
0
101

For Zawgyi






For Unicode

ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေကို ခြေတုတွေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနပညာ လောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ခိုင်နှင်းဝေကတော့ ပရဟိတ အလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ် ။ ခိုင်နှင်းဝေဟာ ချစ်စရာကောင်းတဲ့ သားသမီး ၅ ယောက်ကို မွေးစားလိုက်ပါတယ် ။

ယနေ့လေးကတော့ ခိုင်နှင်းဝေရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး မွေးနေ့လေးမှာ ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာ လှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများ လှူဒါန်းပေးခဲ့ပါတယ် ။ ခိုင်နှင်းဝေကတော့ ”ယနေ့အတွက် တတိယအကြိမ်မြောက် မွေးနေ့အလှူအဖြစ် မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးပြီး လှူဒါန်းခဲ့ပါတယ်ရှင် ။

ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေလူကောင်းတယောက်လို သွားလာ လှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါတယ် ။ ကျွန်မတို့ လှူဒါန်းရာတွင် ခြေထောက် နှစ်ချောင်းပြတ် လူနာအားလှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်ပြီး အဆက်သွယ် မရသဖြင့် ခြေထောက်တချောင်းပြတ် မသန်စွမ်းများကိုသာ ဒီနေ့ လှူဒါန်းဖြစ်ခဲ့ပါတယ် ။ ထို့အပြင် ဈေးဗန်းခေါင်းရွက်အသည်များအား အရိပ်ရစေရန် ထီးနှင့် အမောပြေ အအေးများ လည်း ဈေးထဲသို့ လိုက်လံလှူဒါန်းခဲ့ပါတယ်ရှင် ကျွန်မ မွေးနေ့အလှူသည် ခုနှစ်ရက်သားသမီးများ အားလုံး၏ အလှူဖြစ်သဖြင့် ဝမ်းမြောက်စွာ သာဓု ခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အလှူပုံရိပ်များ Post တင်ပေးလိုက်ရပါတယ်ရှင်”ဆိုပြီး ရေးသားထားပါတယ် ။

S0URCE: ခိုင်နှင်းဝေ,CRD-Myanmarload