သူေဌးႀကီးကို ကြာရွင္းပီး အျပာေလာကထဲ ထပ္မံဝင္ေရာက္ေတာ့မယ့္ သူမ

0
5660

(For Zawgyi)

ၿပီးခဲ့တဲ့ လပိုင္းအတြင္းမွာ အင္တာနက္မွာ နာမည္ႀကီးခဲ့တဲ့ ဗုဒၶဘာသာဝင္ အျဖစ္ ေျပာင္းၿပီးမွ မီလ်ံနာနဲ႔ အိမ္ေထာင္က်ခဲ့တဲ့ အျပာမင္းသမီး သတင္းတစ္ပုဒ္ကို မွတ္မိၾကဦးမွာပါ။

ဒီတစ္ခါမွာေတာ့ အဆိုပါ အျပာ မင္းသမီးေဟာင္း ျဖစ္သူကေန ခင္ပြန္းျဖစ္သူကို ကြာရွင္းဖို႔ လုပ္ေနၿပီ အတူမေနေတာ့ဘူး ဆိုတဲ့အေၾကာင္း သတင္းရင္းျမစ္ တစ္ခုကေန ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္ အ႐ြယ္ရွိ Nong Nat ဆိုသူ ထိုင္းအျပာ မင္းသမီးေဟာင္းဟာ အျပာ႐ုပ္ရွင္ ေလာကကို စြန႔္လႊတ္ခဲ့ၿပီး ဗုဒၶဘာသာဝင္အျဖစ္ ေျပာင္းၿပီးမွ အသက္ ရ၂ ႏွစ္ အ႐ြယ္ရွိ မီလ်ံနာ သူေဌးႀကီးျဖစ္သူ Harold နဲ႔ ေတြ႕ဆုံလက္ထပ္ ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ Nong Nat ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာ Harold နဲ႔ အတူ မေနႏိုင္ေတာ့တဲ့ အေၾကာင္း ကြာရွင္းေတာ့မယ္ ဆိုတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကား ခဲ့ပါတယ္။

 

ဒါေပမယ့္ Nat ဟာ ကြာရွင္းရတဲ့ အဓိက အေၾကာင္းအရင္းကို ေဖာ္ထုတ္ မေျပာၾကားခဲ့ေပမယ့္ သူမဟာ Harold နဲ႔ အတူေနရမွာေတာင္ ေၾကာက္ေနၿပီး အတူေနစဥ္ အခ်ိန္အတြင္း Harold အေနနဲ႔ ႏွလုံးေရာဂါ ေဖာက္လာမွာ ကိုေတာင္ ေၾကာက္ေနရတယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

 

ဒါ့အျပင္ Nat ဟာ အသက္ႀကီးႀကီး မီလ်ံနာ တစ္ေယာက္ရဲ႕ဇနီးျဖစ္ရတာ ထင္သေလာက္ မလြယ္ကူေၾကာင္း ေျပာၾကားခဲ့ၿပီး Harold ဟာ သူမနဲ႔ မကြာရွင္းခ်င္ဘူးရယ္ လို႔ ဆိုခဲ့ပါတယ္။

Nat အေနနဲ႔ လက္ရွိမွာ ရင္သားျပဳျပင္ ခြဲစိတ္မႈလုပ္ၿပီးေနာက္ အျပာ႐ုပ္ရွင္ ထပ္႐ိုက္ေတာ့မွာ မဟုတ္ဘဲ ဓာတ္ပုံ မဂၢဇင္းေတြ အတြက္ပဲ ႐ိုက္ကူးေပးဖို႔ အျပာေလာကကို ထပ္မံ ဝင္ေရာက္လာမွာ ျဖစ္တယ္လို႔ အတိအလင္း ေျပာၾကားခဲ့ပါတယ္။

Source – viral4real

(For Unicode)

ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းပြီးမှ မီလျံနာနဲ့ အိမ်ထောင်ကျခဲ့တဲ့ အပြာမင်းသမီး သတင်းတစ်ပုဒ်ကို မှတ်မိကြဦးမှာပါ။

ဒီတစ်ခါမှာတော့ အဆိုပါ အပြာ မင်းသမီးဟောင်း ဖြစ်သူကနေ ခင်ပွန်းဖြစ်သူကို ကွာရှင်းဖို့ လုပ်နေပြီ အတူမနေတော့ဘူး ဆိုတဲ့အကြောင်း သတင်းရင်းမြစ် တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ်ရှိ Nong Nat ဆိုသူ ထိုင်းအပြာ မင်းသမီးဟောင်းဟာ အပြာရုပ်ရှင် လောကကို စွန့်လွှတ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းပြီးမှ အသက် ရ၂ နှစ် အရွယ်ရှိ မီလျံနာ သူဌေးကြီးဖြစ်သူ Harold နဲ့ တွေ့ဆုံလက်ထပ် ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Nong Nat ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Harold နဲ့ အတူ မနေနိုင်တော့တဲ့ အကြောင်း ကွာရှင်းတော့မယ် ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် Nat ဟာ ကွာရှင်းရတဲ့ အဓိက အကြောင်းအရင်းကို ဖော်ထုတ် မပြောကြားခဲ့ပေမယ့် သူမဟာ Harold နဲ့ အတူနေရမှာတောင် ကြောက်နေပြီး အတူနေစဉ် အချိန်အတွင်း Harold အနေနဲ့ နှလုံးရောဂါ ဖောက်လာမှာ ကိုတောင် ကြောက်နေရတယ် လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Nat ဟာ အသက်ကြီးကြီး မီလျံနာ တစ်ယောက်ရဲ့ဇနီးဖြစ်ရတာ ထင်သလောက် မလွယ်ကူကြောင်း ပြောကြားခဲ့ပြီး Harold ဟာ သူမနဲ့ မကွာရှင်းချင်ဘူးရယ် လို့ ဆိုခဲ့ပါတယ်။

Nat အနေနဲ့ လက်ရှိမှာ ရင်သားပြုပြင် ခွဲစိတ်မှုလုပ်ပြီးနောက် အပြာရုပ်ရှင် ထပ်ရိုက်တော့မှာ မဟုတ်ဘဲ ဓာတ်ပုံ မဂ္ဂဇင်းတွေ အတွက်ပဲ ရိုက်ကူးပေးဖို့ အပြာလောကကို ထပ်မံ ဝင်ရောက်လာမှာ ဖြစ်တယ်လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

Source – viral4real