0
160
( For Zawgyi )
Rowena
( For Unicode )
ပရိသတ်တွေ ကြိုက်နေကြတဲ့ ဒေါင်းနဲ့ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ “အချစ်တွေနဲ့လွမ်းနေတယ်” ဇာတ်ဝင်တေးသီချင်း(ရုပ်သံ)
“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက စာရေးဆရာမကြီး နုနုရည် အင်းဝ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ် ဂုဏ်ပြု ရိုက်ကူးထားတာလို့ သိရပါတယ် ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်ကရိုက်ကူူးခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ ဒေါင်း ၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန်တို့က ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက မကြာခင်မှာပဲ ကမာရွတ်မီဒီယာနှင့် အချစ်ဖြင့်လွမ်းစေ Official Page များမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ် ။
လတ်တလော နာမည်ကြီးနေတဲ့ သီချင်းလေးကတော့ အချစ်ဖြင့်လွမ်းစေ – Longing with Love ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “အချစ်တွေနဲ့လွမ်းနေတယ်” သီချင်းလေး ဖြစ်ပါတယ် ။ ထိုသီချင်းလေးကို တေးရေး ရယ်ဂျီ ရေးသားထားပေးပြီး ညီနိုင်းနဲ့ မဒီတို့က တစ်ယောက် တစ်မျိုးစီ အကောင်းဆုံး သီဆိုထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် “အချစ်တွေနဲ့လွမ်းနေတယ်” သီချင်းလေးကို မျှဝေ ပေးလိုက်ပါတယ်နော် ။
မဒီ – အချစ်တွေနဲ့လွမ်းနေမယ်(ရုပ်သံ)
ညီနိုင်း – အချစ်တွေနဲ့လွမ်းနေတယ်(ရုပ်သံ)
သီချင်းလေးကတော့ ပရိသတ်တွေ ကြိုက်မယ်ဆိုလဲ ကြိုက်စရာပဲ ။ မဒီနဲ့ ညီနိုင်းတို့ တစ်ယောက်တစ်မျိုး သီဆိုထားတာ အရမ်းကို ကောင်းလှပါတယ် ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကြီးက ဖေဖော်ဝါရီလ အတွင်း ပြသတော့မှာမို့ စောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့နော် ။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။
Rowena
Source: အချစ်ဖြင့်လွမ်းစေ