သြြားကုိက္ေဝဒနာရွင္ေတြအတြက္ တကယ္ထိေရာက္တဲ့ အိမ္တြင္းျဖစ္ သဘာဝေဆးနည္း

0
175

For Zawgyi

သြားကုိက္ေဝဒနာရွင္ေတြအတြက္ တကယ္ထိေရာက္တဲ့ အိမ္တြင္းျဖစ္ သဘာဝေဆးနည္း

သြားကိုက္ ေဝဒနာဆုိရင္ ေယာက်္ားေတြေတာင္ ၾကံ့ၾကံ့ မခံႏုိင္ပါဘူး ။ သြားကိုက္ရတဲ့အေၾကာင္းရင္းကို အပထား ၊ အျမန္ဆုံး ေပ်ာက္ကင္းေစမယ့္ နည္းလမ္းရွာဖုိ႔က အေရးၾကီးဆုံးအခ်က္ ျဖစ္ပါတယ္ ။ လူအမ်ားစုဟာ အကုိက္အခဲေပ်ာက္ေဆး မွီခုိ အားထားၾကေပမယ့္ အကိုက္အခဲေပ်ာက္ေဆး သိပ္မ်ားလြန္းတာက တကယ္ေတာ့ ကုိယ္ခံအား ထိခုိက္ေစႏုိင္ပါတယ္ ။ ဒါေၾကာင့္ ေဘးထြက္ဆုိးက်ဳိး လုံးဝမရိွတဲ့ သဘာဝ အကိုက္အခဲေပ်ာက္ေဆးနည္းေတြကို ညြန္းေပးလုိက္ပါတယ္ ။

၁။ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ

ပဋိဇီဝအျဖစ္ အသုံးျပဳႏုိင္ျခင္းေၾကာင့္ ၾကက္သြန္နီကို သြားကိုက္ေဝဒနာကုသရာမွာ အသုံးျပဳ အၾကံ ျပဳထားပါတယ္ ။ နာက်င္ကုိက္ခဲမႈ ေလ်ာ့နည္းသက္သာေအာင္ ၾကက္သြန္ျဖဴ ၁မႊာ ၊ ၂မႊာ ကိုက္ပါ ဒါမွမဟုတ္ ၾကက္သြန္ျဖဴမႈန္႔ အနည္းငယ္နဲ႔ ဆားေရာစပ္ျပီး ကိုက္ခဲတဲ့သြားေပၚ လိမ္းေပးပါ ။ ေဝဒနာ ေပ်ာက္ကင္းေစဖုိ႔ အာမခံပါတယ္ ။

၂။ ပူစီနံတီး

ပူစီနံတီးက ခံတြင္းအတြက္သာ ေကာင္းတာမဟုတ္ဘဲ သြားကိုက္ေဝဒနာပါ သက္သာေစပါတယ္ ။ ေရေႏြးခြက္ထဲ ပူစီနံရြက္ေျခာက္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းထည့္ျပီး မိနစ္ ၂၀ စိမ္ပါ ။ ေအးတဲ့အခါ ပလုတ္က်င္းျပီး ျပန္ေထြးထုတ္ရပါမယ္ ။ အဲဒီတုိင္း ထပ္ခါထပ္ခါ ျပန္လုပ္ႏုိင္ပါတယ္ ။

၃။ ၾကက္သြန္နီ

သြားကိုက္ေဝဒနာ ခံစားေနရသူေတြအတြက္ ၾကက္သြန္နီဝါးေပးျခင္းက အေထာက္အကူ ျဖစ္ေစႏုိင္ပါတယ္ ။ ၾကက္သြန္နီကို နာက်င္ကုိက္ခဲမႈ သက္သာေစႏုိင္တဲ့ ပိုးသတ္ေဆး အစြမ္းသတိၱေတြေၾကာင့္ လူသိ မ်ားပါတယ္ ။ တစ္ခ်ိန္တည္းမွာ ေရာင္ရမ္းမႈနဲ႔ ေရာဂါ ကူးစက္မႈ ေလ်ာ့နည္းေစပါတယ္ ။ သြားကိုက္ေဝဒနာ ခံစားရပါက ခ်က္ခ်င္း ၾကက္သြန္နီ ကုိက္ေပးပါ ။ သြားေပၚ အခ်ပ္လုိက္လွီးထားတဲ့ ၾကက္သြန္နီ ကပ္ေပးႏုိင္ပါတယ္ ။

၄။ ေလးညွင္းပြင့္ဆီ

သြားေတြ တဒုတ္ဒုတ္ ကုိက္ခဲေနပါက နည္းလမ္းတစ္ခုက သြားေပၚ ေလးညွင္းပြင့္ဆီေတြ လိမ္းေပးဖုိ႔ပါပဲ ။ ေလးညွင္းပြင့္ဆီမွာ ဘက္တီးရီးယား ပိုေသေစႏုိင္တဲ့ သတၱိေတြ ပါဝင္ျပီး အကိုက္အခဲ ေပ်ာက္ကင္းေစတဲ့ အစြမ္းသတၱိအတြက္ လူသိ မ်ားပါတယ္ ။ စစလိမ္းခ်င္းမွာ နာက်င္ေပမယ့္ ေနာက္ပုိင္းမွာ သက္သာေစပါတယ္ ။

၅။ ဆားေရေႏြးေႏြး

ေရေႏြးတစ္ခြက္ထဲ ဆား (၁) ဇြန္း ခပ္ထည့္ ၊ ေသခ်ာေမႊေပးျပီး အဲဒီအရည္နဲ႔ ပလုတ္က်င္းေပးရုံေလးသာ ျဖစ္ပါတယ္ ။ သြားဖုံးေရာင္၊ သြားကိုက္ေဝဒနာေတြ ေလ်ာ့နည္းသက္သာေစႏုိင္ပါတယ္ ။

Credit : Trend Myanmar

For Unicode

သွားကိုက်ဝေဒနာရှင်တွေအတွက် တကယ်ထိရောက်တဲ့ အိမ်တွင်းဖြစ် သဘာဝဆေးနည်း

သွားကိုက် ဝေဒနာဆိုရင် ယောကျ်ားတွေတောင် ကြံ့ကြံ့ မခံနိုင်ပါဘူး ။ သွားကိုက်ရတဲ့အကြောင်းရင်းကို အပထား ၊ အမြန်ဆုံး ပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံးအချက် ဖြစ်ပါတယ် ။ လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခို အားထားကြပေမယ့် အကိုက်အခဲပျောက်ဆေး သိပ်များလွန်းတာက တကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ် ။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ် ။

၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ

ပဋိဇီဝအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကို သွားကိုက်ဝေဒနာကုသရာမှာ အသုံးပြု အကြံ ပြုထားပါတယ် ။ နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာအောင် ကြက်သွန်ဖြူ ၁မွှာ ၊ ၂မွှာ ကိုက်ပါ ဒါမှမဟုတ် ကြက်သွန်ဖြူမှုန့် အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ ။ ဝေဒနာ ပျောက်ကင်းစေဖို့ အာမခံပါတယ် ။

၂။ ပူစီနံတီး

ပူစီနံတီးက ခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲ သွားကိုက်ဝေဒနာပါ သက်သာစေပါတယ် ။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီး မိနစ် ၂၀ စိမ်ပါ ။ အေးတဲ့အခါ ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ရပါမယ် ။ အဲဒီတိုင်း ထပ်ခါထပ်ခါ ပြန်လုပ်နိုင်ပါတယ် ။

၃။ ကြက်သွန်နီ

သွားကိုက်ဝေဒနာ ခံစားနေရသူတွေအတွက် ကြက်သွန်နီဝါးပေးခြင်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ် ။ ကြက်သွန်နီကို နာကျင်ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ပိုးသတ်ဆေး အစွမ်းသတ္တိတွေကြောင့် လူသိ များပါတယ် ။ တစ်ချိန်တည်းမှာ ရောင်ရမ်းမှုနဲ့ ရောဂါ ကူးစက်မှု လျော့နည်းစေပါတယ် ။ သွားကိုက်ဝေဒနာ ခံစားရပါက ချက်ချင်း ကြက်သွန်နီ ကိုက်ပေးပါ ။ သွားပေါ် အချပ်လိုက်လှီးထားတဲ့ ကြက်သွန်နီ ကပ်ပေးနိုင်ပါတယ် ။

၄။ လေးညှင်းပွင့်ဆီ

သွားတွေ တဒုတ်ဒုတ် ကိုက်ခဲနေပါက နည်းလမ်းတစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီတွေ လိမ်းပေးဖို့ပါပဲ ။ လေးညှင်းပွင့်ဆီမှာ ဘက်တီးရီးယား ပိုသေစေနိုင်တဲ့ သတ္တိတွေ ပါဝင်ပြီး အကိုက်အခဲ ပျောက်ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိ များပါတယ် ။ စစလိမ်းချင်းမှာ နာကျင်ပေမယ့် နောက်ပိုင်းမှာ သက်သာစေပါတယ် ။

၅။ ဆားရေနွေးနွေး

ရေနွေးတစ်ခွက်ထဲ ဆား (၁) ဇွန်း ခပ်ထည့် ၊ သေချာမွှေပေးပြီး အဲဒီအရည်နဲ့ ပလုတ်ကျင်းပေးရုံလေးသာ ဖြစ်ပါတယ် ။ သွားဖုံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ် ။

Credit : Trend Myanmar