
0
415

(Zawgyi)






(Unicode)

ချစ်သူပေးတဲ့ မွေးနေ့ကိတ်လေးကို လက်ခံပြီး ပြန်ခွင့်လွတ်ပေးခဲ့တဲ့ ထွန်းထွန်း

အဆိုပိုင်းမှာရော သရုပ်ဆောင် ပိုင်းမှာပါ ထူးချွန်တဲ့ ထွန်းထွန်း ကတော့ သူချစ်ရတဲ့ အနုပညာ အလုပ်တွေကို တစိုက် မတ်မတ် လုပ်ရင်း ချစ်ရသူ တွေနဲ့ ဘဝကို ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းနေ တာပါ ။ အရမ်းချစ်ရတဲ့ ချစ်သူ ကိုလည်း ပိုင်ဆိုင် ထားတဲ့ ထွန်းထွန်း ကတော့ မနေ့ကပဲ ချစ်သူနဲ့ ပြတ်စဲ သွားပြီလို့ ပရိသတ်တွေကို အသိပေးခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ ရတာပါ ။

ထွန်းထွန်းရဲ့ ချစ်သူ ကောင်မလေး ကတော့ အထင်လွဲမှုတွေ ကြောင့် ပိုကြီး သွားရတဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာကြောင့် မနေ့ကပဲ ထွန်းထွန်းကို ပြန်တောင်းပန် ခဲ့ပြီး လမ်းခွဲကြောင်း ရေးသား ထားတဲ့ စာကိုလည်း ဖျက်ခဲ့ ပါတယ် ။

ချစ်သူလေးကို အပြစ် မမြင်ရက်တဲ့ ထွန်းထွန်း ကတော့ ဒီနေ့မှာ သူ့မွေးနေ့ အတွက် ပေးလာတဲ့ ချစ်သူရဲ့ မွေးနေ့ ကိတ်လေးကို လက်ခံပြီး ခွင့်လွတ်ပေးခဲ့ ပါတယ် ။ သူတို့ နှစ်ဦး လမ်းခွဲကြောင်း ရေးသားထားတဲ့ စာတွေကိုလည်း ပြန်ဖျက် ခဲ့တာ တွေ့ရပါတယ်နော် ။ ထွန်းထွန်းရဲ့ ပိုစ့်အောက်မှာလည်း ခင်ရ မင်ရသူတွေ နဲ့ ပရိသတ်တွေက ပြန်အဆင်ပြေ သွားလို့ ဝမ်းသာကြောင်း စကားဆိုခဲ့ ကြပါ သေးတယ် ။

ထွန်းထွန်းတို့ ချစ်သူနှစ်ဦး ကတော့ တဦးနဲ့ တဦး နားလည်မှု အပြည့်နဲ့ ရှေ့ဆက် ခဲ့ကြတာ အခု ဆိုရင် ၁ နှစ် နဲ့ ၅ လ ကျော်သွားပြီပဲ ဖြစ်ပါတယ် ။ မိုမိုလေး ချစ်ပရိသတ် တွေလည်း အဆင်ပြေ သွားကြပြီ ဖြစ်တဲ့ ထွန်းထွန်းတို့ ချစ်သူနှစ်ဦး အတွက် ဝမ်းသာ စကားလေးတွေ ဆိုခဲ့ကြပါ ဦးနော် ။