မိဘကိုကျေးဇူးဆပ်ချင်လို့ သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ယူနေတဲ့ ဟဲဗီးဖြိုး ၊ ဦးသောမ ရုပ်သံ

0
396

For Zawgyi

မိဘကိုကျေးဇူးဆပ်ချင်လို့ သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ယူနေတဲ့ ဟဲဗီးဖြိုး ၊ ဦးသောမ ရုပ်သံ




Video ကြည့်ရန်


For Unicode

မိဘကိုကျေးဇူးဆပ်ချင်သောကြောင့် သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ယူနေတဲ့ ဟဲဗီးဖြိုး ၊ ဦးသောမ ရုပ်သံ

အနုပညာလောကသား တော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးပြီး သံယောဇဉ် ရှိကြပါတယ် ။ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင် အဖြစ်နဲ့ ပရိသတ်တွေ ချစ်ခင် အားပေးခဲ့ရတဲ့ ဟဲဗီးဖြိုးတစ်ယောက် နောက်ပိုင်း ဇာတ်ကားတွေမှာ သိပ်မတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ အဆက်ပြတ်သလို ဖြစ်နေတာပဲ ဖြစ်ပါတယ် ။

” ကျွန်မက နှင်းဆီပါမောင် ” ဇာတ်ကားမှာ ယွန်းယွန်းနဲ့ အတူတူ သရုပ်ဆောင်ပြီး နောက် ပိုင်း ဇာတ်လမ်းတွဲ တစ်ချို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ် ။ ဒီနောက်မှာတော့ သိပ်မ တွေ့ရတော့ပဲ ပရိသတ်တွေရှေ့က အချိန်တစ်ခုထိ အနည်းငယ် ပျောက်နေတာပဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်လည်း ကောင်း ပရိသတ်တွေကလည်း ချစ်ခင် အားပေးတဲ့ အရည်အချင်းပြည့်ဝ တဲ့ အနုပညာရှင် ဖြစ်တာမို့ အားလုံးကလည်း ပိတ်ကားပေါ် ပြန်လည် ရောက်ရှိလာမယ့် ဟဲဗီးဖြိုးရဲ့ ရွှေရောင် နေ့ရက်တွေကို ပြန်လည် မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ် ။

လတ်တလောမှာတော် ဟဲဗီးဖြိုးဟာ သာသနာ့ဘောင်ကို ဝင်ရောက် နေတာပဲ ဖြစ်ပါတယ် ။ သရုပ်ဆောင် ဟဲဗီးဖြိုးက “မိဘကို ကျေးဇူးဆပ်ချင်တာရယ် ၊ လူ့ဘောင်လောကမှာ ပျော်မွေ့ခဲ့တဲ့ မကောင်းတာတွေ အကုန်လုံးကို စွန့်လွှတ်ချင်တာရယ်ကြောင့် ဦးပဉ္စင်းဝတ်ဖြစ်ခဲ့တာပါ ” လို့ ပြောလာခဲ့ပါတယ် ။ သာသနာ့ဘောင်သို့ ဝင်ရောက် ကုသိုလ်ယူနေတဲ့ ဦးပဉ္စင်း ဦးသောမ(ဟဲဗီးဖြိုး) ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Video Source : Myanmar Celebrity