ေက်ာင္းေခါင္မိုးေပၚက ခုန္ခ်သတ္ေသဖို႔ ႀကိဳးစားတဲ့ အသဲကြဲေနတဲ့ အသက္ ၁၃ ႏွစ္အရြယ္ ေက်ာင္းသားေလး

0
374

Zawgyi

ေက်ာင္းေခါင္မိုးေပၚက ခုန္ခ်သတ္ေသဖို႔ ႀကိဳးစားတဲ့ အသဲကြဲေနတဲ့ အသက္ ၁၃ ႏွစ္အရြယ္ ေက်ာင္းသားေလး

အသက္ ၁၃ ႏွစ္ အရြယ္ အလယ္တန္း ေက်ာင္းသား တဦးဟာ သူေႂကြေနတဲ့ ေကာင္မေလးက သူ႔ရဲ့ အခင္ဆုံး သူငယ္ခ်င္းကို ခ်စ္ေနတာေၾကာင့္ အသည္းကြဲၿပီးေနာက္ ေသတမ္းစာ ေရးသားကာ ေက်ာင္းေခါင္မိုးေပၚ တက္ၿပီး သတ္ေသရန္ ႀကံစည္ အားထုတ္မႈ မတ္လ ၁၂ ရက္ေန႔က ျဖစ္ပြားခဲ့ ပါတယ္။

မေလးရွားႏိုင္ငံ ဆီလန္ေဂါျပည္နယ္ ဘန္တင္းၿမိဳ႕က ေက်ာင္းမွာ ေန႔လည္ ၁ နာရီ အခ်ိန္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ ေဒသတြင္းသတင္းမွာ ေဖာ္ျပခ်က္ အရ အသက္ ၁၃ ႏွစ္ အရြယ္ Form 1 ေက်ာင္းသားဟာ ေကာင္မေလးကို အရင္က ခ်စ္ေရးဆို ခဲ့ၿပီး၊ မိန္းကေလးက သူမွာ ခ်စ္ရတဲ့သူ ရွိတယ္လို႔ ျငင္းပယ္တာ ခံခဲ့ရပါတယ္ ။ အဲဒီေနာက္ မိန္းကေလးရဲ့ ခ်စ္သူဟာ သူ႔ရဲ့အခင္ဆုံး သူငယ္ခ်င္းျဖစ္ေနတာကို သိသြားၿပီး အသည္းကြဲကာ သတ္ေသရန္ ႀကံစည္ခဲ့တာ ျဖစ္ပါတယ္။

“ က်ေနာ္ ကိုယ့္ကိုယ္ကို သတ္ေသ ခ်င္တယ္၊ အခင္ဆုံး သူငယ္ခ်င္းနဲ႔လည္း ရန္ျဖစ္ထားတယ္။ က်ေနာ္ ခ်စ္ေနတဲ့ ေကာင္မေလးက သူ႔နဲ႔ တြဲေနတယ္တဲ့၊ က်ေနာ္ အရမ္း နာက်င္ ခံစားရတယ္၊ ဒီကိစၥကို အျခားသူငယ္ခ်င္း တစ္ေယာက္ ႏွစ္ေယာက္ကို ရင္ဖြင့္ဖူးတယ္။ သူတို႔က က်ေနာ္ကို သတ္မေသဖို႔တားၾကတယ္ ဒါေပမယ့္ က်ေနာ္ လုံးဝ မခံစားႏိုင္ေတာ့ဘူး ဒါေၾကာင့္ ကိုယ့္ဟာကိုယ္ သတ္ေသဖို႔ ေရြးခ်ယ္ခဲ့ တာပါ” လို႔ ေသတမ္းစာ အေနနဲ႔ ေရးသားထားခဲ့ ပါတယ္။

“သူတစ္ကယ္သတ္ေသဖို႔ လုပ္ေနတာပါ။ ကံေကာင္းပါတယ္၊ မီးသတ္အဖြဲ႕ကတစ္ေယာက္က သူ႔ကို နားဝင္ေအာင္ ေခ်ာ့ေမာ့နိုင္ခဲ့လို႔ ေအာက္ကို ျပန္ေခၚလာနိုင္ခဲ့တယ္” လို႔ ျပည္နယ္ရဲမွူး Azizan Tukiman က ေျပာၾကားခဲ့ ပါတယ္ ။

သူဟာ ေက်ာင္မွာ အျမဲတမ္း ေအးေအး ေဆးေဆး ေနတတ္သူ ျဖစ္ၿပီး အမ်ားအားျဖင့္ ဝမ္းနည္းေနတဲ့ ပုံစံ ရွိတယ္လို႔ ဆိုပါတယ္ ။ ဒါေၾကာင့္လည္း စိတ္က်ၿပီး သူ႔ကိုယ္သူ အဆုံး စီရင္ဖို႔ထိ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ သူ႔ကို ျပန္လည္ ကယ္တင္စဥ္ လက္မွာ ဒဏ္ရာ အနည္းငယ္ ရခဲ့တာေၾကာင့္ ေဆး႐ုံမွာ ကုသေပးထားေၾကာင္း သတင္းရရွိပါတယ္ ။

crd – popolay

Unicode

ကျောင်းခေါင်မိုးပေါ်က ခုန်ချသတ်သေဖို့ ကြိုးစားတဲ့ အသဲကွဲနေတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး

အသက် ၁၃ နှစ် အရွယ် အလယ်တန်း ကျောင်းသား တဦးဟာ သူကြွေနေတဲ့ ကောင်မလေးက သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းကို ချစ်နေတာကြောင့် အသည်းကွဲပြီးနောက် သေတမ်းစာ ရေးသားကာ ကျောင်းခေါင်မိုးပေါ် တက်ပြီး သတ်သေရန် ကြံစည် အားထုတ်မှု မတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ ပါတယ်။

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဘန်တင်းမြို့က ကျောင်းမှာ နေ့လည် ၁ နာရီ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ ဒေသတွင်းသတင်းမှာ ဖော်ပြချက် အရ အသက် ၁၃ နှစ် အရွယ် Form 1 ကျောင်းသားဟာ ကောင်မလေးကို အရင်က ချစ်ရေးဆို ခဲ့ပြီး၊ မိန်းကလေးက သူမှာ ချစ်ရတဲ့သူ ရှိတယ်လို့ ငြင်းပယ်တာ ခံခဲ့ရပါတယ် ။ အဲဒီနောက် မိန်းကလေးရဲ့ ချစ်သူဟာ သူ့ရဲ့အခင်ဆုံး သူငယ်ချင်းဖြစ်နေတာကို သိသွားပြီး အသည်းကွဲကာ သတ်သေရန် ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

“ ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ချင်တယ်၊ အခင်ဆုံး သူငယ်ချင်းနဲ့လည်း ရန်ဖြစ်ထားတယ်။ ကျနော် ချစ်နေတဲ့ ကောင်မလေးက သူ့နဲ့ တွဲနေတယ်တဲ့၊ ကျနော် အရမ်း နာကျင် ခံစားရတယ်၊ ဒီကိစ္စကို အခြားသူငယ်ချင်း တစ်ယောက် နှစ်ယောက်ကို ရင်ဖွင့်ဖူးတယ်။ သူတို့က ကျနော်ကို သတ်မသေဖို့တားကြတယ် ဒါပေမယ့် ကျနော် လုံးဝ မခံစားနိုင်တော့ဘူး ဒါကြောင့် ကိုယ့်ဟာကိုယ် သတ်သေဖို့ ရွေးချယ်ခဲ့ တာပါ” လို့ သေတမ်းစာ အနေနဲ့ ရေးသားထားခဲ့ ပါတယ်။

“သူတစ်ကယ်သတ်သေဖို့ လုပ်နေတာပါ။ ကံကောင်းပါတယ်၊ မီးသတ်အဖွဲ့ကတစ်ယောက်က သူ့ကို နားဝင်အောင် ချော့မော့နိုင်ခဲ့လို့ အောက်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်” လို့ ပြည်နယ်ရဲမှူး Azizan Tukiman က ပြောကြားခဲ့ ပါတယ် ။

သူဟာ ကျောင်မှာ အမြဲတမ်း အေးအေး ဆေးဆေး နေတတ်သူ ဖြစ်ပြီး အများအားဖြင့် ဝမ်းနည်းနေတဲ့ ပုံစံ ရှိတယ်လို့ ဆိုပါတယ် ။ ဒါကြောင့်လည်း စိတ်ကျပြီး သူ့ကိုယ်သူ အဆုံး စီရင်ဖို့ထိ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ပြန်လည် ကယ်တင်စဉ် လက်မှာ ဒဏ်ရာ အနည်းငယ် ရခဲ့တာကြောင့် ဆေးရုံမှာ ကုသပေးထားကြောင်း သတင်းရရှိပါတယ် ။

crd – popolay