
0
176

( For Zawgyi )






( For Unicode )

အခွင့်ရေးကောင်းတွေကို လက်လွှတ်ခဲ့ရလို့ နောင်တရနေတဲ့ MRTV-4 မင်းသမီးလေး ခြူး

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးခြူးက သရုပ်ဆောင် ပီပြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်တဲ့အပြင် ပရိသတ်တွေကို အရမ်း ဖော်ရွှေတတ်တဲ့ မင်းသမီးတစ်လက် ဖြစ်တာကြောင့် အနုပညာလောကမှာ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ဦး ဖြစ်ပါတယ် ။ သူမရဲ့ အရမ်းကို တက်ကြွတဲ့ စိတ်က သူမချစ်တဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နိုင်အောင် ပံပိုးပေးနေပြီး ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အချိန်တိုအတွင်းမှာ အောင်မြင်လာတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ် ။

မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေ ကိုသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ ခြူးလေးကို မြင်တွေ့ရမှာဖြစ်ပြီး ချစ်သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲပြီးတဲ့ နောက်မှာတော့ ပိုပြီးတော့ လှလာတာကိုလည်း မြင်တွေ့ရမှာပါ ။ တစ်နေ့တစ်ခြား ပိုပြီး ချစ်စရာကောင်းလာတဲ့ ခြူးလေးက ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်း ရိုက်ကူးပေးနေတာကိုလည်း မြင်တွေ့ရမှာပါ ။

အလုပ် ကြိုးစားလွန်းတဲ့ ခြူးလေးအတွက် အခွင့်အရေးကောင်းတွေက ရွှေလို အဖိုးတန်တဲ့အရာတွေပါ။ အတိတ်မှာ အချိန် မပေးနိုင်ခဲ့လို့ အခွင့်အရေးကောင်းတွေကို လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ အပေါ် နောင်တတွေ ရနေခဲ့တာပါ ။ သူမရဲ့ ချစ်ပရိသတ်တွေကတော့ ဒီထက်ကောင်းတဲ့ အခွင့်အရေး ကောင်းတွေ ထပ်တွေ့နိုင်ပါသေးတယ် ဆိုပြီးတော့ အားပေးစကားပြောထားကြတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပြီး ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

Source:Chue Chue,CRD-Myanmarload