ခ်စ္သူက ငယ္ေပမယ့္ ကိုယ့္ဖခင္ တေယာက္လိုပဲ ဆိုတဲ့ ေဘဘီေမာင္

0
351

(Zawgyi)

ခ်စ္သူက ငယ္ေပမယ့္ ကိုယ့္ဖခင္ တေယာက္လိုပဲ ဆိုတဲ့ ေဘဘီေမာင္

ေဘဘီေမာင္ ကေတာ့ လက္ရွိမွာ အဆိုေတာ္ သားဂန္းနဲ႔ အားက်စရာ ေကာင္းတဲ့ Relationship တခုကို ပိုင္ဆိုင္ထားၿပီလည္း ျဖစ္ပါတယ္။ သူတို႔စံုတြဲေလး ကေတာ့ ဘာပကာသနမွ မရွိပဲ ျဖဴျဖဴစင္စင္ ခ်စ္ၾကတဲ့ စံုတြဲေလး ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈ အားက်မႈ ကိုလည္း ရရွိထားတဲ့ စံုတြဲေလး ျဖစ္ပါတယ္ ။ သူ႔ခ်စ္သူနဲ႔ေတာ့ သူဟာေရရွည္တြဲဖို႔ စဥ္းစားထားတယ္ လို႔လည္း သိရပါတယ္။ ခ်စ္သူန႔ဲ ပတ္သက္ၿပီး ေရွ႕ေရးန႔ဲ ပတ္သက္ျပီး ေဘဘီေမာင္ ကေတာ့ ေျပာၾကားသြား ခဲ့ပါတယ္ ။

ေဘဘီေမာင္ကေတာ့ ခ်စ္သူကို စႏိုက္ အေၾကာ္ မခံရေအာင္ ဘယ္လို ခ်ဳပ္ထားလဲ ဆိုတဲ့ အေပၚမွာေတာ့ “ ေဘဘီခ်ဳပ္တာ မခ်ဳပ္တာ မသိပါဘူး ။ သိရေအာင္လည္း စက္ခ်ဳပ္သမားလည္း မဟုတ္ဘူးေလ။ ေဘဘီကေတာ့ ေမတၱာနဲ႔ပဲ သြားတယ္ ။ ေမတၱာေပးရင္ ေမတၱာ ျပန္ရမယ္ ။

ကုိယ္သူ႔အေပၚကို မဟုတ္တာ လုပ္မယ္ ဆိုရင္ သူကိုယ့္ကို မဟုတ္တာ ျပန္လုပ္မယ္ ဆိုတဲ့ စိတ္နဲ႔ပဲ သြားပါတယ္ ။ အဓိကက ဘုရားတရား လုပ္တယ္ ။ ကိုယ့္ခ်စ္သူကိုလည္း ကိုယ့္ထက္ အသက္ငယ္ ေပမယ့္လည္း ဘုရားတဆူလိုပဲ ကိုးကြယ္တယ္ေလ ။ ေဘဘီမွန္တဲ့ အတြက္ေၾကာင့္ သူ႔ဖက္ ကလည္း ေမတၱာ တရားမွန္မယ္ လို႔လည္း ေဘဘီ ယံုၾကည္ပါတယ္ ။

အခု ပရိသတ္ေတြ ကလည္း သိသြားၿပီ ဆိုေတာ့ ေရွ႕ေရး အတြက္ တိုင္ပင္ရေတ့ာ တာေပါ့ ။ ေဘဘီတို႔ ႏွစ္ေယာက္ ကလည္း လူသိရွင္ၾကား ဆိုေတာ့ ပရိသတ္ကို အခ်ိန္တန္ရင္ Pre Wedding ဓါတ္ပံုေတြ ရိုက္ျပျပီးေတာ့ ခ်ျပရေတာ့မယ္ ။

ေဘဘီတို႔က သူမ်ားေတြလို ခ်မ္းသာတဲ့ သူေဌးေတြေတာ့ မဟုတ္တဲ့ အတြက္ေၾကာင့္မို႔ ဟိုတယ္ အေကာင္းစားၾကီး ေတြမွာ မေဆာင္ႏိုင္ရင္ေတာ့ ပရိသတ္ေတြနဲ႔ အဆင္ေျပမယ့္ ေနရာေလး တခုမွာ ေဘဘီတို႔ ၾကိဳးစားမွာပါ ။ ဘာလို႔လည္း ဆိုေတာ့ သူေရာ ကုိယ္ေရာက ဘဝသမားျဖစ္မယ္ ။

သူ႔မိသားစုမွာလည္း သူက အလုပ္ေကြ်း ျပဳစုေနရတဲ့ ကေလးတေယာက္ျဖစ္တယ္။ ကိုယ္ကလည္း တူတူပဲ။ ဒါေၾကာင့္ ေဘဘီတို႔ အလုပ္ေတြ အမ်ားၾကီး ၾကိဳးစားရဦးပါမယ္”

ကိုယ့္ထက္ အသက္ငယ္တဲ့ခ်စ္သူကို ပိုင္ဆိုင္ရတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ျပီး “ ေဘဘီက အရင္တုန္းကေတာ့ ေမာင္ေလးေတြကို မၾကိဳက္ဘူး။ ဒါေပမယ့္လည္း ေမာင္ေလး ဆိုေပမယ့္လည္း ကိုယ့္ေဘးမွာ ဖခင္တေယာက္လို အားကိုးရတယ္ ဆိုေတာ့ ေဘဘီက ေမာင္ေလးဆိုတဲ့ အရာေတာင္ ေပ်ာက္သြားတယ္ ။

ကိုယ္အားကိုးရတဲ့ ခ်စ္သူဆိုေတာ့ေလ ။ ေမာင္ လို႔ေတာ့ ေဘဘီေခၚတယ္။ ေမာင္လို႔ ေခၚရတာ ၾကိဳက္တယ္။ ကိုယ္ကေတာ့ မ ေပါ့။ မ ဆိုေပမယ့္လည္း ေဘဘီကေတာ့ ကေလးပဲေလ။ သူက ကိုယ့္ကို မ လို႔ေခၚေပမယ့္လည္း ကိုယ္ကပဲ ဆိုးတာပါ။ ႏြဲ႔ဆိုးဆိုးတာေပါ့။

သူကို ကုိယ့္ရဲ့ အိမ္ေထာင္ဖက္ အျဖစ္ ေရြးခ်ယ္ လိုက္တာကေတာ့ အရမ္းကို ရိုးသားတယ္ ။ မိသားစုအေပၚအရမ္း သိတတ္တယ္။ သူ အလုပ္ၾကိဳးစားခ်င္စိတ္ အရမ္းရွိတယ္ ။ ဘယ္ေနရာမဆို အားကိုးရပါတယ္။ ေဘဘီ မိသားစုကိုလည္း ခ်စ္တယ္ ။

ေဘဘီခ်စ္တဲ့ သူေတြဆို အကုန္ လိုက္ခ်စ္ေပးတယ္။ အလုပ္နဲ႔ ပတ္သက္ရင္လည္း အားလံုးကို နားလည္ေပးတယ္။ ဒီလိုအခ်က္ေလးေတြေၾကာင့္လည္း အခ်စ္ေတြပိုျပီး တသက္လံုးအတြက္ ရည္ရြယ္ထားတာပါ ” ဟု ေျပာဆိုသြား ပါတယ္ ။

namalgyi

(Unicode)

ချစ်သူက ငယ်ပေမယ့် ကိုယ့်ဖခင် တယောက်လိုပဲ ဆိုတဲ့ ဘေဘီမောင်

ဘေဘီမောင် ကတော့ လက်ရှိမှာ အဆိုတော် သားဂန်းနဲ့ အားကျစရာ ကောင်းတဲ့ Relationship တခုကို ပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ်။ သူတို့စုံတွဲလေး ကတော့ ဘာပကာသနမှ မရှိပဲ ဖြူဖြူစင်စင် ချစ်ကြတဲ့ စုံတွဲလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှု အားကျမှု ကိုလည်း ရရှိထားတဲ့ စုံတွဲလေး ဖြစ်ပါတယ် ။ သူ့ချစ်သူနဲ့တော့ သူဟာရေရှည်တွဲဖို့ စဉ်းစားထားတယ် လို့လည်း သိရပါတယ်။ ချစ်သူနဲ့ ပတ်သက်ပြီး ရှေ့ရေးနဲ့ ပတ်သက်ပြီး ဘေဘီမောင် ကတော့ ပြောကြားသွား ခဲ့ပါတယ် ။

ဘေဘီမောင်ကတော့ ချစ်သူကို စနိုက် အကြော် မခံရအောင် ဘယ်လို ချုပ်ထားလဲ ဆိုတဲ့ အပေါ်မှာတော့ “ ဘေဘီချုပ်တာ မချုပ်တာ မသိပါဘူး ။ သိရအောင်လည်း စက်ချုပ်သမားလည်း မဟုတ်ဘူးလေ။ ဘေဘီကတော့ မေတ္တာနဲ့ပဲ သွားတယ် ။ မေတ္တာပေးရင် မေတ္တာ ပြန်ရမယ် ။

ကိုယ်သူ့အပေါ်ကို မဟုတ်တာ လုပ်မယ် ဆိုရင် သူကိုယ့်ကို မဟုတ်တာ ပြန်လုပ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ သွားပါတယ် ။ အဓိကက ဘုရားတရား လုပ်တယ် ။ ကိုယ့်ချစ်သူကိုလည်း ကိုယ့်ထက် အသက်ငယ် ပေမယ့်လည်း ဘုရားတဆူလိုပဲ ကိုးကွယ်တယ်လေ ။ ဘေဘီမှန်တဲ့ အတွက်ကြောင့် သူ့ဖက် ကလည်း မေတ္တာ တရားမှန်မယ် လို့လည်း ဘေဘီ ယုံကြည်ပါတယ် ။

အခု ပရိသတ်တွေ ကလည်း သိသွားပြီ ဆိုတော့ ရှေ့ရေး အတွက် တိုင်ပင်ရတေ့ာ တာပေါ့ ။ ဘေဘီတို့ နှစ်ယောက် ကလည်း လူသိရှင်ကြား ဆိုတော့ ပရိသတ်ကို အချိန်တန်ရင် Pre Wedding ဓါတ်ပုံတွေ ရိုက်ပြပြီးတော့ ချပြရတော့မယ် ။

ဘေဘီတို့က သူများတွေလို ချမ်းသာတဲ့ သူဌေးတွေတော့ မဟုတ်တဲ့ အတွက်ကြောင့်မို့ ဟိုတယ် အကောင်းစားကြီး တွေမှာ မဆောင်နိုင်ရင်တော့ ပရိသတ်တွေနဲ့ အဆင်ပြေမယ့် နေရာလေး တခုမှာ ဘေဘီတို့ ကြိုးစားမှာပါ ။ ဘာလို့လည်း ဆိုတော့ သူရော ကိုယ်ရောက ဘဝသမားဖြစ်မယ် ။

သူ့မိသားစုမှာလည်း သူက အလုပ်ကျွေး ပြုစုနေရတဲ့ ကလေးတယောက်ဖြစ်တယ်။ ကိုယ်ကလည်း တူတူပဲ။ ဒါကြောင့် ဘေဘီတို့ အလုပ်တွေ အများကြီး ကြိုးစားရဦးပါမယ်”

ကိုယ့်ထက် အသက်ငယ်တဲ့ချစ်သူကို ပိုင်ဆိုင်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ ဘေဘီက အရင်တုန်းကတော့ မောင်လေးတွေကို မကြိုက်ဘူး။ ဒါပေမယ့်လည်း မောင်လေး ဆိုပေမယ့်လည်း ကိုယ့်ဘေးမှာ ဖခင်တယောက်လို အားကိုးရတယ် ဆိုတော့ ဘေဘီက မောင်လေးဆိုတဲ့ အရာတောင် ပျောက်သွားတယ် ။

ကိုယ်အားကိုးရတဲ့ ချစ်သူဆိုတော့လေ ။ မောင် လို့တော့ ဘေဘီခေါ်တယ်။ မောင်လို့ ခေါ်ရတာ ကြိုက်တယ်။ ကိုယ်ကတော့ မ ပေါ့။ မ ဆိုပေမယ့်လည်း ဘေဘီကတော့ ကလေးပဲလေ။ သူက ကိုယ့်ကို မ လို့ခေါ်ပေမယ့်လည်း ကိုယ်ကပဲ ဆိုးတာပါ။ နွဲ့ဆိုးဆိုးတာပေါ့။

သူကို ကိုယ့်ရဲ့ အိမ်ထောင်ဖက် အဖြစ် ရွေးချယ် လိုက်တာကတော့ အရမ်းကို ရိုးသားတယ် ။ မိသားစုအပေါ်အရမ်း သိတတ်တယ်။ သူ အလုပ်ကြိုးစားချင်စိတ် အရမ်းရှိတယ် ။ ဘယ်နေရာမဆို အားကိုးရပါတယ်။ ဘေဘီ မိသားစုကိုလည်း ချစ်တယ် ။

ဘေဘီချစ်တဲ့ သူတွေဆို အကုန် လိုက်ချစ်ပေးတယ်။ အလုပ်နဲ့ ပတ်သက်ရင်လည်း အားလုံးကို နားလည်ပေးတယ်။ ဒီလိုအချက်လေးတွေကြောင့်လည်း အချစ်တွေပိုပြီး တသက်လုံးအတွက် ရည်ရွယ်ထားတာပါ ” ဟု ပြောဆိုသွား ပါတယ် ။

namalgyi