
0
629

For Zawgyi








CRD ; ApannPyay

For Unicode

တပေါင်းလတွင် ငှက်နှင့်ငါးကိုများကို မသတ်ပါနဲ့

လူသားအားလုံးကို လေးစားစွာဖြင့် အသိပေး တောင်းပန်အပ်ပါတယ် ။ နှစ်စဉ် နှစ်တိုင်း တပေါင်းလ ရောက်တိုင်း ဒီလအတွင်းမှာ ငှက်များ ငါးများကို သတ်ဖြတ် စားသုံးချင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ် ပေးကြပါရန် လေးစားစွာ အသိပေး တောင်းပန် အပ်ပါတယ် ။

ဘာ့အတွက်လဲ ဆိုတော့ ငှက်မျိုးအများစု နဲ့ ငါးမျိုး အများစုမှာ ကိုယ်ဝန်ဆောင် သွားပေါက်ချိန်ဖြစ်ပါတယ် ။ ဒီအချိန်မှာ ငှက်မျိုး အများစုဟာ အပြင်မှာ ရှိနေကြတာ သူတို့ ဝမ်းစာရှာဖို့ အတွက်တင် မဟုတ်ပဲ သူတို့ရဲ့ အသိုက် အမြုံမှာ သူတို့ရဲ့ သားပေါက် ငှက်ငယ်လေးတွေ အတွက်ပါ ရှာဖွေပြီး ကျွေးမွေးနေကြတဲ့ အချိန်ဖြစ်ပါတယ် ။

ငှက်မ တစ်ကောင်ကို သတ်မိလိုက်ရင် အသိုက်မှာရှိတဲ့ ငှက်ကလေးတွေဟာ ပြန်မလာနိုင်တော့တဲ့ အမေဖြစ်သူ ငှက်မကြီးကို စောင့်မျှော်ရင်း အစာငတ်ပြီး သေဆုံး သွားကြရတဲ့ ဖြစ်ရပ်ကို တွေးကြည့်တာနဲ့ ရင်နင့်စရာ ကောင်းပါတယ် ။

ထို့အတူ ငါးမျိုး အများစုဟာလည်း တပေါင်းလမှာ သူတို့ရဲ့ ဝမ်းဗိုက်အတွင်းမှာ ငါးဥပေါင်း သိန်းသန်းချီပြီး လွယ်ထားကြရတဲ့အချိန် ဖြစ်ပါတယ် ။ ဒါ့ကြောင့် တစ်ပေါင်းလမှာ ငါးများကို သတ်ဖြတ် စားသုံးခြင်းကို ရှောင်ကျဉ်လိုက်ခြင်းဖြင့် နောက်ပေါက်လာမယ့် သိန်းပေါင်းများစွာသော ငါးကလေးများကို ကယ်တင်ရာ ရောက်ပါတယ် ။

ပရိသတ်ကြီးအားလုံး ဒီပို့လေးကို တွေ့မြင်သူတိုင်းက ဗဟုသုတ အနေနဲ့ရော သတ္တဝါလေးများရဲ့ အသက်ပေါင်း များစွာကို ကယ်တင်ခြင်း အနေနဲ့ပါ ရှယ်ယာလုပ်ပြီး မျှဝေပေးစေချင်ပါတယ် ။

မျှဝေပေးသွားသူ အားလုံးနဲ့အတူ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိသားစုများနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

CRD ; ApannPyay