ဆက္ဆီ ဆန္တဲ့ ဖက္ရွင္မ်ိဳး ဝတ္​ခြင့္​ေပးပါ ဆိုၿပီး သင္ဇာဝင့္ေက်ာ္ ေတာင္းဆို

0
1378

(For Zawgyi)

ဆက္ဆီ ဆန္တဲ့ ဖက္ရွင္မ်ိဳး ဝတ္​ခြင့္​ေပးပါ ဆိုၿပီး သင္ဇာဝင့္ေက်ာ္ ေတာင္းဆို

သင္​ဇာ၀င့္ေက်ာ္ကေတာ့ ဒီနွစ္​ကုန္​အထိ ဒီလို ဆက္ဆီ ဆန္တဲ့ ဖက္ရွင္မ်ိဳး ဝတ္​ခြင္​့​ေပးပါ ဆိုပီး ပရိသတ္ေတြကုိ ေတာင္းဆို လိုက္ပါတယ္။

ဆိုင္ဖြင့္ပြဲေတြ လက္ခံထားတဲ့ အတြက္ ဒီႏွစ္ မကုန္ခင္ အထိေတာ့ ဒီလို ေလးေတြ ဝတ္ခြင့္ေပးပါေနာ္လို႔ ေတာင္းဆိုထားၿပီး… ငွားရမ္းသူ ဆိုင္ရွင္ေတြ ရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဝတ္ရတာမို႔လို႔ နဲနဲ မ်ားသြားရင္လဲ ေတာင္းပန္ပါတယ္ ရွင္ လို႔ ေျပာထားပါတယ္။

ဆက္စီ ဆန္တဲ့ ဝတ္စား ဆင္ယင္မႈ ေတြနဲ႔ ပရိသတ္ေတြၾကား အၿမဲလိုလို ဂယက္ထေစခဲ့တဲ့ သင္ဇာဝင့္ေက်ာ္ ကေတာ့ ယေန႔မွာ ေအာင္သီရိ စိန္တိုက္ဖြင့္ပြဲကို တက္ေရာက္ လာခဲ့တာလည္း ျဖစ္ပါတယ္။

သူမဟာ အဓိက အားျဖင့္ ပြဲတက္ ဝတ္စား ဆင္ယင္မႈ ေတြမွာ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို အျပင္းထန္ဆံုး ခံရေလ့ရွိၿပီး သူမ အတြက္ေတာ့ ဒါဟာ စားဝတ္ေနေရး အလုပ္တစ္ခု ျဖစ္တဲ့အတြက္ ေရွ႕ဆက္သြားေနမွာ ျဖစ္တယ္လို႔ သင္ဇာဝင့္ေက်ာ္က ဆိုပါတယ္။

သူမရဲ႕ ခႏၶာကိုယ္ လွပမႈ အေပၚ အၿမဲ ယံုၾကည္ေလ့ရွိတဲ့ သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ အလွအပေတြကို ေပၚလြင္ေစမယ့္ ဝတ္စားမႈ မ်ိဳးေတြနဲ႔ အတူ ပြဲတက္ေလ့ ရွိတာ ျဖစ္ပါတယ္။

 

ဒီကေန႔မွာလည္း ေအာင္သီရိ စိန္တိုက္ရဲ႕ ၄ ႏွစ္ျပည့္ အထိမ္းအမွတ္ ေစ်းေရာင္း ပြဲေတာ္နဲ႔ ရံုးခ်ဳပ္ဖြင့္လွစ္ျခင္း အခမ္းအနားကို အျမင္ထူးတဲ့ ပံုစံနဲ႔ တက္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

(For Unicode)

ဆက်ဆီ ဆန်တဲ့ ဖက်ရှင်မျိုး ဝတ်ခွင့်ပေးပါ ဆိုပြီး သင်ဇာဝင့်ကျော် တောင်းဆို

ဒီနှစ်ကုန်အထိ ဒီလို ဆက်ဆီ ဆန်တဲ့ ဖက်ရှင်မျိုး ဝတ်ခွင့်ပေးပါ ဆိုပီး ပရိသတ်တွေကို သင်ဇာဝင့်ကျော်က တောင်းဆို လိုက်ပါတယ်။

ဆိုင်ဖွင့်ပွဲတွေ လက်ခံထားတဲ့ အတွက် ဒီနှစ် မကုန်ခင် အထိတော့ ဒီလို လေးတွေ ဝတ်ခွင့်ပေးပါနော်လို့ တောင်းဆိုထားပြီး… ငှားရမ်းသူ ဆိုင်ရှင်တွေ ရဲ့ တောင်းဆိုမှုကြောင့် ဝတ်ရတာမို့လို့ နဲနဲ များသွားရင်လဲ တောင်းပန်ပါတယ် ရှင် လို့ ပြောထားပါတယ်။

ဆက်စီ ဆန်တဲ့ ဝတ်စား ဆင်ယင်မှု တွေနဲ့ ပရိသတ်တွေကြား အမြဲလိုလို ဂယက်ထစေခဲ့တဲ့ သင်ဇာဝင့်ကျော် ကတော့ ယနေ့မှာ အောင်သီရိ စိန်တိုက်ဖွင့်ပွဲကို တက်ရောက် လာခဲ့တာလည်း ဖြစ်ပါတယ်။

သူမဟာ အဓိက အားဖြင့် ပွဲတက် ဝတ်စား ဆင်ယင်မှု တွေမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းထန်ဆုံး ခံရလေ့ရှိပြီး သူမ အတွက်တော့ ဒါဟာ စားဝတ်နေရေး အလုပ်တစ်ခု ဖြစ်တဲ့အတွက် ရှေ့ဆက်သွားနေမှာ ဖြစ်တယ်လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

သူမရဲ့ ခန္ဓာကိုယ် လှပမှု အပေါ် အမြဲ ယုံကြည်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အလှအပတွေကို ပေါ်လွင်စေမယ့် ဝတ်စားမှု မျိုးတွေနဲ့ အတူ ပွဲတက်လေ့ ရှိတာ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အောင်သီရိ စိန်တိုက်ရဲ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်း ပွဲတော်နဲ့ ရုံးချုပ်ဖွင့်လှစ်ခြင်း အခမ်းအနားကို အမြင်ထူးတဲ့ ပုံစံနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။