“ေ႐ႊမႈန္ရတီကို ခ်စ္မိသြားတာ အျပစ္ဆိုရင္ လည္းခြင့္လႊတ္ပါ 🙏” ဆိုၿပီး အမွတ္တရပံုေလးေတြနဲ႕တင္လိုက္တဲ့ ေရႊထူ

0
454

For Zawgyi

“ေ႐ႊမႈန္ရတီကို ခ်စ္မိသြားတာ အျပစ္ဆိုရင္ လည္းခြင့္လႊတ္ပါ 🙏” ဆိုၿပီး အမွတ္တရပံုေလးေတြနဲ႕တင္လိုက္တဲ့ ေရႊထူး

ေ႐ႊမႈန္ရတီကို ခ်စ္မိသြားတဲ့ အေၾကာင္းေတြကို ေ႐ႊထူးက အခုလို ေျပာျပထားပါတယ္ ။ ေ႐ႊမႈန္ရတီကလည္း ခင္ပြန္းျဖစ္တဲ့ ေ႐ႊထူးကို အရမ္းခ်စ္တဲ့ အိမ္ေထာင္ရွင္မေလးပါ ။ ေ႐ႊထူးက ဇနီးေခ်ာေလး ေ႐ႊမႈံရတီကို ခ်စ္မိသြားတဲ့ အမွတ္တရေတြ ေျပာျပ လာပါတယ္ ။ သူတို႔ရဲ႕ အိမ္ေထာင္ သက္တမ္းဟာ ၄ လေက်ာ္ခဲ့ၿပီး ျဖစ္ပါတယ္ ။

‘’ခ်စ္မိသြားတယ္ ။ အျပစ္ဆိုလည္း ခြင့္လႊတ္ပါ ’’ ဆိုၿပီးေတာ့ မတ္လ ၁၄ ရက္ေန႕ ေန႕လယ္ ၁ နာရီ ၁၀ မိနစ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္ ။ အဲဒီေနာက္ ခ်စ္ဇနီးေလးနဲ႕ ခ်စ္သူသက္တမ္း အမွတ္တရ ဓာတ္ပုံေလးေတြကိုလည္း တင္ခဲ့ပါေသးတယ္ ။ ေ႐ႊထူး နဲ႕ ႐ႊႊေမႈံကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ အားက်မဆုံးေအာင္ ျဖစ္ေနၾကတာကို Comment ကေနတဆင့္ ေတြ႕နိုင္ပါတယ္ ။

ေ႐ႊထူးနဲ႕ ေ႐ႊမႈံရတီတို႔ ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္သက္တမ္းကေတာ့ ၄ လ ရွိၿပီးျဖစ္ပါတယ္ ။ တစ္ေယာက္နဲ႕တစ္ေယာက္ ပိုၿပီး ခ်စ္လာၾကတာကိုလည္း ေတြ႕ျမင္ရမွာပါ ။ ဒီလို အိမ္ေထာင္ေရး ဘဝကို ပိုင္ဆိုင္ထားတဲ့အတြက္ ေက်နပ္တယ္လို႔ ေ႐ႊမႈံရတီက ဆိုပါတယ္ ။

‘’ခ်စ္တယ္ ေယာက်ာ္းရယ္ ။ ဘာလိုလိုနဲ႕ မဂၤလာသက္တမ္း ၄ လ ရွိၿပီေနာ္ ။ ၄ ႏွစ္ လိုပါပဲ နားလည္မႈေတြ ပိုရွိလာတာ ၊ ခ်စ္လာတာေတြက နစ္ေယာက္ တစ္ဘဝကို ေပ်ာ္႐ႊင္ေက်နပ္မိပါတယ္ ။ ဒီဘဝက ဘုရားေပးတဲ့ ဆုတစ္ခုလိုပါပဲ’’ လို႔ မတ္လ ၁၁ ရက္ေန႕ ည ၁၀ နာရီေက်ာ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္ ။

ေ႐ႊထူး Htoo Khant နဲ႕ ေ႐ႊမႈန္ရတီ Shwe Mhone Yati တို႔ ဟာ ေအာက္တိုဘာ ၃၀ ရက္ေန႕ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး နိုဝင္ဘာ(၉) ရက္ေန႕မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး အလႉ ျပဳလုပ္ခဲ့ပါတယ္ ။ အဲဒီေနာက္ မဂၤလာ ညစာစားပြဲကိုေတာ့ နိုဝင္ဘာလ ၁၁ ရက္ေန႕က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ ဟိုတယ္ မွာ က်င္းပ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

ေ႐ႊထူးဟာ ဂီတအပိုင္းမွာေတာ့ ပရိသတ္ အခိုင္အမာ ရရွိ ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္ ။ ေ႐ႊမႈံရတီကလည္း သ႐ုပ္ေဆာင္ဘက္မွာ ပရိသတ္ အခိုင္အမာ ရရွိထားသူ ျဖစ္ပါတယ္ ။သူတို႔ ႏွစ္ေယာက္စလုံးဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ကေနစၿပီး အႏုပညာ အလုပ္ေတြကို ျပန္လည္ လုပ္ကိုင္ေနပါၿပီ ။ ေ႐ႊထူးကလည္း လက္ရွိမွာ တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ အတြက္ ျပင္ဆင္ေနတာျဖစ္သလို ေ႐ႊမႈန္ရတီကလည္း ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြ ရိုက္ကူးေနရသူပါ ။

Credit-Cele Yatkwat

For Unicode

“ရွှေမှုန်ရတီကို ချစ်မိသွားတာ အပြစ်ဆိုရင် လည်းခွင့်လွှတ်ပါ 🙏” ဆိုပြီး အမှတ်တရပုံလေးတွေနဲ့တင်လိုက်တဲ့ ရွှေထူး

ရွှေမှုန်ရတီကို ချစ်မိသွားတဲ့ အကြောင်းတွေကို ရွှေထူးက အခုလို ပြောပြထားပါတယ် ။ ရွှေမှုန်ရတီကလည်း ခင်ပွန်းဖြစ်တဲ့ ရွှေထူးကို အရမ်းချစ်တဲ့ အိမ်ထောင်ရှင်မလေးပါ ။ ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီကို ချစ်မိသွားတဲ့ အမှတ်တရတွေ ပြောပြ လာပါတယ် ။ သူတို့ရဲ့ အိမ်ထောင် သက်တမ်းဟာ ၄ လကျော်ခဲ့ပြီး ဖြစ်ပါတယ် ။

‘’ချစ်မိသွားတယ် ။ အပြစ်ဆိုလည်း ခွင့်လွှတ်ပါ ’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ် ။ အဲဒီနောက် ချစ်ဇနီးလေးနဲ့ ချစ်သူသက်တမ်း အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ် ။ ရွှေထူး နဲ့ ရွှွှမှေုံကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အားကျမဆုံးအောင် ဖြစ်နေကြတာကို Comment ကနေတဆင့် တွေ့နိုင်ပါတယ် ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၄ လ ရှိပြီးဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်လာကြတာကိုလည်း တွေ့မြင်ရမှာပါ ။ ဒီလို အိမ်ထောင်ရေး ဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် ကျေနပ်တယ်လို့ ရွှေမှုံရတီက ဆိုပါတယ် ။

‘’ချစ်တယ် ယောကျာ်းရယ် ။ ဘာလိုလိုနဲ့ မင်္ဂလာသက်တမ်း ၄ လ ရှိပြီနော် ။ ၄ နှစ် လိုပါပဲ နားလည်မှုတွေ ပိုရှိလာတာ ၊ ချစ်လာတာတွေက နစ်ယောက် တစ်ဘဝကို ပျော်ရွှင်ကျေနပ်မိပါတယ် ။ ဒီဘဝက ဘုရားပေးတဲ့ ဆုတစ်ခုလိုပါပဲ’’ လို့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ် ။

ရွှေထူး Htoo Khant နဲ့ ရွှေမှုန်ရတီ Shwe Mhone Yati တို့ ဟာ အောက်တိုဘာ ၃၀ ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူ ပြုလုပ်ခဲ့ပါတယ် ။ အဲဒီနောက် မင်္ဂလာ ညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ် ဟိုတယ် မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ် အခိုင်အမာ ရရှိ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ် အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ် ။သူတို့ နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပါပြီ ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ ။

Credit-Cele Yatkwat