
0
178

For Zawgyi





ရုပ်သံကြည့်ရှု့ရန်


For Unicode

အူတက်အောင်ရယ်နေရတဲ့ ကကွက်တွေနဲ့ အားရပါးတရ ကခုန်နေကြတဲ့ ရွှေထူးနဲ့ဂျိုကာတို့ရဲ့ အကဗီဒီယို

အဆိုတော် ၊ သရုပ်ဆောင် ရွှေထူးကတော့ စွဲမက်ဖွယ်ကောင်းတဲ့ အသံပိုင်ရှင် တစ်ဦးဖြစ်ပြီး ချောမောပြေပြစ်တဲ့ ရုပ်ရည်နဲ့ ယောက်ျား ပီသသူလည်း ဖြစ်ပါတယ် ။ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီး သီဆိုလေ့ရှိတဲ့ ရွှေထူးက တေးသီချင် းများစွာနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိ ထားပါတယ် ။ လူငယ်ပီပီ ပျော်ပျော်နေတတ်ပြီး ဟာသတွေလုပ်တတ်တဲ့ ရွှေထူးက ဂျိုကာနဲ့ပေါင်းပြီး အားရပါးရ ကခုန်နေတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေထားပါတယ် ။

” ခရီးသွားအမှတ်တရ Dubsmashလေး ဟေဟေး ” ဆိုပြီး တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာတော့ ရွှေထူး ၊ ဂျိုကာ ၊ oasix ၊ Y Zet နဲ့ အခြားသူငယ်တွေက အုပ်စုလိုက်ကြီး ပျော်ပျော် ကခုန်နေကြတာ တွေ့ရပါတယ် ။ မြူးကြွကြွ တီးလုံးသံအောက်မှာ အခွီတလိုင်း ကကွက်ဆန်းတွေနဲ့ အားရပါးရ ဒွန့်နေကြတဲ့ ရွှေထူးတို့ အဖွဲ့လေးကတော့ ပရိသတ်တွေကိုပါ ပျော်ရွှင် ရယ်မောစေခဲ့ပါတယ် ။ ဒီဗီဒီယိုလေးကိုတော့ သူတို့အဖွဲ့ ခရီးသွားတုန်းက အမှတ်တရ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ရွှေထူးက သူတို့အဖွဲ့ရဲ့ အမှတ်တရ အကဗီဒီယိုလေးကို သတိရတဲ့ အနေနဲ့ ပရိသတ်တွေလည်း ပျော်ရွှင်ရအောင် ပြန်လည် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ် ။ အူတက်အောင်ပါ ရယ်နေရတဲ့ ရွှေထူးတို့အဖွဲ့ရဲ့ ဗီဒီယိုလေးကတော့ တကယ့်ကို ကကွက်ဆန်းတွေနဲ့ အခွီပုံစံ ရိုက်ကူးထားကြတာ တွေ့ရပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သီချင်းနဲ့ အပီအပြင် ကခုန်နေကြတဲ့ ရွှေထူးနဲ့ ဂျိုကာတို့အဖွဲ့ရဲ့ အကဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ။

ရုပ်သံကြည့်ရှု့ရန်

Source:Wai Yan Tun Min;phoo, Myanmarload