
0
1422

( For Zawgyi )




၁. ရွှေကြာ
၎. သမ္မတကြီးထံပေးစာ
၅. မုန်းစွဲ



( For Unicode )

အမျိုးသမီးဇာတ်ဆောင် ဆု သိမ်းပိုက်နိုင်ဖို့အတွက် အခွင့်အလမ်း ပိုသာနေတဲ့ အကယ်ဒမီ ဖွေးဖွေး

ပရိသတ်ကြီးရေ မကြာခင် ကျင်းပပြုလုပ်တော့မယ့် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးဟာ ရုပ်ရှင်ချစ် ပရိသတ်တွေ အာရုံစိုက်မှုကို ရရှိနေပြီ ဖြစ်ပါတယ် ။ ဒီနှစ် အကယ် ဒမီပေးပွဲကြီးမှာ ဒုတိယအဆင့်ဆန်ကာတင်ဇာတ်လမ်းတွေ (၂၅)ကားကို ကြေညာ ထားပြီးပြီလည်းဖြစ်ပါတယ် ။ အံ့သြစရာကောင်းတာကတော့ ဒီနှစ်ဟာ ဖွေးဖွေးနှစ် လို့ပြော ရလောက်အောင် ထူးခြားချက်တစ်ခု ရှိနေတာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာ ဖွေးဖွေးဟာ အကယ်ဒမီတန်းဝင် ဖြစ်သလို ဈေးကွက် နဲ့ ပရိသတ်အင်အား မှာလည်း နေရာအခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်နေတာပါ ။ အခုတစ်ခေါက် အကယ်ဒမီမှာ ဘယ်နေရာကြည့်ကြည့် ဖွေးဖွေးဇာတ်လမ်းတွေက အများဆုံး ပါဝင်နေတာကြောင့် ရွှေစင်ရုပ်ထုကို သိမ်းပိုင်နိုင်မယ့် အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ ။

(၂၀၁၈) ခုနှစ်အတွက် အကယ်ဒမီဇကာတင် (၂၅) ကားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အတွက် ဖွေးဖွေးပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းများကတော့
၁. ရွှေကြာ
၂. ငါ့ကိုနမ်းတဲ့မုန်တိုင်း
၃. ကာဗွန်ဒိုင်အောက်ဆိုဒ်
၄. သမ္မတကြီးထံပေးစာ
၅. မုန်းစွဲ
၆. သတို့သမီး တို့ ဖြစ်ပါတယ်။

ဒီဇာတ်ကား(၆)ကားထဲက ဖွေးဖွေးတစ်ယောက် ဘယ်ဇာတ်ကား နဲ့ အကယ်ဒမီ ရရှိနိုင်လဲဆိုတာ ပရိသတ်ကြီး မှတ်ချက်ကနေေ ပြောပြခဲ့ပါဦးနော်..။

Source – Myanmar Famous Star