ခ်စ္သူေၾကာင့္ အရက္ျပတ္သြားတယ္ဆိုတဲ့ ေနဝင္း

0
910

ခ်စ္သူေၾကာင့္ အရက္ျပတ္သြားတယ္ဆိုတဲ့ ေနဝင္း

Snare အဖြဲ႕ဆိုၿပီး နာမည္ႀကီးလာတဲ့ ေနဝင္းဟာ တႏိုင္ငံလုံးက သိၾကတဲ့ အဆိုေတာ္ တဦးျဖစ္ပါတယ္။ ေနဝင္းက နာမည္ႀကီး အဆိုေတာ္ မဟုတ္သည့္တိုင္ Underground မွာ နာမည္ရၿပီးသား အဆိုေတာ္ တဦးျဖစ္ၿပီး ပရိသတ္ေတြကို ဂ်င္းမထည့္ပဲ တကယ့္ အႏုပညာ အစစ္ေတြသာ ခ်ျပတတ္တဲ့အဆိုေတာ္ေတြထဲက တဦးပါ ။

ေနဝင္းဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလး အိမ့္ခ်စ္ေခ်ာနဲ႔ ခ်စ္သူသက္တမ္း ဆယ္ႏွစ္ျပည့္ဖို႔ လပိုင္းေလာက္သာ လိုပါေတာ့တယ္ ။ ေနဝင္းက သူ႔ရဲ႕အႏုပညာ လႈပ္ရွားမႈေတြနဲ႔ အခ်စ္ေရး အေၾကာင္းကို မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားထား ပါတယ္ ။

ေနဝင္းက သူ႔အေနနဲ႔ 2018 ကို တစ္ႏွစ္လုံး စိတ္ေက်နပ္မႈ ရွိေၾကာင္း “ 2018 ကို တစ္ႏွစ္လုံး ႀကိဳက္တယ္။ အဓိကကေတာ့ ကိုယ္လုပ္ခဲ့တဲ့ လုပ္ရပ္ေတြကို ဘယ္ေတာ့မွ ေနာင္တမရဘူးေပါ့ေနာ္ ။ အဲဒီအတြက္ ေက်နပ္တယ္ ။ 2018 ကေတာ့ ကြၽန္ေတာ့္ Solo အေခြလည္း ထြက္တယ္ ။ Snare အေခြလည္း ထြက္တယ္ ေပါ့ေနာ္ ။ အဲဒီအတြက္ Snare အေခြဆို ႏွစ္လပိုင္းမွာ ပူးတြဲ ခ်န္ပီယံ ထြက္တယ္ ။ ကြၽန္ေတာ့္အေခြ ဆိုရင္ ဒီဇင္ဘာလထဲမွာ ေဆြမ်ိဳးပါေမ့ ထြက္တယ္ ဆိုေတာ့ ဘယ္လိုေျပာမလဲ တႏွစ္ထဲမွာတင္ အေခြႏွစ္ေခြ ထြက္ထားတယ္ ဆိုေတာ့ ဘယ္လိုေျပာမလဲ ဖီးလ္ပဲ ။ ေက်နပ္တယ္ ” လို႔ ေျပာထားပါတယ္ ။

ေနဝင္းက ကိုယ့္အဖြဲ႕ Snare အေပၚမွာ ကိုယ္ဂုဏ္ယူမိေၾကာင္းနဲ႔ ပရိသတ္ကို ေက်းဇူးတင္ေၾကာင္း “ ဘယ္လိုေျပာမလဲ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ Hip Hop မွာ အဖြဲ႕အေၾကာင္းေျပာမယ္ ဆိုရင္ေတာ့ Snare က မပါမျဖစ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ။ ငယ္ငယ္ကတည္းက ႀကိဳးစား ႐ုန္းကန္ၿပီး တက္လာခဲ့တာ ဆိုေတာ့ ကြၽန္ေတာ္တို႔ Music ဘက္မွာ သီခ်င္းေတြ လုပ္တဲ့အခါမွာ ရည္႐ြယ္ၿပီး လုပ္ခဲ့တာ တခုမွ မရွိပါဘူး။ စိတ္ထဲမွာ ရွိတဲ့ အတိုင္းပဲ အၿမဲတမ္း လုပ္ခဲ့တဲ့ အတြက္ေတာ့ အၿမဲတမ္းလည္း ေက်နပ္ပါတယ္။ အားေပးတဲ့ အတြက္လည္း ပရိသတ္ကို ေက်းဇူးတင္ပါတယ္ ” လို႔ ေက်းဇူးစကား ဆိုသြားပါတယ္။

ခ်စ္သူသက္တမ္း ကိုးႏွစ္ေက်ာ္ ဆယ္ႏွစ္ျပည့္လု ျပည့္ခင္ျဖစ္လာၿပီ ျဖစ္တဲ့ အိမ့္ခ်စ္ေခ်ာနဲ႔ အခ်စ္ေရးေၾကာင္းကိုေတာ့ ” ကြၽန္ေတာ္လည္း ျပႆနာေတြ ဘာေတြ တက္ရင္ ျပႆနာတက္တယ္ ဘာညာ Facebook ေပၚမွာလည္း မေရးဘူး။ ကြၽန္ေတာ္တို႔က ကိုယ့္ဟာနဲ႔ ကိုယ္ အဆင္ေျပတယ္ ေပါ့ေနာ္။ သူ႔ဟာနဲ႔သူ အခ်ိန္သက္တမ္း တခု ေရာက္လာလို႔ ပရိသတ္က ဘာညာေပါ့ ။ အားေပးၾကတယ္ ” လို႔ ေျဖၾကားထား ပါတယ္ ။

ေနဝင္း က အရက္ျပတ္သြားတာ ခ်စ္သူရဲ႕ ေက်းဇူးပါ ဆိုၿပီးလည္း ” တခုေတာ့ရွိတယ္၊ အရက္ျပတ္သြားတာသူ႔ေၾကာင့္၊ သူ႔ေၾကာင့္ဆိုတာက ကြၽန္ေတာ္က အရက္ေသာက္ရင္ နည္းနည္း ဆိုးတယ္ေပါ့ေနာ္။ ဆိုးတယ္ရယ္ေတာ့ မဟုတ္ပါဘူး။ တမ်ိဳးပဲ။ ကြၽန္ေတာ္ အရက္ေသာက္ရင္ သူ႔အတြက္ အဆင္မေျပဘူး။ သူ႔ေၾကာင့္ ကြၽန္ေတာ္ အရက္ မေသာက္ေတာ့ဘူး ” လို႔ ရင္ဖြင့္ထားပါတယ္ ။

ပရိသတ္ႀကီးေရာ ေနဝင္းတို႔ ခ်စ္သူစုံတြဲေလးကို ခ်စ္ၾကလား ။ ေနဝင္းကိုေရာ အားေပးၾကလား။ ေနဝင္းရဲ႕ သီခ်င္းေတြထဲက ဘယ္သီခ်င္းကို အႀကိဳက္ဆုံးလဲ ေျပာခဲ့ၾကပါဦး ။

cantwaittosay

(Unicode)

ချစ်သူကြောင့် အရက်ပြတ်သွားတယ်ဆိုတဲ့ နေဝင်း

Snare အဖွဲ့ဆိုပြီး နာမည်ကြီးလာတဲ့ နေဝင်းဟာ တနိုင်ငံလုံးက သိကြတဲ့ အဆိုတော် တဦးဖြစ်ပါတယ်။ နေဝင်းက နာမည်ကြီး အဆိုတော် မဟုတ်သည့်တိုင် Underground မှာ နာမည်ရပြီးသား အဆိုတော် တဦးဖြစ်ပြီး ပရိသတ်တွေကို ဂျင်းမထည့်ပဲ တကယ့် အနုပညာ အစစ်တွေသာ ချပြတတ်တဲ့အဆိုတော်တွေထဲက တဦးပါ ။

နေဝင်းဟာ သူ့ရဲ့ချစ်သူကောင်မလေး အိမ့်ချစ်ချောနဲ့ ချစ်သူသက်တမ်း ဆယ်နှစ်ပြည့်ဖို့ လပိုင်းလောက်သာ လိုပါတော့တယ် ။ နေဝင်းက သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေနဲ့ အချစ်ရေး အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေကြားထား ပါတယ် ။

နေဝင်းက သူ့အနေနဲ့ 2018 ကို တစ်နှစ်လုံး စိတ်ကျေနပ်မှု ရှိကြောင်း “ 2018 ကို တစ်နှစ်လုံး ကြိုက်တယ်။ အဓိကကတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ နောင်တမရဘူးပေါ့နော် ။ အဲဒီအတွက် ကျေနပ်တယ် ။ 2018 ကတော့ ကျွန်တော့် Solo အခွေလည်း ထွက်တယ် ။ Snare အခွေလည်း ထွက်တယ် ပေါ့နော် ။ အဲဒီအတွက် Snare အခွေဆို နှစ်လပိုင်းမှာ ပူးတွဲ ချန်ပီယံ ထွက်တယ် ။ ကျွန်တော့်အခွေ ဆိုရင် ဒီဇင်ဘာလထဲမှာ ဆွေမျိုးပါမေ့ ထွက်တယ် ဆိုတော့ ဘယ်လိုပြောမလဲ တနှစ်ထဲမှာတင် အခွေနှစ်ခွေ ထွက်ထားတယ် ဆိုတော့ ဘယ်လိုပြောမလဲ ဖီးလ်ပဲ ။ ကျေနပ်တယ် ” လို့ ပြောထားပါတယ် ။

နေဝင်းက ကိုယ့်အဖွဲ့ Snare အပေါ်မှာ ကိုယ်ဂုဏ်ယူမိကြောင်းနဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း “ ဘယ်လိုပြောမလဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Hip Hop မှာ အဖွဲ့အကြောင်းပြောမယ် ဆိုရင်တော့ Snare က မပါမဖြစ်လို့ ကျွန်တော် ထင်ပါတယ် ။ ငယ်ငယ်ကတည်းက ကြိုးစား ရုန်းကန်ပြီး တက်လာခဲ့တာ ဆိုတော့ ကျွန်တော်တို့ Music ဘက်မှာ သီချင်းတွေ လုပ်တဲ့အခါမှာ ရည်ရွယ်ပြီး လုပ်ခဲ့တာ တခုမှ မရှိပါဘူး။ စိတ်ထဲမှာ ရှိတဲ့ အတိုင်းပဲ အမြဲတမ်း လုပ်ခဲ့တဲ့ အတွက်တော့ အမြဲတမ်းလည်း ကျေနပ်ပါတယ်။ အားပေးတဲ့ အတွက်လည်း ပရိသတ်ကို ကျေးဇူးတင်ပါတယ် ” လို့ ကျေးဇူးစကား ဆိုသွားပါတယ်။

ချစ်သူသက်တမ်း ကိုးနှစ်ကျော် ဆယ်နှစ်ပြည့်လု ပြည့်ခင်ဖြစ်လာပြီ ဖြစ်တဲ့ အိမ့်ချစ်ချောနဲ့ အချစ်ရေးကြောင်းကိုတော့ ” ကျွန်တော်လည်း ပြဿနာတွေ ဘာတွေ တက်ရင် ပြဿနာတက်တယ် ဘာညာ Facebook ပေါ်မှာလည်း မရေးဘူး။ ကျွန်တော်တို့က ကိုယ့်ဟာနဲ့ ကိုယ် အဆင်ပြေတယ် ပေါ့နော်။ သူ့ဟာနဲ့သူ အချိန်သက်တမ်း တခု ရောက်လာလို့ ပရိသတ်က ဘာညာပေါ့ ။ အားပေးကြတယ် ” လို့ ဖြေကြားထား ပါတယ် ။

နေဝင်း က အရက်ပြတ်သွားတာ ချစ်သူရဲ့ ကျေးဇူးပါ ဆိုပြီးလည်း ” တခုတော့ရှိတယ်၊ အရက်ပြတ်သွားတာသူ့ကြောင့်၊ သူ့ကြောင့်ဆိုတာက ကျွန်တော်က အရက်သောက်ရင် နည်းနည်း ဆိုးတယ်ပေါ့နော်။ ဆိုးတယ်ရယ်တော့ မဟုတ်ပါဘူး။ တမျိုးပဲ။ ကျွန်တော် အရက်သောက်ရင် သူ့အတွက် အဆင်မပြေဘူး။ သူ့ကြောင့် ကျွန်တော် အရက် မသောက်တော့ဘူး ” လို့ ရင်ဖွင့်ထားပါတယ် ။

ပရိသတ်ကြီးရော နေဝင်းတို့ ချစ်သူစုံတွဲလေးကို ချစ်ကြလား ။ နေဝင်းကိုရော အားပေးကြလား။ နေဝင်းရဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ပြောခဲ့ကြပါဦး ။

cantwaittosay