0
4543
၁။ ပိုင်တံခွန်
၂။ တိုင်ရွန်ဘီဂျေ
၃။ ဟိန်းထက်
၎။ ညိမ်းသော်
၅။ ထူးအောင်
၆။ ဟိန်းမင်းသူ
၇။ ဝီလျံထွန်း (Project K)
၈။ ဒေါင်း
antymay
(Unicode)
မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးနေကြတဲ့ အမျိုးသား အနုပညာရှင် (၈) ဦး
ဒီနေ့ မှာတော့ မိန်းကလေး ပရိသတ်တွေ ထုနဲ့ထေး ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် အမျိုးသား အနုပညာရှင်တွေကို တင်ဆက်ပေးလိုက် ပါတယ် ။ သူတို့တွေ ကတော့ မိန်းကလေးတွေ သဘောကျ လောက်တဲ့ ခန့်ညားတဲ့ ရူပါကို ပိုင်ဆိုင်ထားရုံ သာမက အနုပညာ ပိုင်းဆိုင်ရာ မှာလည်း ထူးချွန်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ အနုပညာရှင်တွေ ပါရဲ့လား ဆိုတာ ကြည့်လိုက် ပါဦးနော်။
၁။ ပိုင်တံခွန်
မော်ဒယ်တယောက်အဖြစ် သာမက မင်းသား တယောက်အဖြစ်ပါ အောင်မြင်မှုတွေ ရရှိနေသူ တယောက်ဖြစ်တဲ့ ပိုင်တံခွန် ကတော့ ပရိသတ်တွေနဲ့ အမြဲ တရင်းတနှီး နေတတ်တဲ့သူ တယောက်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေ အတွက် ရည်ရွယ်တဲ့ ဖေ့စ်ဘုတ်ပိုစ့်တွေ၊ ဓါတ်ပုံတွေကို အမြဲတင်တတ် တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတယောက်လည်း ဖြစ်ပါတယ် ။
၂။ တိုင်ရွန်ဘီဂျေ
တိုင်ရွန် ကတော့ မြန်မာနိုင်ငံမှ ာရှိတဲ့ အမိုက်စား ဘော်ဒီကို ပိုင်ဆိုင်ထားသူ အမျိုးသား သရုပ်ဆောင်တွေထဲက တယောက်ဖြစ်ပါတယ် ။ ရုပ်ရှင်ကားတွေလည်း ရိုက်ကူးလျက် ရှိပြီး သရုပ်ဆောင်ကောင်းတဲ့ သူတယောက် အဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြု ခံထားရတဲ့ သူတယောက် ဖြစ်ပါတယ်။
၃။ ဟိန်းထက်
“ အရိပ် ” ဇာတ်လမ်းတွဲမှာ ညီလင်းညို ဆိုတဲ့ ဇာတ်ရုပ်နေရာ ကနေ ပါဝင် သရုပ်ဆောင်ပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူ တယောက် ဖြစ်ပါတယ် ။ MRTV-4 ရဲ့ ဇာတ်လမ်း တော်တော်များများ မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ် ။ ဇာတ်လမ်း အသစ်တွေလည်း ရိုက်ကူးနေလို့ ဟိန်းထက်ရဲ့ အသစ်သစ်သော အနုပညာ လှုပ်ရှားမှုတွေ ကိုလည်း အားပေးလိုက် ပါဦးနော် ။
၄။ ညိမ်းသော်
သူကတော့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှု ပိုင်ရှင် တယောက် ဖြစ်ပါတယ် ။ နာမည်ကျော် “ ည ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့ အသိအမှတ် ပြုမှုရရှိထားတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပါတယ်။
၅။ ထူးအောင်
သူကတော့ “ စစ်ကိုမုန်း၍ တိုက်ခဲ့သည်” ဇာတ်လမ်းမှာ ပါဝင် သရုပ်ေ်ဆာင်ပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုတွေ ပိုမိုရရှိလာတဲ့ သူတယောက် ဖြစ်ပါတယ်။ လူငယ် ဆန်ဆန် ပုံစံထက် Gentle Man ဆန်တဲ့ ပုံစံနဲ့ ပိုတွေ့ရလေ့ ရှိလို့ မိန်းကလေးတွေ ကြွေရတဲ့ ကွီးတယောက်လည်း ဖြစ်ပါတယ် ။
၆။ ဟိန်းမင်းသူ
အဆိုတော် တယောက်အဖြစ် သာမက သရုပ်ဆောင် တယောက် အဖြစ်ပါ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ သူတယောက် ဖြစ်ပါတယ် ။ ဟိန်းမင်းသူဟာ “ အရိပ် ” ဇာတ်လမ်းတွဲ မှာလည်း စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးနေရာ ကနေ ပါဝင် သရုပ်ဆောင်ခဲ့ ပါသေးတယ် ။ သူကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ရုပ်ချင်းဆင်တယ် ဆိုပြီးတော့လည်း လူသိများ ပါတယ် ။
၇။ ဝီလျံထွန်း (Project K)
ပရိသတ်တွေကို အစ်ကို တယောက်လိုလည်း ဆုံးမပေး တတ်တဲ့ သူတယောက်ဖြစ်လို့ ပရိသတ်တွေတိုင်း အချစ် ပိုရတဲ့ သူတယောက်ဖြစ်ပါတယ် ။ Project K အကအဖွဲ့ မှာလည်း ပါဝင်တဲ့အပြင် ရေဒီယိုဇာတ်လမ်းတွဲတွေ မှာလည်း ပါဝင်သရုပ်နေသူ တယောက် ဖြစ်ပါတယ် ။ အကအပြင် သရုပ်ဆောင်လည်း တော်တဲ့ ဝီဝီကတော့ မိန်းကလေး ပရိသတ်တွေ ကြွေရတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ် ။
၈။ ဒေါင်း
ဒေါင်းကတော့ ခုနောက်ပိုင်း မိန်းကလေးတွေ ကြား သည်းသည်းလှုပ် အားပေး အခံရဆံုံး မင်းသားတလက်ပါ။ ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့ အသည်းကို ရအောင် ယူသွားနိုင်ခဲ့သူလို့ ဆိုရမှာပါ ။
antymay