အၾကည့္ေလးနဲ႔တင္ ေက်နပ္ေနရတဲ့ မီးရထားဘူတာရံုထဲက ဂရုဏာသက္ဖြယ္ ခ်စ္ဇာတ္လမ္းေလး

0
109

(Zawgyi)

အၾကည့္ေလးနဲ႔တင္ ေက်နပ္ေနရတဲ့ မီးရထားဘူတာရံုထဲက ဂရုဏာသက္ဖြယ္ ခ်စ္ဇာတ္လမ္းေလး

အခုဆိုရင္ တရုတ္ႏိုင္ငံရဲ႕ ေႏြဦးရာသီ ပြဲေတာ္က ၿပီးဆံုးသြားၿပီ ျဖစ္တာေၾကာင့္ လူေတြဟာ လုပ္ငန္းခြင္ေတြဆီ ျပန္လည္ ဝင္ေရာက္ ေနၾကၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ မီးရထားမွာ အလုပ္ လုပ္ေနတဲ့ ၀န္ထမ္း ႏွစ္ဦးရဲ႕ အခ်စ္ေရး ကေတာ့ မၿပီးဆံုးေသး ပါဘူး။ ရထားေပၚ တက္ဖို႔ ေစာင့္ဆိုငး္ေနတဲ့ သူေတြထဲမွာ ဟိုင္ကန္း ဆိုသူ အမ်ိဳးသား တဦးလည္း ပါဝင္ ပါတယ္။

ဟုိင္ကန္းဟာ ယူလင္း ဘူတာရံုမွာ အလုပ္ လုပ္ေနတဲ့ ကုန္တင္ ရထားေမာင္းသူ တစ္ဦးပါ။ ဟိုင္ကန္းရဲ႕ ရည္းစားေကာင္မေလး လဲ့ဂ်ီကေတာ့ ရထားတြဲ ေပၚမွာ အလုပ္ လုပ္ေနတဲ့ ဝန္ထမ္း အေစာင့္တစ္ဦး ျဖစ္ပါတယ္။ သူမက ရွန္ဇီျပည္နယ္နဲ႔ အေနာက္ ဝူဟုိင္ၾကား ေျပးဆြဲေနတဲ့ ရထားေတြေပၚမွာ အလုပ္ လုပ္ေနခဲ့တဲ့ (၇) ႏွစ္တာ ရွိပါၿပီ ။

“ ပထမဆံုး မီးရထားမွာ စ အလုပ္ လုပ္ေတာ့ ကြ်န္ေတာ္တို႔ ႏွစ္ေယာက္လံုးက အလုပ္သင္ ေတြေပါ့။ အဲဒီတုန္းက ကြ်န္ေတာ္က ဆြယ္တာေလး တစ္ထည္ပဲ ဝတ္ထားၿပီး ရထားေတြကို လိုက္စစ္ ရတယ္။ ရာသီဥတု ကလည္း ေအးေတာ့ ခ်မ္းလြန္းလို႔ တုန္ေနတယ္ ။ ဒါကို ကြ်န္ေတာ့္ ေကာင္မေလးက ျမင္သြားၿပီး ကြ်န္ေတာ့္ကို ဂ်က္ကတ္ အထူႀကီး တထည္ ေပးတယ္..” လို႔ ဟိုင္ကန္းက သူတို႔စတင္ေတြ႔ဆံု ခဲ့ပံုကို ေျပာျပပါတယ္။

အဲဒီျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ (၄) ႏွစ္ေလာက္ ကပါ။ အခုဆိုရင္ေတာ့ ဟိုင္ကန္းနဲ႔ လဲ့ဂ်ီဟာ ခ်စ္သူေတြ ျဖစ္ေနပါၿပီ။ ဒါေပမယ့္လည္း အလုပ္သဘာဝေၾကာင့္ တစ္ဦးနဲ႔ တစ္ဦးဟာ ဆံုခဲလွၿပီး လဲ့ဂ်ီရဲ႕ ရထားဆိုက္လို႔ ရထားရပ္ခ်ိန္ မိနစ္ပိုင္းေလး အတြင္းမွာသာ ေတြ႔ဆံုခြင့္ ရတာပါ။ “ ကြ်န္ေတာ္ ဘူတာရံုမွာ ေစာင့္ေနတဲ့ အခ်ိန္တိုင္း ကြ်န္ေတာ့္ ေကာင္မေလးကို ဖ်တ္ခနဲပဲ ျမင္ရတယ္ ။ ကြ်န္ေတာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီတိုင္း ၾကည့္ရံုပဲ ၾကည့္ၿပီး ျဖတ္သြားရတာ မ်ားပါတယ္ ” လို႔ ဟိုင္ကန္းက ဆိုပါတယ္။

လဲ့ဂ်ီကေတာ့ “ ကြ်န္မတို႔ အလုပ္ေျပာင္းဖို႔ စဥ္းစားေသးတယ္။ ကြ်န္မ အလုပ္ေျပာင္း လိုက္ရင္ ဒီလိုမ်ိဳး ကြဲကြာၿပီး ေနရမွာ မဟုတ္ေတာ့ဘူး။ ဒါေပမယ့္ သူက သူ႔အလုပ္ကို အရမ္း ျမတ္ႏိုးတယ္။ ကြ်န္မကလည္း ကြ်န္မ အလုပ္ထဲမွာ အရမ္း ေပ်ာ္ေတာ့ အလုပ္ေျပာင္းဖို႔ စိတ္ကူးက ျဖစ္မလာပါဘူး ” လို႔ ဆိုပါတယ္။ ဟုိင္ကန္းနဲ႔ လဲ့ဂ်ီတို႔ဟာ အခုႏွစ္ ထဲမွာေတာ့ လက္ထပ္ဖို႔ ဆံုးျဖတ္ထား ၾကပါတယ္။

ဟိုင္ကန္းဟာ ႏွစ္သစ္ကူး ကာလမွာေတာ့ လဲ့ဂ်ီကို လက္ထပ္ခြင့္ ေတာင္းဖို႔ ၾကိဳးစားခဲ့ ပါတယ္။ ဒါေပမယ့္ သူ႔ခမ်ာ ကံဆိုးခ်င္ေတာ့ လဲ့ဂ်ီ ပါလာတဲ့ ရထားဟာ ႏွင္းေတြေၾကာင့္ ရထားအခ်ိန္ ေနာက္က်ၿပီး ဟိုင္ကန္းေစာင့္ေနတဲ့ ဘူတာရံုမွာ (၅) မိနစ္ေလာက္ပဲ ရပ္နားခဲ့ ပါတယ္ ။ ဒါေၾကာင့္ ဟိုင္ကန္းအေနနဲ႔ လဲ့ဂ်ီကို လက္စြပ္ ပါတဲ့ ရတနာဘူးေလးနဲ႔ ပန္းစီးေလးတစ္ခု အလ်င္အျမန္ ေပးခဲ့ရံုက လြဲလို႔ တစ္စံုတစ္ရာ စကားေျပာခြင့္ေတာင္ မရခဲ့ပါဘူး။

ေအာက္ဘက္ မွာေတာ့ တရုတ္ႏိုင္ငံ တဝန္းလံုးက ျပည္သူေတြကို အရမ္းႏွစ္သက္ သေဘာက်ေနတဲ့ ခ်စ္သူႏွစ္ဦးရဲ႕ ၾကည္ႏူးဆြတ္ပ်ံ႔ဖြယ္ ေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးကို ေဖာ္ျပေပးလိုက္ ပါတယ္။

Crd _ လင္းလင္း (ShweMom), Ref: cgtn

(Unicode)

အကြည့်လေးနဲ့တင် ကျေနပ်နေရတဲ့ မီးရထားဘူတာရုံထဲက ဂရုဏာသက်ဖွယ် ချစ်ဇာတ်လမ်းလေး

အခုဆိုရင် တရုတ်နိုင်ငံရဲ့ နွေဦးရာသီ ပွဲတော်က ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် လူတွေဟာ လုပ်ငန်းခွင်တွေဆီ ပြန်လည် ဝင်ရောက် နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မီးရထားမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်း နှစ်ဦးရဲ့ အချစ်ရေး ကတော့ မပြီးဆုံးသေး ပါဘူး။ ရထားပေါ် တက်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေထဲမှာ ဟိုင်ကန်း ဆိုသူ အမျိုးသား တဦးလည်း ပါဝင် ပါတယ်။

ဟိုင်ကန်းဟာ ယူလင်း ဘူတာရုံမှာ အလုပ် လုပ်နေတဲ့ ကုန်တင် ရထားမောင်းသူ တစ်ဦးပါ။ ဟိုင်ကန်းရဲ့ ရည်းစားကောင်မလေး လဲ့ဂျီကတော့ ရထားတွဲ ပေါ်မှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်း အစောင့်တစ်ဦး ဖြစ်ပါတယ်။ သူမက ရှန်ဇီပြည်နယ်နဲ့ အနောက် ဝူဟိုင်ကြား ပြေးဆွဲနေတဲ့ ရထားတွေပေါ်မှာ အလုပ် လုပ်နေခဲ့တဲ့ (၇) နှစ်တာ ရှိပါပြီ ။

“ ပထမဆုံး မီးရထားမှာ စ အလုပ် လုပ်တော့ ကျွန်တော်တို့ နှစ်ယောက်လုံးက အလုပ်သင် တွေပေါ့။ အဲဒီတုန်းက ကျွန်တော်က ဆွယ်တာလေး တစ်ထည်ပဲ ဝတ်ထားပြီး ရထားတွေကို လိုက်စစ် ရတယ်။ ရာသီဥတု ကလည်း အေးတော့ ချမ်းလွန်းလို့ တုန်နေတယ် ။ ဒါကို ကျွန်တော့် ကောင်မလေးက မြင်သွားပြီး ကျွန်တော့်ကို ဂျက်ကတ် အထူကြီး တထည် ပေးတယ်..” လို့ ဟိုင်ကန်းက သူတို့စတင်တွေ့ဆုံ ခဲ့ပုံကို ပြောပြပါတယ်။

အဲဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ (၄) နှစ်လောက် ကပါ။ အခုဆိုရင်တော့ ဟိုင်ကန်းနဲ့ လဲ့ဂျီဟာ ချစ်သူတွေ ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အလုပ်သဘာဝကြောင့် တစ်ဦးနဲ့ တစ်ဦးဟာ ဆုံခဲလှပြီး လဲ့ဂျီရဲ့ ရထားဆိုက်လို့ ရထားရပ်ချိန် မိနစ်ပိုင်းလေး အတွင်းမှာသာ တွေ့ဆုံခွင့် ရတာပါ။ “ ကျွန်တော် ဘူတာရုံမှာ စောင့်နေတဲ့ အချိန်တိုင်း ကျွန်တော့် ကောင်မလေးကို ဖျတ်ခနဲပဲ မြင်ရတယ် ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဒီတိုင်း ကြည့်ရုံပဲ ကြည့်ပြီး ဖြတ်သွားရတာ များပါတယ် ” လို့ ဟိုင်ကန်းက ဆိုပါတယ်။

လဲ့ဂျီကတော့ “ ကျွန်မတို့ အလုပ်ပြောင်းဖို့ စဉ်းစားသေးတယ်။ ကျွန်မ အလုပ်ပြောင်း လိုက်ရင် ဒီလိုမျိုး ကွဲကွာပြီး နေရမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သူက သူ့အလုပ်ကို အရမ်း မြတ်နိုးတယ်။ ကျွန်မကလည်း ကျွန်မ အလုပ်ထဲမှာ အရမ်း ပျော်တော့ အလုပ်ပြောင်းဖို့ စိတ်ကူးက ဖြစ်မလာပါဘူး ” လို့ ဆိုပါတယ်။ ဟိုင်ကန်းနဲ့ လဲ့ဂျီတို့ဟာ အခုနှစ် ထဲမှာတော့ လက်ထပ်ဖို့ ဆုံးဖြတ်ထား ကြပါတယ်။

ဟိုင်ကန်းဟာ နှစ်သစ်ကူး ကာလမှာတော့ လဲ့ဂျီကို လက်ထပ်ခွင့် တောင်းဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမယ့် သူ့ခမျာ ကံဆိုးချင်တော့ လဲ့ဂျီ ပါလာတဲ့ ရထားဟာ နှင်းတွေကြောင့် ရထားအချိန် နောက်ကျပြီး ဟိုင်ကန်းစောင့်နေတဲ့ ဘူတာရုံမှာ (၅) မိနစ်လောက်ပဲ ရပ်နားခဲ့ ပါတယ် ။ ဒါကြောင့် ဟိုင်ကန်းအနေနဲ့ လဲ့ဂျီကို လက်စွပ် ပါတဲ့ ရတနာဘူးလေးနဲ့ ပန်းစီးလေးတစ်ခု အလျင်အမြန် ပေးခဲ့ရုံက လွဲလို့ တစ်စုံတစ်ရာ စကားပြောခွင့်တောင် မရခဲ့ပါဘူး။

အောက်ဘက် မှာတော့ တရုတ်နိုင်ငံ တဝန်းလုံးက ပြည်သူတွေကို အရမ်းနှစ်သက် သဘောကျနေတဲ့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် ကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက် ပါတယ်။

Crd _ လင်းလင်း (ShweMom), Ref: cgtn