ပီအက္စ္ဂ်ီကို ဂိုးျပတ္သြင္းၿပီး ကြာတားဖိုင္နယ္သို႔တက္ေရာက္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္

0
177

For Zawgyi

ပီအက္စ္ဂ်ီကို ဂိုးျပတ္ အနိုင္ယူၿပီး ကြာတားဖိုင္နယ္သို႔ တက္ေရာက္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္

ယေန့မနက္ အေစာပိုင္းက ယွဥ္ျပိဳင္ ကစားသြားခဲ့ၾကတဲ့ ပီအက္စ္ဂ်ီအသင္းနဲ့ မန္ခ်က္စတာယူနုိက္တက္ အသင္းတို့ရဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္ ဒုတိယအေက်ာ့ ရွံဳးထြက္ပြဲစဥ္မွာေတာ့ ဧည့္သည္ ယူနုိက္တက္အသင္းဟာ အေဝးကြင္းမွာ ပီအက္စ္ဂ်ီ အသင္းကို ၁-၃ ဂိုးနဲ့ အနိုင္ရရွိခဲ့ျပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ (၃-၃) ျဖစ္ခဲ့ကာ အေဝးဂုိး စည္းမ်ဥ္းနဲ့ ကြာတားဖိုင္နယ္ တက္ေရာက္ သြားနုိင္ခဲ့ပါတယ္ ။

ပီအက္စ္ဂ်ီအသင္းဟာ ပထမအေက်ာ့က အိုးထရက္ဖို့ဒ္မွာ အနိုင္ရရွိခဲ့တဲ့ လူစာရင္းအတိုုင္း အေျပာင္းအလဲ မရွိခဲ့ပဲ ယူနုိက္တက္ကို ဧည့္ခံ ကစားခဲ့ပါတယ္ ။ အဓိက ကစားသမားေတြ ဒဏ္ရာ ျပသနာေတြနဲ့ ရင္ဆိုင္ေနရတဲ့ ယူနုိက္တက္ကေတာ့ လူကာကူနဲ့ ရက္ရွ္ဖို့ဒ္ကို အေထာင္ထားကာ ကြင္းလယ္မွာေတာ့ ပါရဲရား ၊ တြမ္မီေနး ၊ ဖရက္ဒ္ စတဲ့ လူငယ္ကစားမ်ားကို နည္းျပ ဆိုးလ္ရွားက ခင္းက်င္းလာခဲ့ပါတယ္ ။

ပထမအေက်ာ့ အိမ္ကြင္းမွာ ၂ ဂိုးျပတ္္ အေရးနိမ့္ထားခဲ့တဲ့ ယူနုိက္တက္ အသင္းဟာ ပြဲအစ ၂မိနစ္ မွာပဲ ေနာက္ပိုင္း ပြဲစဥ္ေတြမွာ ဂိုးေပါက္ျပန္ေတြ့လာတဲ့ တုိက္စစ္မွဴး လူကာကူက ဂိုးသမားဘူဖြန္ကို လိမ္ေခါက္ျပီး အဖြင့္ဂိုး သြင္းယူေပးခဲ့ပါတယ္ ။ မထင္မွတ္ပဲ ဂိုးေပးလိုက္ရတဲ့ ပီအက္စ္ဂ်ီအသင္းဟာ ယူနိုက္တက္ကို ျပန္လည္ ဖိကစားခဲ့ျပီး ၁၁ မိနစ္အေရာက္မွာပဲ အမ္ဘက္ပီရဲ့ ေပးပို့မႈမွ တစ္ဆင့္ တိုက္စစ္ကို လိုက္ပါလာတဲ့ ေနာက္ခံလူ ဘားနတ္က ေခ်ပဂိုး ျပန္သြင္းေပးခဲ့ပါတယ္ ။

ပြဲကစားခ်ိန္ မိနစ္ ၃၀ မွာေတာ့ ရက္ရွ္ဖို့ဒ္ရဲ့ အျပင္း ကန္သြင္းခ်က္ကို ဂိုးသမားဘူဖြန္ ေပါ့ဆစြာ ဖမ္းရာမွ ျပန္လွ်ံထြက္လာတဲ့ ေဘာလံုးကို လူကာကူကပဲ ပိတ္သြင္း ယူေပးခဲ့ပါတယ္ ။ ပီအက္စ္ဂ်ီအသင္းဟာ ယူနုိက္ဘက္ကို ဖိအားေပးျပီး အၾကိမ္ၾကိမ္ ထိုးေဖာက္ကစားနုိင္ခဲ့ေပမယ့္ ေနာက္ဆံုး အဆံုးသတ္ ကန္သြင္းခ်က္ေတြ လြဲေခ်ာ္ေနခဲ့ပါတယ္ ။ ယူနုိက္တက္ခံစစ္နဲ့ ဂိုးသမား ဒီဂီယာကလည္း အေကာင္းဆံုး ပံုစံမွာ ရွိေနျပီး ပီအက္စ္ဂ်ီအသင္းရဲ့ ထိုးေဖာက္မႈေတြကို တားဆီးနိုင္ခဲ့ပါတယ္ ။

၅၅ မိနစ္အေရာက္မွာ ဒီမာရီယာ အသင္းေဟာင္းကို ဂိုးသြင္းနုိင္ခဲ့ ေပမယ့္လည္း လူက်ြံေနခဲ့ပါတယ္ ။ ပြဲဟာ ၂-၁ နဲ့ ျပီးဆံုးေတာ့မယ္လို့ ထင္ရတဲ့အခ်ိန္ မိနစ္ ၉၀ မွာေတာ့ ယူနုိက္တက္အသင္း ပင္နယ္တီ ရရွိခဲ့ပါတယ္ ။ ဒါေလာ့ရဲ့ အေဝးကန္ခ်က္ဟာ ပီအက္စ္ဂ်ီ ေနာက္ခံလူ ကင္ပမ္ပီရဲ့ တံေတာင္နဲ့ ထိခဲ့တာေၾကာင့္ ျဖစ္ျပီး ဒိုင္လူၾကီး VAR နဲ့ သြားေရာက္ ဆံုးျဖတ္ခဲ့ရပါတယ္ ။ ဒီပင္နယ္တီကိုေတာ့ ရက္ရွ္ဖုိ့ဒ္က အေပၚေထာင့္ကို ကန္သြင္းေပးခဲ့ျပီး ယူနိုက္တက္ကို ျပင္သစ္ေျမမွာ အံ့အားသင့္ဖြယ္ ျပန္လာနုိင္ေစခဲ့ပါတယ္ ။

HYA (momolay)

For Unicode

ပီအက်စ်ဂျီကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားသွားခဲ့ကြတဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်မှာတော့ ဧည့်သည် ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ပီအက်စ်ဂျီ အသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၃) ဖြစ်ခဲ့ကာ အဝေးဂိုး စည်းမျဉ်းနဲ့ ကွာတားဖိုင်နယ် တက်ရောက် သွားနိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တဲ့ လူစာရင်းအတိုင်း အပြောင်းအလဲ မရှိခဲ့ပဲ ယူနိုက်တက်ကို ဧည့်ခံ ကစားခဲ့ပါတယ် ။ အဓိက ကစားသမားတွေ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ကတော့ လူကာကူနဲ့ ရက်ရှ်ဖို့ဒ်ကို အထောင်ထားကာ ကွင်းလယ်မှာတော့ ပါရဲရား ၊ တွမ်မီနေး ၊ ဖရက်ဒ် စတဲ့ လူငယ်ကစားများကို နည်းပြ ဆိုးလ်ရှားက ခင်းကျင်းလာခဲ့ပါတယ် ။

ပထမအကျော့ အိမ်ကွင်းမှာ ၂ ဂိုးပြတ် အရေးနိမ့်ထားခဲ့တဲ့ ယူနိုက်တက် အသင်းဟာ ပွဲအစ ၂မိနစ် မှာပဲ နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးပေါက်ပြန်တွေ့လာတဲ့ တိုက်စစ်မှူး လူကာကူက ဂိုးသမားဘူဖွန်ကို လိမ်ခေါက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ် ။ မထင်မှတ်ပဲ ဂိုးပေးလိုက်ရတဲ့ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ကို ပြန်လည် ဖိကစားခဲ့ပြီး ၁၁ မိနစ်အရောက်မှာပဲ အမ်ဘက်ပီရဲ့ ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်ကို လိုက်ပါလာတဲ့ နောက်ခံလူ ဘားနတ်က ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ် ။

ပွဲကစားချိန် မိနစ် ၃၀ မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ အပြင်း ကန်သွင်းချက်ကို ဂိုးသမားဘူဖွန် ပေါ့ဆစွာ ဖမ်းရာမှ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို လူကာကူကပဲ ပိတ်သွင်း ယူပေးခဲ့ပါတယ် ။ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်ဘက်ကို ဖိအားပေးပြီး အကြိမ်ကြိမ် ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး အဆုံးသတ် ကန်သွင်းချက်တွေ လွဲချော်နေခဲ့ပါတယ် ။ ယူနိုက်တက်ခံစစ်နဲ့ ဂိုးသမား ဒီဂီယာကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေပြီး ပီအက်စ်ဂျီအသင်းရဲ့ ထိုးဖောက်မှုတွေကို တားဆီးနိုင်ခဲ့ပါတယ် ။

၅၅ မိနစ်အရောက်မှာ ဒီမာရီယာ အသင်းဟောင်းကို ဂိုးသွင်းနိုင်ခဲ့ ပေမယ့်လည်း လူကျွံနေခဲ့ပါတယ် ။ ပွဲဟာ ၂-၁ နဲ့ ပြီးဆုံးတော့မယ်လို့ ထင်ရတဲ့အချိန် မိနစ် ၉၀ မှာတော့ ယူနိုက်တက်အသင်း ပင်နယ်တီ ရရှိခဲ့ပါတယ် ။ ဒါလော့ရဲ့ အဝေးကန်ချက်ဟာ ပီအက်စ်ဂျီ နောက်ခံလူ ကင်ပမ်ပီရဲ့ တံတောင်နဲ့ ထိခဲ့တာကြောင့် ဖြစ်ပြီး ဒိုင်လူကြီး VAR နဲ့ သွားရောက် ဆုံးဖြတ်ခဲ့ရပါတယ် ။ ဒီပင်နယ်တီကိုတော့ ရက်ရှ်ဖို့ဒ်က အပေါ်ထောင့်ကို ကန်သွင်းပေးခဲ့ပြီး ယူနိုက်တက်ကို ပြင်သစ်မြေမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်စေခဲ့ပါတယ် ။

HYA (momolay)