သင္ဇာဝင့္ေက်ာ္ အေၾကာင္း ေအးျမတ္သူ ေျပာပီ

0
32333

(For Zawgyi)

ခ်စ္စရာ အၿပံဳး ပိုင္ရွင္ေလးနဲ႔ ျမန္မာႏိုင္ငံက နာမည္ၾကီး မင္းသမီး တလက္ျဖစ္တဲ့ ေအးျမတ္သူ ကိုေတာ့ ရင္းႏွီးၿပီးသားလည္း ျဖစ္မွာပါ။ ေအးျမတ္သူ တေယာက္ကေတာ့ အႏုပညာ ေလာကကို စဝင္ခ်ိန္က ခပ္ေဟာ့ေဟာ့ ဓါတ္ပံုေလး ေတြနဲ႔ ပရိသတ္ေတြၾကား နာမည္ႀကီး ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေအးျမတ္သူ တေယာက္ ပိုမို တည္ၿငိမ္ လာၿပီး ယဥ္ယဥ္ေလးနဲ႔ပဲ ေတြ႔လာရတာ မ်ားပါတယ္။ ဒါေၾကာင့္ ေအးျမတ္သူ ကေတာ့ သူ႔ရဲ့ ေျပာင္းလဲသြားတဲ့ ဖက္ရွင္နဲ႔ ပတ္သက္ျပီး ေျပာၾကားသြားကာ သူ႔ရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ ေဘာ္ဒီ အမိုက္စားနဲ႔ မင္းသမီး သင္ဇာဝင့္ေက်ာ္နဲ႔ ပတ္သက္ျပီးလည္း ေျပာၾကားသြား ခဲ့ပါတယ္။

ေအးျမတ္သူကေတာ့ အင္တာဗ်ဴးတြင္ “ အသက္အရြယ္ေၾကာင့္ ဝတ္စားပံုေတြက ရိုးလာတာ ျဖစ္မွာပါ။ အဘြားႀကီး ျဖစ္ၿပီ ဆိုေတာ့။ ေအးျမတ္သူကေတာ့ လိုက္ဖက္တဲ့ ေနရာမွာ လိုက္ဖက္တဲ့ ဝတ္စံုကို စဥ္းစားျပီး ဝတ္ပါတယ္။ Sexy လို ဝတ္တာေတြကေတာ့ နည္းသြားပါတယ္။ ေျပာင္းလဲ လိုက္တာပါ။ Life ကို Change လုပ္တဲ့ အခ်ိန္မွာေတာ့ ကိုယ့္ရဲ့ ေနထိုင္မႈေတြကိုလည္း ျပဳျပင္ေျပာင္းလဲ ရပါတယ္”

သူငယ္ခ်င္း သင္ဇာနဲ႔ ပတ္သက္ၿပီး ေအးျမတ္သူကေတာ့ “ သူကေတာ့ အရမ္းလြတ္လပ္ပါတယ္။ သူ႔ကုိသေဘာက်တယ္။ သူမ်ားေတြကို စိတ္မဝင္စားဘူး။ ကုိယ့္ဘာကုိယ္ လွေအာင္ပဲ ေနတယ္။ သူသည္ ဘယ္သူ႔ကိုမွ ထိခိုက္ေအာင္ မလုပ္ပါဘူး။ သူ႔ဘာသာသူ စိတ္ခ်မ္းသာေအာင္ ေနတယ္။

လူေတြ အရက္ ေသာက္ၾကတယ္။ သူမ်ားကို မထိခိုက္ဘူး ဆိုရင္ေတာ့ ေသာက္ၾကတာပဲေလ။ အဲ့လုိမ်ိဳးပဲေလ။ ကုိယ္သူမ်ားကို မထိခိုက္ဘူး ဆိုရင္ အဆင္ေျပသလို လုပ္ၾကတာပဲေလ။ ေအးျမတ္သူကေတာ့ သင္ဇာကို သေဘာက်တယ္။ သူ႔ရဲ့ Life Style ကို သေဘာက်တယ္ ”

“ သူ႔ကိုယ္သူ ယံုၾကည္မႈ အၿမဲ ရွိတယ္။ သူသည္ ဘာဝတ္ရင္လွမလဲ ဆိုတာ သိတယ္။ သူ ေရြးခ်ယ္လိုက္တဲ့ အရာေတြကေတာ့ အၿမဲတမ္း ေကာင္းေနပါတယ္။ သင္ဇာကိုေတာ့ ႀကိဳက္ပါတယ္။ သူ႔ကို ေဝဖန္တာေတြကေတာ့ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ပါပဲ။ တခါတေလက်ရင္ လူကအရမ္းကို ထိန္းခ်ဳပ္ခံလာရရင္ေတာ့ သိပ္အဆင္မေျပပါဘူး။

သင္ဇာက သူ႔ကို ေဘာင္သြင္းထားတာ မႀကိဳက္ဘူး။ ေအးျမတ္သူလည္း မႀကိဳက္ပါဘူး။ ေဘာင္သြင္းထားေတာ့ ေနရတာ အရမ္းက်င္းၾကပ္ လာတယ္။ အဲ့လိုမ်ိဳး က်င္းၾကပ္လာတဲ့ လူက ေပါက္ကြဲရင္ အရမ္းကို ေပါက္ကြဲ တတ္တယ္။ ဒါေၾကာင့္ ေျပာခ်င္တာကေတာ့ လူေတြက အမ်ိဳးမ်ိဳး ကြဲလြဲတာေတြေတာ့ ရွိေနတာပဲေလ။ ဘယ္သူ႔ကိုမွေတာ့ အျပစ္ မေျပာခ်င္ပါဘူး။ အဲ့ဒါကိုလည္း ေအးျမတ္သူမွာ တားဆီးပိုင္ခြင့္ မရွိပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

(For Unicode)

သင်ဇာဝင့်ကျော် အကြောင်း အေးမြတ်သူ ပြောပီ

ချစ်စရာ အပြုံး ပိုင်ရှင်လေးနဲ့ မြန်မာနိုင်ငံက နာမည်ကြီး မင်းသမီး တလက်ဖြစ်တဲ့ အေးမြတ်သူ ကိုတော့ ရင်းနှီးပြီးသားလည်း ဖြစ်မှာပါ။ အေးမြတ်သူ တယောက်ကတော့ အနုပညာ လောကကို စဝင်ချိန်က ခပ်ဟော့ဟော့ ဓါတ်ပုံလေး တွေနဲ့ ပရိသတ်တွေကြား နာမည်ကြီး ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အေးမြတ်သူ တယောက် ပိုမို တည်ငြိမ် လာပြီး ယဉ်ယဉ်လေးနဲ့ပဲ တွေ့လာရတာ များပါတယ်။ ဒါကြောင့် အေးမြတ်သူ ကတော့ သူ့ရဲ့ ပြောင်းလဲသွားတဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောကြားသွားကာ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘော်ဒီ အမိုက်စားနဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ပတ်သက်ပြီးလည်း ပြောကြားသွား ခဲ့ပါတယ်။

အေးမြတ်သူကတော့ အင်တာဗျူးတွင် “ အသက်အရွယ်ကြောင့် ဝတ်စားပုံတွေက ရိုးလာတာ ဖြစ်မှာပါ။ အဘွားကြီး ဖြစ်ပြီ ဆိုတော့။ အေးမြတ်သူကတော့ လိုက်ဖက်တဲ့ နေရာမှာ လိုက်ဖက်တဲ့ ဝတ်စုံကို စဉ်းစားပြီး ဝတ်ပါတယ်။ Sexy လို ဝတ်တာတွေကတော့ နည်းသွားပါတယ်။ ပြောင်းလဲ လိုက်တာပါ။ Life ကို Change လုပ်တဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ နေထိုင်မှုတွေကိုလည်း ပြုပြင်ပြောင်းလဲ ရပါတယ်”

သူငယ်ချင်း သင်ဇာနဲ့ ပတ်သက်ပြီး အေးမြတ်သူကတော့ “ သူကတော့ အရမ်းလွတ်လပ်ပါတယ်။ သူ့ကိုသဘောကျတယ်။ သူများတွေကို စိတ်မဝင်စားဘူး။ ကိုယ့်ဘာကိုယ် လှအောင်ပဲ နေတယ်။ သူသည် ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ပါဘူး။ သူ့ဘာသာသူ စိတ်ချမ်းသာအောင် နေတယ်။

လူတွေ အရက် သောက်ကြတယ်။ သူများကို မထိခိုက်ဘူး ဆိုရင်တော့ သောက်ကြတာပဲလေ။ အဲ့လိုမျိုးပဲလေ။ ကိုယ်သူများကို မထိခိုက်ဘူး ဆိုရင် အဆင်ပြေသလို လုပ်ကြတာပဲလေ။ အေးမြတ်သူကတော့ သင်ဇာကို သဘောကျတယ်။ သူ့ရဲ့ Life Style ကို သဘောကျတယ် ”

“ သူ့ကိုယ်သူ ယုံကြည်မှု အမြဲ ရှိတယ်။ သူသည် ဘာဝတ်ရင်လှမလဲ ဆိုတာ သိတယ်။ သူ ရွေးချယ်လိုက်တဲ့ အရာတွေကတော့ အမြဲတမ်း ကောင်းနေပါတယ်။ သင်ဇာကိုတော့ ကြိုက်ပါတယ်။ သူ့ကို ဝေဖန်တာတွေကတော့ လူအမျိုးမျိုး စိတ်အထွေထွေ ပါပဲ။ တခါတလေကျရင် လူကအရမ်းကို ထိန်းချုပ်ခံလာရရင်တော့ သိပ်အဆင်မပြေပါဘူး။

သင်ဇာက သူ့ကို ဘောင်သွင်းထားတာ မကြိုက်ဘူး။ အေးမြတ်သူလည်း မကြိုက်ပါဘူး။ ဘောင်သွင်းထားတော့ နေရတာ အရမ်းကျင်းကြပ် လာတယ်။ အဲ့လိုမျိုး ကျင်းကြပ်လာတဲ့ လူက ပေါက်ကွဲရင် အရမ်းကို ပေါက်ကွဲ တတ်တယ်။ ဒါကြောင့် ပြောချင်တာကတော့ လူတွေက အမျိုးမျိုး ကွဲလွဲတာတွေတော့ ရှိနေတာပဲလေ။ ဘယ်သူ့ကိုမှတော့ အပြစ် မပြောချင်ပါဘူး။ အဲ့ဒါကိုလည်း အေးမြတ်သူမှာ တားဆီးပိုင်ခွင့် မရှိပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။