္မွေပါ့ ။ အဲဒီအေၾကာင္းကို Justin က Hailey ေရွ႕မွာပဲ Vogueနဲ႔ Interview မွာေျဖခဲ့ပါတယ္…

Justin က ဘဝတစ္ေလွ်ာက္လံုး သူ႔ထက္ အသက္ နွစ္နွစ္္ၾကီးတဲ့ Selena ကုိပဲ ခ်စ္လာခဲ့ျပီး သူဘယ္ေလာက္ ဆိုးပါေစ Selena ရဲ႕ဆံုးမမႈေတြေအာက္မွာ Selena ရဲ႕အရိပ္ေအာက္မွာ ယံုၾကည္စိတ္ခ်စြာ ရွိေနခဲ့တာပါ ။ Selena က သူ႔ရဲ႕ ေဖာက္လြဲေဖာက္ျပန္မႈေတြ အလိမ္ အညာေတြကုိ သည္းမခံနုိင္ေတာ့ပဲ ထားသြားတဲ့ အခ်ိန္ေတြ အထိေပါ့။ ဒါေၾကာင့္ Selena မဟုတ္တဲ့ မိန္းကေလး တစ္ေယာက္ကုိ ယံုၾကည္ေပးဖို႔ ခက္ခဲသြားခဲ့တာ ျဖစ္မယ္လုိ႔လည္း ပရိသတ္ေတြက ခန္႔မွန္းထားၾကပါတယ္။ Justinက Vogueနဲ႔ Interview မွာ“ကြ်န္ေတာ္ လူေတြကုိ ယံုၾကည္ဖို႔ ခက္ခဲလာခဲ့တယ္ ။ လူေတြကကြ်န္ေတာ့္အေပၚ မစစ္မွန္ၾကဘူး ဆိုတဲ့စိတ္ ဝင္လာတယ္။ သတင္း ေရးတဲ့ သူေတြဆိုရင္လည္း ကြ်န္ေတာ့္ဆီက တစ္စံုတစ္ခုကုိ နိႈက္ထုတ္ဖို႔ ၿပီးရင္ အဲဒါနဲ႔ ကြ်န္ေတာ့္ကုိ တိုက္ခိုက္ဖို႔ ဆြဲခ်ဖုိ႔ပဲ လုပ္ေနၾကတာ။ ကြ်န္ေတာ္ ကုိယ့္ကုိယ္ကုိယ္လည္း မယံုၾကည္ နုိင္ေတာ့ဘူး။ ကြ်န္ေတာ္ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ ဆိုးရြားတဲ့ အမွားအယြင္းေတြ လုပ္ခဲ့ဖူးတယ္။ အဲဒါေတြေၾကာင့္လည္း Hailey ကုိ ယံုၾကည္ဖို႔ ခက္ေနခဲ့တယ္ ။ ေလာေလာဆယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ညွိနိႈ္င္း ၾကိဳးစားေနၾကတုန္းပါပဲ။အဆင္ေျပပါတယ္”လို႔ Hailey ရဲ႕ ေရွ႕မွာပဲ ေျဖခဲ့တာပါ…

ပရိသတ္ေတြကေတာ့ သူ႔လို Selenaနဲ႔ ရန္ျဖစ္တုိင္း Hailey ဆီလာျပီး ေနာက္ဆံုးမွာ Selena အနားပဲ ျပန္ေရာက္သြားတတ္တဲ့ Hailey ကုိ အၾကိမ္ေပါင္းမ်ားစြာ ဒဏ္ရာေတြ ေပးခဲ့တဲ့ လူကမ်ား ဒီလိုေျပာရေသးတယ္ ဆိုျပီး အခ်ိဳ႕က ေဒါသ ထြက္ေနၾကပါတယ္။ Hailey ကေတာ့ “ ကြ်န္မက Justin ကုိ အရမ္းခ်စ္တယ္ ။ နွစ္ေပါင္းမ်ားစြာၾကာေအာင္ အျမဲတမ္း ခ်စ္ေနခဲ့တာပဲ။ ဒါေၾကာင့္ သူ႔ကုိ လက္ထပ္ဖို႔ ဆံုးျဖတ္ခဲ့တယ္ ။ သူနဲ႔ လက္ထပ္ျပီး ရက္သတၱပတ္ အနည္းငယ္ေလာက္ အရမ္းကုိ အထီးက်န္ ခံစားရတယ္။ ကြ်န္မတို႔ကုိ တစ္ကမၻာလံုးက သေဘာမတူဘူးဆိုတာ ကြ်န္မသိတယ္” လို႔ ယံုၾကည္စိတ္ အျပည့္နဲ႔ ေျဖထားခဲ့ပါတယ္…

တစ္ကမၻာလံုးက ပရိသတ္ေတြကေတာ့ Justin တစ္ေယာက္ ကုိယ္ယံုၾကည္ဖို႔ ခက္ခဲတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ အိမ္ေထာင္ေရး အဓြန္႔ရွည္ တည္တံ့နုိင္ပါ့မလားလို႔ ေဝဖန္ေနၾကပါတယ္ ပရိသတ္ၾကီးေရာ Justinနဲ႔ Haileyနဲ႔ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးေလး တည္ေဆာက္နုိင္မယ္ ထင္ၾကလား။ အခုအခ်ိန္အထိ Selena ကုိ သံေယာဇဥ္ မကုန္ေသးပံု ျပေနတဲ့ Justin ကုိေရာ Hailey က တစ္သက္လံုး သည္းခံနားလည္ ေပးသြားမွာလား။ ခံစားခ်က္ေတြ ေျပာခဲ့ၾကပါဦး. . . . .

CRD-Nanmalgyi

( For Unicode )

Hailey ကို ယုံကြည်ဖို့ခက်ခဲတယ်လို့ဆိုလိုက်တဲ့ Justin Bieber

JustinBieber ဟာ ဘဝတစ်လျှောက်လုံးမှာ သူယုံယုံကြည်ကြည်နဲ့ ချစ်ခဲ့တဲ့ မိန်းကလေးက တစ်ယောက်ပဲ ရှိခဲ့ပြီး အဲဒီ တစ်ယောက်တည်းကပဲ သူ့ကို ဒဏ်ရာတွေ တနင့်တပိုး ပေးသွားခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။ Access Hollywood နဲ့ Interview တစ်ခုမှာJustin က Selena ကသူအမှန်တကယ် ချစ်ခဲ့မိတဲ့ ပထမဆုံး မိန်းကလေးဖြစ်ပြီး သူ့ရဲ့ အချစ်ဦးပါလို့ ဖြေခဲ့ပါတယ်။ ဒါနဲ့တောင်ဘာလို့ လမ်းခွဲခဲ့လဲလို့ Interviewer က မေးခဲ့တဲ့ အခါမှာတော့Justin က“ ကျွန်တော်တို့ နှစ်ယောက်စလုံးက ငယ်သေးတယ်လေ။ နောက်ပြီးတော့ ကိုယ်ချစ်တဲ့ လူတစ်ယောက်အပေါ်ကို မလုပ်သင့်တဲ့လုပ်ရပ်တွေ မပြောသင့်တဲ့ စကားတွေ အပြန်အလှန် ပြောမိ လုပ်မိခဲ့ကြတယ် ။ နှစ်ယောက်စလုံး စည်းကျော် ဘောင်ကျော်တဲ့ စကားတွေ ပြောမိခဲ့ကြတယ်”လို့ ဝမ်းနည်းစွာ ဖြေကြားခဲ့ပါတယ်…

Justin က သူဆယ်နှစ်ကျော်ကြာ ချစ်ခဲ့တဲ့ Selenaနဲ့ နောက်ဆုံးအကြိမ် ပြတ်စဲပြီး ဆယ်နှစ်လုံးလုံးသူ့အနားမှာ နှစ်သိမ့်ဖို့ အမြဲရှိနေပေးခဲ့တဲ့ Haileyနဲ့ 2018 June မှာ ပြန်တွေ့တဲ့အခါ Hailey က သူ့ အပေါ် ဘယ်လောက် ကောင်းခဲ့ဖူးတယ် ၊ ဘယ်လောက်တောင် အေးချမ်းစေခဲ့တယ် ဆိုတာတွေကို ပြန်သတိရ သွားခဲ့တယ်လို့ ဆိုပါတယ်။ Hailey ရဲ့ Justin အပေါ် နှစ်သိမ့်နိုင်စွမ်းတွေ ခွင့်လွှတ်နိုင်စွမ်းတွေကပဲ Justin သူ့ကို လက်ထပ်ခွင့် တောင်းခဲ့ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်ဘဝမှာ အနိမ့်အမြင့် အတက် အကျတွေများစွာ ဖြတ်သန်းခဲ့ရပြီး ဝေဖန်တိုက်ခိုက်မှုတွေ ပုတ်ခတ်မှုတွေ များစွာ ခံခဲ့ရတဲ့ Justin အတွက်တော့ တစ်စုံတစ်ယောက်ကို သူ့ဘဝအတွက် မျက်စိမှိတ်ပြီး ယုံကြည်ဖို့ဆိုတာ သိပ်ကို ခက်ခဲသွားပါပြီ ။ Hailey ကိုတောင်မှပေါ့ ။ အဲဒီအကြောင်းကို Justin က Hailey ရှေ့မှာပဲ Vogueနဲ့ Interview မှာဖြေခဲ့ပါတယ်…

Justin က ဘဝတစ်လျှောက်လုံး သူ့ထက် အသက် နှစ်နှစ်ကြီးတဲ့ Selena ကိုပဲ ချစ်လာခဲ့ပြီး သူဘယ်လောက် ဆိုးပါစေ Selena ရဲ့ဆုံးမမှုတွေအောက်မှာ Selena ရဲ့အရိပ်အောက်မှာ ယုံကြည်စိတ်ချစွာ ရှိနေခဲ့တာပါ ။ Selena က သူ့ရဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ အလိမ် အညာတွေကို သည်းမခံနိုင်တော့ပဲ ထားသွားတဲ့ အချိန်တွေ အထိပေါ့။ ဒါကြောင့် Selena မဟုတ်တဲ့ မိန်းကလေး တစ်ယောက်ကို ယုံကြည်ပေးဖို့ ခက်ခဲသွားခဲ့တာ ဖြစ်မယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ Justinက Vogueနဲ့ Interview မှာ“ကျွန်တော် လူတွေကို ယုံကြည်ဖို့ ခက်ခဲလာခဲ့တယ် ။ လူတွေကကျွန်တော့်အပေါ် မစစ်မှန်ကြဘူး ဆိုတဲ့စိတ် ဝင်လာတယ်။ သတင်း ရေးတဲ့ သူတွေဆိုရင်လည်း ကျွန်တော့်ဆီက တစ်စုံတစ်ခုကို နှိုက်ထုတ်ဖို့ ပြီးရင် အဲဒါနဲ့ ကျွန်တော့်ကို တိုက်ခိုက်ဖို့ ဆွဲချဖို့ပဲ လုပ်နေကြတာ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လည်း မယုံကြည် နိုင်တော့ဘူး။ ကျွန်တော် အချစ်ရေးနဲ့ ပတ်သက်ရင် ဆိုးရွားတဲ့ အမှားအယွင်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါတွေကြောင့်လည်း Hailey ကို ယုံကြည်ဖို့ ခက်နေခဲ့တယ် ။ လောလောဆယ်တော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ကြိုးစားနေကြတုန်းပါပဲ။အဆင်ပြေပါတယ်”လို့ Hailey ရဲ့ ရှေ့မှာပဲ ဖြေခဲ့တာပါ…

ပရိသတ်တွေကတော့ သူ့လို Selenaနဲ့ ရန်ဖြစ်တိုင်း Hailey ဆီလာပြီး နောက်ဆုံးမှာ Selena အနားပဲ ပြန်ရောက်သွားတတ်တဲ့ Hailey ကို အကြိမ်ပေါင်းများစွာ ဒဏ်ရာတွေ ပေးခဲ့တဲ့ လူကများ ဒီလိုပြောရသေးတယ် ဆိုပြီး အချို့က ဒေါသ ထွက်နေကြပါတယ်။ Hailey ကတော့ “ ကျွန်မက Justin ကို အရမ်းချစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် အမြဲတမ်း ချစ်နေခဲ့တာပဲ။ ဒါကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ သူနဲ့ လက်ထပ်ပြီး ရက်သတ္တပတ် အနည်းငယ်လောက် အရမ်းကို အထီးကျန် ခံစားရတယ်။ ကျွန်မတို့ကို တစ်ကမ္ဘာလုံးက သဘောမတူဘူးဆိုတာ ကျွန်မသိတယ်” လို့ ယုံကြည်စိတ် အပြည့်နဲ့ ဖြေထားခဲ့ပါတယ်…

တစ်ကမ္ဘာလုံးက ပရိသတ်တွေကတော့ Justin တစ်ယောက် ကိုယ်ယုံကြည်ဖို့ ခက်ခဲတဲ့ မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ရေး အဓွန့်ရှည် တည်တံ့နိုင်ပါ့မလားလို့ ဝေဖန်နေကြပါတယ် ပရိသတ်ကြီးရော Justinနဲ့ Haileyနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး တည်ဆောက်နိုင်မယ် ထင်ကြလား။ အခုအချိန်အထိ Selena ကို သံယောဇဉ် မကုန်သေးပုံ ပြနေတဲ့ Justin ကိုရော Hailey က တစ်သက်လုံး သည်းခံနားလည် ပေးသွားမှာလား။ ခံစားချက်တွေ ပြောခဲ့ကြပါဦး. . . . .

CRD-Nanmalgyi