ခုိင္ႏွင္းေဝကို စိတ္ခ်မ္းသာေအာင္ ထားပါတယ္ ဆုိတဲ့ ခ်စ္သူ ေဂ်ဒီ

0
866

(For Zawgyi)

လက္႐ွိအခ်ိန္မွာ ခုိင္ႏုိင္ငံေက်ာ္ မင္းသမီး ခုိင္ႏွင္းေဝနဲ႔ အတူတူ ပရိဟိတ အလုပ္ေတြကုိ စိတ္တူကုိယ္တူ လုိက္လုပ္ေပးေနၿပီး ခုိင္ႏွင္းေဝ ျဖစ္ခ်င္တာ လုပ္ခ်င္တာ မွန္သမွ်ကုိ လုပ္လုိက္ေပးေနတဲ့ ခုိင္ႏွင္းေဝရဲ႕ ခ်စ္သူ Tom Boy ေဂ်ဒီက သူတုိ႔ႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းက သံေယာဇဥ္နဲ႔ ေမတၱာတရားကုိ အေျခခံထားပါတယ္လုိ႔ 8 days ရဲ႕ အင္တာဗ်ဴး တစ္ခုမွာ ေျဖဆုိသြား ခဲ့ပါတယ္။

လက္႐ွိ အခ်ိန္မွာ ေဂ်ဒီဟာ ျမန္မာႏုိင္ငံမွာ LGBT ေတြကုိ လူေတြ လက္ခံလာေအာင္ LGBT ေတြ အတြက္ ေနရာတစ္ေနရာ ရေအာင္ ၾကဳိးစားေနသူ တစ္ယာက္ျဖစ္ပါတယ္။ သဘင္ကုိ အေမြဆက္ခံဖုိ႔အတြက္ ဝါသနာပါလားလုိ႔ ေမးျမန္းရာ..

” သဘင္ကုိ ဝါသနာ ပါပါတယ္။ ကိုယ္က သဘင္မ်ိဳး႐ုိးက ဆင္းသက္လာတာ ဆုိေတာ့ အေသြးထဲအသားထဲ မွာေတာ့ ႐ွိတာေပါ့ေနာ္ တီးလုံးသံ ၾကားရင္ေတာ့ ကခ်င္ တာေပါ့ေနာ္။ ဒါေပမဲ့ ငယ္ငယ္တုန္းကေတာ့ ကရပါတယ္။ သိတဲ့လူေတြလည္း သိပါတယ္။ ႀကီးလာေတာ့ ျမန္မာလုိ မကျဖစ္ေတာ့ဘူးမင္းသမီးလုိေတာင္ မကျဖစ္ေတာ့ဘူးေပါ့ေနာ္ ေဖေဖကတဲ့ အကေလးေတြကုိေတာ့ ျပန္ကျဖစ္ပါတယ္ ” လုိ႔ ေျပာသြားခဲ့ပါတယ္။

ခုိင္နွင္းေဝကုိ စိတ္ခ်မ္းသာေအာင္ ထားျဖစ္လားလုိ႔ ေမးျမန္းရာ ေဂ်ဒီက

” ဟုတ္ စိတ္ခ်မ္းသာေအာင္ ထားပါတယ္.. သူလည္း ကြၽန္ေတာ့္ကုိ စိတ္ခ်မ္းသာေအာင္ ထားပါတယ္။ ဘာလုိ႔လဲ ဆုိေတာ့ သူနဲ႔ ကြၽန္ေတာ္နဲ႔က ငယ္ငယ္ေလးထဲက သံေယာဇဥ္လုိ႔ ေျပာရမွာေပါ့ေနာ္။ ကြၽန္ေတာ္ ၇ တန္း သူfirst year ေလာက္ထဲက ခင္ၾကမင္ၾက ႏွစ္အိမ့္ တစ္အိမ္ ေနၾကတယ္ ဆုိေတာ့ သံေယာဇဥ္ေပါ့

အဓိက လူတစ္ေယာက္နဲ႔ တစ္ေယာက္က ခ်စ္တယ္ဆုိတာ မုန္းလုိ႔ရတယ္ အဲ့ဒီဟာေတြကက်ေတာ့ မခုိင္ၿမဲဘူး သူနဲ႔ကြၽန္ေတာ္နဲ႔ က်ေတာ့ ေမတၱာတရားကုိ အေျခခံတယ္ သူ႔ဆီမွာ လုိအပ္ခ်က္ ကြၽန္ေတာ့္ဆီမွာ လုိအပ္ခ်က္ ေမတၱာတရား ေလးေတြနဲ႔ ျဖည့္စည္းၾကတယ္ ဆုိေတာ့ ခုိင္ၿမဲၿပီးေတာ့ တစ္ေယာက္ ျဖစ္ခ်င္တာကုိ တစ္ေယာက္ လုိက္ေလ်ာေပးတယ္။

ဥပမာ ကြၽန္ေတာ္ ဘာျဖစ္ခ်င္လဲ သူသိတယ္ သူဘာလုိအပ္လဲ ကြၽန္ေတာ္ သိတယ္ ဆုိတဲ့ အခ်ိန္မွာ အဆင္ေျပေျပနဲ႔ အားလံုးက ေခ်ာေခ်ာေမြ႔ေမြ႔နဲ႔ ေအာင္ျမင္စြာ ျဖတ္သန္းေနတာပါ။ သူ႔ကုိ သနားတယ္ဆုိတာလည္း သူ႔ဘဝမွာ ငယ္ငယ္ထဲက အေဖလည္း မ႐ွိဘူးဆုိေတာ့ေလ အေမနဲ႔ ႏွစ္ေယာက္ထဲ ႀကီးျပင္းရတယ္ အေဒၚေတြက ဝုိင္းဝန္းပံ႔ပုိးတယ္ ဆုိေပမဲ့ ဘယ္လုိေျပာမလဲ အေဖမ႐ွိဘဲ ႀကီးျပင္းလာတဲ့ ကေလးတစ္ေယာက္ရဲ႕စိတ္မွာ သူ႔ရဲ႕ အငုံ႔စိတ္ေပါ့ အားငယ္တဲ့စိတ္ ႐ွိတယ္

အဲ့တာကုိ ကြၽန္ေတာ္က သိေတာ့ ဘယ္လုိေျပာမလဲ သူအိမ္ေထာင္ က်ခဲ့တယ္ ဆုိတာကလည္း ဒါအားလုံး သူလည္း အတိအလင္း ေျဖၿပီးသားေပါ့ အားလုံးလည္း သိတဲ့အတုိင္း ပါပဲ ကြၽန္ေတာ္က အဲ့လုိေပါ့ သူ႔ရဲ႕စိတ္ကုိသိတယ္ သူအားငယ္တတ္တယ္ မ်က္ႏွာေၾကာကေတာ့ တင္းတယ္ သူ႔ကုိၾကည့္လုိက္ရင္ မ်က္ႏွာေၾကာ တင္းေပမဲ့ တကယ့္ စိတ္အရင္းက က်ေတာ့ အရမ္း အားငယ္တတ္တယ္ေပါ့ေနာ္

ကြၽန္ေတာ္က က်ေတာ့ ဘယ္လုိေျပာမလဲ ၾကည့္လုိက္ရင္ ေျပာသလုိလုိနဲ႔ ကြၽန္ေတာ္က က်ေတာ့ နည္းနည္း စိတ္မာတယ္ အဲ့ေတာ့ တစ္ေယာက္နဲ႔ တစ္ယာက္က ေဖးေဖးမမ ေပါ့ေနာ္။ ေ႐ွ႕ဆက္ၿပီးေတာ့ ဘာအစီအစဥ္ေတြ ႐ွိလဲ လုိ႔ ေမးျမန္းရာ ကြၽန္ေတာ္အခု JD`s collection ဆုိၿပီးေတာ့ Ready to wear ေတြ ထုတ္ဖုိ႔ လုပ္ေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ ေမြးေန႔မွာ စၿပီးေတာ့ ထုတ္ပါမယ္ အဲ့အခါက်ရင္လည္း အားေပးပါအုန္း လုိ႔..

ဒီ LGBTနဲ႔ ပတ္သက္တဲ့ ျမန္မာႏုိင္ငံမွာ LGBT Culture ေတြကုိလည္း ထြန္းကား ေစခ်င္တယ္ ၿပီးေတာ့ ဒီ Style secretမွာလည္း LGBT နဲ႔ ပတ္သက္တဲ့ fashionေတြ ျပသြားၿပီးၿပီ ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တုိ႔ အာ႐ွႏုိင္ငံေတြ ေတာ္ေတာ္မ်ားမ်ားမွာ LGBT ယဥ္ေက်းမႈေတြ အဝတ္အစားေတြ officeေတြ အမ်ားႀကီး႐ွိတယ္ ကြၽန္ေတာ္က ၿခဳံပုဝါရယ္ စကပ္ရယ္ ေဘာင္းဘီရယ္ တီ႐ွပ္ေလးေတြကုိ JD`s collection ဆုိၿပီးေတာ့ လုံးဝ classic ပါ ပတ္ထဘီေလးေတြလည္း ပါပါတယ္ လုိ႔ ေျပာသြားခဲ့ပါတယ္။

(For Unicode)

မေတ္တာကို အခြေခံထားပါတယ် ဆိုတဲ့ ခိုင်နှင်းဝေရဲ့ ချစ်သူ ဂျေဒီ

လက်ရှိအချိန်မှာ ခိုင်နိုင်ငံကျော် မင်းသမီး ခိုင်နှင်းဝေနဲ့ အတူတူ ပရိဟိတ အလုပ်တွေကို စိတ်တူကိုယ်တူ လိုက်လုပ်ပေးနေပြီး ခိုင်နှင်းဝေ ဖြစ်ချင်တာ လုပ်ချင်တာ မှန်သမျှကို လုပ်လိုက်ပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ချစ်သူ Tom Boy ဂျေဒီက သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းက သံယောဇဉ်နဲ့ မေတ္တာတရားကို အခြေခံထားပါတယ်လို့ 8 days ရဲ့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွား ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ဂျေဒီဟာ မြန်မာနိုင်ငံမှာ LGBT တွေကို လူတွေ လက်ခံလာအောင် LGBT တွေ အတွက် နေရာတစ်နေရာ ရအောင် ကြိုးစားနေသူ တစ်ယာက်ဖြစ်ပါတယ်။ သဘင်ကို အမွေဆက်ခံဖို့အတွက် ဝါသနာပါလားလို့ မေးမြန်းရာ..

” သဘင်ကို ဝါသနာ ပါပါတယ်။ ကိုယ်က သဘင်မျိုးရိုးက ဆင်းသက်လာတာ ဆိုတော့ အသွေးထဲအသားထဲ မှာတော့ ရှိတာပေါ့နော် တီးလုံးသံ ကြားရင်တော့ ကချင် တာပေါ့နော်။ ဒါပေမဲ့ ငယ်ငယ်တုန်းကတော့ ကရပါတယ်။ သိတဲ့လူတွေလည်း သိပါတယ်။ ကြီးလာတော့ မြန်မာလို မကဖြစ်တော့ဘူးမင်းသမီးလိုတောင် မကဖြစ်တော့ဘူးပေါ့နော် ဖေဖေကတဲ့ အကလေးတွေကိုတော့ ပြန်ကဖြစ်ပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

ခိုင်နှင်းဝေကို စိတ်ချမ်းသာအောင် ထားဖြစ်လားလို့ မေးမြန်းရာ ဂျေဒီက

” ဟုတ် စိတ်ချမ်းသာအောင် ထားပါတယ်.. သူလည်း ကျွန်တော့်ကို စိတ်ချမ်းသာအောင် ထားပါတယ်။ ဘာလို့လဲ ဆိုတော့ သူနဲ့ ကျွန်တော်နဲ့က ငယ်ငယ်လေးထဲက သံယောဇဉ်လို့ ပြောရမှာပေါ့နော်။ ကျွန်တော် ၇ တန်း သူfirst year လောက်ထဲက ခင်ကြမင်ကြ နှစ်အိမ့် တစ်အိမ် နေကြတယ် ဆိုတော့ သံယောဇဉ်ပေါ့

အဓိက လူတစ်ယောက်နဲ့ တစ်ယောက်က ချစ်တယ်ဆိုတာ မုန်းလို့ရတယ် အဲ့ဒီဟာတွေကကျတော့ မခိုင်မြဲဘူး သူနဲ့ကျွန်တော်နဲ့ ကျတော့ မေတ္တာတရားကို အခြေခံတယ် သူ့ဆီမှာ လိုအပ်ချက် ကျွန်တော့်ဆီမှာ လိုအပ်ချက် မေတ္တာတရား လေးတွေနဲ့ ဖြည့်စည်းကြတယ် ဆိုတော့ ခိုင်မြဲပြီးတော့ တစ်ယောက် ဖြစ်ချင်တာကို တစ်ယောက် လိုက်လျောပေးတယ်။

ဥပမာ ကျွန်တော် ဘာဖြစ်ချင်လဲ သူသိတယ် သူဘာလိုအပ်လဲ ကျွန်တော် သိတယ် ဆိုတဲ့ အချိန်မှာ အဆင်ပြေပြေနဲ့ အားလုံးက ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာ ဖြတ်သန်းနေတာပါ။ သူ့ကို သနားတယ်ဆိုတာလည်း သူ့ဘဝမှာ ငယ်ငယ်ထဲက အဖေလည်း မရှိဘူးဆိုတော့လေ အမေနဲ့ နှစ်ယောက်ထဲ ကြီးပြင်းရတယ် အဒေါ်တွေက ဝိုင်းဝန်းပံ့ပိုးတယ် ဆိုပေမဲ့ ဘယ်လိုပြောမလဲ အဖေမရှိဘဲ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ရဲ့စိတ်မှာ သူ့ရဲ့ အငုံ့စိတ်ပေါ့ အားငယ်တဲ့စိတ် ရှိတယ်

အဲ့တာကို ကျွန်တော်က သိတော့ ဘယ်လိုပြောမလဲ သူအိမ်ထောင် ကျခဲ့တယ် ဆိုတာကလည်း ဒါအားလုံး သူလည်း အတိအလင်း ဖြေပြီးသားပေါ့ အားလုံးလည်း သိတဲ့အတိုင်း ပါပဲ ကျွန်တော်က အဲ့လိုပေါ့ သူ့ရဲ့စိတ်ကိုသိတယ် သူအားငယ်တတ်တယ် မျက်နှာကြောကတော့ တင်းတယ် သူ့ကိုကြည့်လိုက်ရင် မျက်နှာကြော တင်းပေမဲ့ တကယ့် စိတ်အရင်းက ကျတော့ အရမ်း အားငယ်တတ်တယ်ပေါ့နော်

ကျွန်တော်က ကျတော့ ဘယ်လိုပြောမလဲ ကြည့်လိုက်ရင် ပြောသလိုလိုနဲ့ ကျွန်တော်က ကျတော့ နည်းနည်း စိတ်မာတယ် အဲ့တော့ တစ်ယောက်နဲ့ တစ်ယာက်က ဖေးဖေးမမ ပေါ့နော်။ ရှေ့ဆက်ပြီးတော့ ဘာအစီအစဉ်တွေ ရှိလဲ လို့ မေးမြန်းရာ ကျွန်တော်အခု JD`s collection ဆိုပြီးတော့ Ready to wear တွေ ထုတ်ဖို့ လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ မွေးနေ့မှာ စပြီးတော့ ထုတ်ပါမယ် အဲ့အခါကျရင်လည်း အားပေးပါအုန်း လို့..

ဒီ LGBTနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံမှာ LGBT Culture တွေကိုလည်း ထွန်းကား စေချင်တယ် ပြီးတော့ ဒီ Style secretမှာလည်း LGBT နဲ့ ပတ်သက်တဲ့ fashionတွေ ပြသွားပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အာရှနိုင်ငံတွေ တော်တော်များများမှာ LGBT ယဉ်ကျေးမှုတွေ အဝတ်အစားတွေ officeတွေ အများကြီးရှိတယ် ကျွန်တော်က ခြုံပုဝါရယ် စကပ်ရယ် ဘောင်းဘီရယ် တီရှပ်လေးတွေကို JD`s collection ဆိုပြီးတော့ လုံးဝ classic ပါ ပတ်ထဘီလေးတွေလည်း ပါပါတယ် လို့ ပြောသွားခဲ့ပါတယ်။