
0
125

( Zawgyi )






( For Unicode )

ဒီကနေ့ပြုလုပ်တဲ့ အလှူ့မကြီး ရတနာမိုင်ရဲ့ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာပုံရိပ်များ

ချစ်ပရိတ်သတ်ကြီးရေ.. ခံစားချက် အပြည့်နဲ့ တေးသီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး ရတနာမိုင်ကို ပရိတ်သတ်ကြီး သိကြမှာပါနော် ။ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်အောင် သီဆိုနိုင်တဲ့အတွက် သူမရဲ့ တေးသီချင်းလေးတွေဟာ ပရိတ်သတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး ပေါ်ပြူလာ ဖြစ်နေခဲ့ရတာပါနော်..။

သူမရဲ့ မိခင်ဖြစ်သူမိုင် ဟာလည်း တစ်ချိန်တခါက နာမည်အရမ်းကြီးခဲ့လေတော့ မိခင်ဖြစ်သူရဲ့ခြေရာကို ထပ်တူကျအောင် နင်းနိုင်တဲ့ သမီး အလိမ္မာလေးလို့ပဲ ပြောရမယ် ။ သူမထွက်ရှိထားတာ ကြာပြီဆိုပေမယ့် အခုချိန်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ အလွမ်းသင့်ပန်းချီတို့ Good Night ချစ်သူတို့ သူသိစေ စတဲ့ သီချင်လေးဟာလည်း ပရိတ်သတ်တွေ ပါးစပ်ဖျားမှာစွဲပြီး ဘယ်တော့မှ ဟောင်းမသွားခဲ့ပါဘူးနော် ။ ဒီကနေ့ကတော့ဖြင့် ရတနာမှိုင်တို့ မိသားစုလေးကတော့ အလှူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်..။

အလှူဒါယကာ ဦးမောင်ရင်+ အလှူဒါယံကာမ အဆိုတော်မိုင် သမီး ရတနာမိုင် မိသားစုတို့ရဲ့ ရှင်ပြု အလှူတော်မင်္ဂလာကို မတ်လ(၁)ရက်နေ့ (၂၀၁၉)ခုနှစ် သောကြာနေ့တွင်အမှတ်(၁) ရပ်ကွက်ရွှေဗဟိုရ်ပတ်လမ်း တညင်းကုန်း ဘူတာအနီး ရှိဓမ္မဂုဏ်ရည်ကျောင်းတိုက်တွင် ရှင်သမဏေ (16)ပါးတို့ကို သာသနာ့အမွေ ခံယူစေခြင်း ကုသိုလ်တော် မင်္ဂလာနှင့်နေ့ဆွမ်းဆက်ကပ် ရေစက်ချ လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ် ။ အလှူ့မကြီး ရတနာမိုင်ရဲ့ ရှင်ပြု ရဟန်းခံ အလှူမင်္ဂလာ ပုံရိပ်များကို ပရိတ်သတ်တွေ သိရှိနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်..။

CRD-MyanmarFamousStar