ပရိသတ္ေတြ မျမင္ဖူးေသးတဲ့ အိုက္တင္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ေ႐ႊအိမ္စည္နဲ႔ ေအာင္ေလးတို႔ရဲ႕သီခ်င္း(ရုပ္သံ)

0
317

( For Zawgyi )

ပရိသတ္ေတြ မျမင္ဖူးေသးတဲ့ အိုက္တင္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ေ႐ႊအိမ္စည္နဲ႔ ေအာင္ေလးတို႔ရဲ႕သီခ်င္း(ရုပ္သံ)

ေမာ္ဒယ္ ၊ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ေ႐ႊအိမ္စည္ကေတာ့ ပုရိသတိုင္း ေႂကြဆင္းရတဲ့ အခ်စ္ေတာ္ မင္းသမီးေလး ျဖစ္ပါတယ္ ။ ကိုယ္ခႏၶာ အခ်ိဳးအစား ေျပျပစ္လွပၿပီး ၿပီးျပည့္စုံတဲ့ ေကာက္ေၾကာင္း အလွေတြကို ပိုင္ဆိုင္ထားတဲ့ အိမ္စည္က ႏိုင္ငံတကာ ပရိသတ္ေတြ ၾကားမွာေတာင္ ေအာင္ျမင္မႈ ရေနသူေလး ျဖစ္ပါတယ္ ။ အခုဆိုရင္ အိမ္စည္က သ႐ုပ္ေဆာင္ပိုင္းကို ပိုမိုအားစိုက္ၿပီး အႏုပညာ အလုပ္ေတြ လုပ္ကိုင္လာတာ ေတြ႕ရပါတယ္..။

ဒီေန႔မွာေတာ့ အိမ္စည္ကိုယ္တိုင္ ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ အဆိုေတာ္ စစ္ေသြးရဲ႕ သီခ်င္း ဗီဒီယိုေလးက အသစ္ထြက္ရွိလာၿပီ ျဖစ္ပါတယ္ ။ ဒီသီခ်င္း ဗီဒီယိုေလးမွာေတာ့ အဆိုေတာ္ စစ္ေသြး ၊ အစၥဏီ၊ D ၿဖိဳးတို႔ သီဆိုထားၿပီး ေအာင္ေလး ၊ စစ္ေသြး ၊ ေ႐ႊအိမ္စည္နဲ႔ ယိင္းယိင္းတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္ ။ သီခ်င္းေလးက လြမ္းေဆြး ခံစားခ်င္စရာေကာင္းသလို ဇာတ္လမ္းေလးကလည္း တကယ့္ကို စိတ္ဝင္စားဖြယ္ ေကာင္းေနပါတယ္..။

ဒီသီခ်င္း ဗီဒီယိုေလးမွာေတာ့ အိမ္စည္က ပရိသတ္ေတြ တစ္ခါမွမျမင္ဖူးေသးတဲ့ သူမရဲ႕ ပီျပင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို အေကာင္းဆုံး ဖန္တီး ျပထားပါတယ္ ။ စြဲမက္ဖြယ္ အလွတရားေတြနဲ႔ ထူးျခားလွပေနတဲ့ အိမ္စည္ရဲ႕ အိုက္တင္နဲ႔ အမူအရာေတြကလည္း တကယ့္ကို သဘာဝက်ေနတာ ေတြ႕ရပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ အိမ္စည္ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ ” ေမ့ထားလိုက္ေတာ့” သီခ်င္း ဗီဒီယိုေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္…။

ရုပ္သံၾကည့္ရႈ႕ရန္

Source:Xit Thway;phoo, Myanmarload

( For Unicode )

ပရိသတ်တွေ မမြင်ဖူးသေးတဲ့ အိုက်တင်နဲ့ သရုပ်ဆောင်ထားတဲ့ ရွှေအိမ်စည်နဲ့ အောင်လေးတို့ရဲ့သီချင်း(ရုပ်သံ)

မော်ဒယ် ၊ သရုပ်ဆောင် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ပုရိသတိုင်း ကြွေဆင်းရတဲ့ အချစ်တော် မင်းသမီးလေး ဖြစ်ပါတယ် ။ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပပြီး ပြီးပြည့်စုံတဲ့ ကောက်ကြောင်း အလှတွေကို ပိုင်ဆိုင်ထားတဲ့ အိမ်စည်က နိုင်ငံတကာ ပရိသတ်တွေ ကြားမှာတောင် အောင်မြင်မှု ရနေသူလေး ဖြစ်ပါတယ် ။ အခုဆိုရင် အိမ်စည်က သရုပ်ဆောင်ပိုင်းကို ပိုမိုအားစိုက်ပြီး အနုပညာ အလုပ်တွေ လုပ်ကိုင်လာတာ တွေ့ရပါတယ်..။

ဒီနေ့မှာတော့ အိမ်စည်ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ အဆိုတော် စစ်သွေးရဲ့ သီချင်း ဗီဒီယိုလေးက အသစ်ထွက်ရှိလာပြီ ဖြစ်ပါတယ် ။ ဒီသီချင်း ဗီဒီယိုလေးမှာတော့ အဆိုတော် စစ်သွေး ၊ အစ္စဏီ၊ D ဖြိုးတို့ သီဆိုထားပြီး အောင်လေး ၊ စစ်သွေး ၊ ရွှေအိမ်စည်နဲ့ ယိင်းယိင်းတို့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ သီချင်းလေးက လွမ်းဆွေး ခံစားချင်စရာကောင်းသလို ဇာတ်လမ်းလေးကလည်း တကယ့်ကို စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်..။

ဒီသီချင်း ဗီဒီယိုလေးမှာတော့ အိမ်စည်က ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို အကောင်းဆုံး ဖန်တီး ပြထားပါတယ် ။ စွဲမက်ဖွယ် အလှတရားတွေနဲ့ ထူးခြားလှပနေတဲ့ အိမ်စည်ရဲ့ အိုက်တင်နဲ့ အမူအရာတွေကလည်း တကယ့်ကို သဘာဝကျနေတာ တွေ့ရပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ်စည်ပါဝင် သရုပ်ဆောင်ထားတဲ့ ” မေ့ထားလိုက်တော့” သီချင်း ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်…။

ရုပ်သံကြည့်ရှု့ရန်

Source:Xit Thway;phoo, Myanmarload